
မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့် ဂါနာချိုဟာ ကမ္ဘာ့ဖလား
ချန်ပီယံ အာဂျင်တီးနားအသင်းမှာ ရွေးချယ်ခံခဲ့ရပြီး လာမယ့်ခြေစမ်းပွဲတွေ
ကျရင် စီနီယာအသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရဖို့ရှိနေပါပြီ။
အသက်(၁၈)နှစ်သာရှိသေးတဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုဟာ
ဒီရာသီ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှာ ပုံမှန်ကစားခွင့်တစ်နေရာ
ရရှိနေပြီး ဗုဒ္ဓဟူးနေ့က ဝက်စ်ဟမ်းကို (၃-၁)ဂိုးနဲ့အနိုင်ရတဲ့ FA ဖလားပွဲမှာ
အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အတွက် ဂါနာချိုက (၂၇)ပွဲကစား၊ (၄)ဂိုးသွင်းယူ
ထားပြီး ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဂါနာချိုဟာ မက်ဒရစ်မြို့မှာ
မွေးဖွားခဲ့ပြီး မိခင်ဖြစ်သူက အာဂျင်တီးနားလူမျိုးဖြစ်တာကြောင့် စပိန်နဲ့
အာဂျင်တီးနားလက်ရွေးစင်နှစ်သင်းထဲက တစ်သင်းအတွက် ကိုယ်စားပြု
ကစားခွင့်ရှိပါတယ်။
ဂါနာချိုဟာ အာဂျင်တီးနား ယူ-၂၀ အသင်းမှာ (၅)ပွဲကစား၊ (၄)ဂိုးသွင်းယူခဲ့ပြီး
ပြီးခဲ့တဲ့နှစ်၊ မတ်လတုန်းက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အာဂျင်တီးနား
စီနီယာအသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ပါဝင်ကစားခွင့် မရခဲ့ပါဘူး။
အာဂျင်တီးနားအသင်းဟာ အခုမတ်လ (၂၃)ရက်၊ (၂၈)ရက်တွေကျရင် ပနားမား၊
ကူရာကာအိုအသင်းတို့နဲ့ ခြေစမ်းပွဲတွေကစားသွားမှာဖြစ်ပြီး အဲဒီပွဲတွေအတွက်
နည်းပြစကာလိုနီဟာ ကစားသမား(၃၅)ဦးရွေးချယ်ထားသလို ဂါနာချိုကိုလည်း
အဲဒီလူစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳဟာ ကမာၻ႔ဖလား
ခ်န္ပီယံ အာဂ်င္တီးနားအသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး လာမယ့္ေျခစမ္းပြဲေတြ
က်ရင္ စီနီယာအသင္းအတြက္ ပြဲဦးထြက္ကစားခြင့္ရဖို႔ရွိေနပါၿပီ။
အသက္(၁၈)ႏွစ္သာရွိေသးတဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဂါနာခ်ိဳဟာ
ဒီရာသီ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွာ ပုံမွန္ကစားခြင့္တစ္ေနရာ
ရရွိေနၿပီး ဗုဒၶဟူးေန႔က ဝက္စ္ဟမ္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရတဲ့ FA ဖလားပြဲမွာ
အသင္းအတြက္ အေရးပါတဲ့ ဦးေဆာင္ဂိုး သြင္းယူခဲ့ပါတယ္။
ဒီရာသီမွာ ယူႏိုက္တက္အတြက္ ဂါနာခ်ိဳက (၂၇)ပြဲကစား၊ (၄)ဂိုးသြင္းယူ
ထားၿပီး ဂိုးဖန္တီးမႈ(၅)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ ဂါနာခ်ိဳဟာ မက္ဒရစ္ၿမိဳ႕မွာ
ေမြးဖြားခဲ့ၿပီး မိခင္ျဖစ္သူက အာဂ်င္တီးနားလူမ်ိဳးျဖစ္တာေၾကာင့္ စပိန္နဲ႔
အာဂ်င္တီးနားလက္ေ႐ြးစင္ႏွစ္သင္းထဲက တစ္သင္းအတြက္ ကိုယ္စားျပဳ
ကစားခြင့္ရွိပါတယ္။
ဂါနာခ်ိဳဟာ အာဂ်င္တီးနား ယူ-၂၀ အသင္းမွာ (၅)ပြဲကစား၊ (၄)ဂိုးသြင္းယူခဲ့ၿပီး
ၿပီးခဲ့တဲ့ႏွစ္၊ မတ္လတုန္းက ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ အာဂ်င္တီးနား
စီနီယာအသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ ပါဝင္ကစားခြင့္ မရခဲ့ပါဘူး။
အာဂ်င္တီးနားအသင္းဟာ အခုမတ္လ (၂၃)ရက္၊ (၂၈)ရက္ေတြက်ရင္ ပနားမား၊
ကူရာကာအိုအသင္းတို႔နဲ႔ ေျခစမ္းပြဲေတြကစားသြားမွာျဖစ္ၿပီး အဲဒီပြဲေတြအတြက္
နည္းျပစကာလိုနီဟာ ကစားသမား(၃၅)ဦးေ႐ြးခ်ယ္ထားသလို ဂါနာခ်ိဳကိုလည္း
အဲဒီလူစာရင္းမွာ ထည့္သြင္းခဲ့တာျဖစ္ပါတယ္။