ယူနိုက်တက်အတွက် ကြီးမားတဲ့ထိုးနှက်ချက် . .အဓိကကွင်းလယ်လူ အဲရစ်ဆင် ဒဏ်ရာကြောင့် (၃)လအထိ အနားယူရမယ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူ အဲရစ်ဆင်ဟာ

ခြေချင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံး(၃)လအထိအနားယူရမှာဖြစ်လို့
အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါပြီ။

ပြီးခဲ့တဲ့စနေနေ့က ရက်ဒင်းနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ ပြိုင်ဘက်
တိုက်စစ်မှူး အန်ဒီကာရိုးလ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်ပုံကြောင့်
အဲရစ်ဆင် ဒဏ်ရာရရှိခဲ့သလို ပွဲအပြီးမှာလည်း အိုးလ်ထရက်ဖို့ဒ်
ကွင်းထဲကနေ ချိုင်းထောက်နဲ့ထွက်သွားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အဲရစ်ဆင်ဟာ ကာလရှည်အနားယူရတော့မှာဖြစ်လို့
ယူနိုက်တက်အတွက် သတင်းဆိုးဖြစ်ခဲ့ပါပြီ။ ယူနိုက်တက်အသင်းက
အဲရစ်ဆင်ဟာ လအတော်ကြာအနားယူရမှာဖြစ်တယ်လို့ အတည်ပြု

ခဲ့တာကြောင့် လက်ကျန်ရာသီဝက်အတွင်း ကစားဖို့ရှိနေတဲ့ အဓိက
ပွဲတော်တော်များများကို လွဲချော်ဖို့ သေချာသွားပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဒိန်းမတ်ဝါရင့်ကွင်းလယ်ကစားသမား
အဲရစ်ဆင်ဟာ ရာသီကုန်ခါနီးဖြစ်တဲ့ ဧပြီလကုန် ဒါမှမဟုတ် မေလ
အစောပိုင်းမှ ပြန်ကစားနိုင်ဖို့ရှိတာကြောင့် အဆင့်(၄)အတွင်းဝင်ဖို့နဲ့
ယူရိုပါလိဂ်မှာ ပွဲကျပ်ကစားရမယ့် ယူနိုက်တက်အသင်းအတွက်
ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းမှာ နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်ကလည်း
ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရမှာဖြစ်သလို တွမ်မီနေးဟာ

အခုလောလောဆယ် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက်
ကွင်းလယ်မှာ အမာခံကစားနိုင်တာဆိုလို့ ကတ်စ်မဲရိုးနဲ့ ဖရက်ဒ်တို့သာ
ရှိပါတော့တယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဓိကကြင္းလယ္လူ အဲရစ္ဆင္ဟာ
ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ အနည္းဆုံး(၃)လအထိအနားယူရမွာျဖစ္လို႔
အသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာပါၿပီ။

ၿပီးခဲ့တဲ့စေနေန႔က ရက္ဒင္းနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ ၿပိဳင္ဘက္
တိုက္စစ္မႉး အန္ဒီကာ႐ိုးလ္ရဲ႕ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္ပုံေၾကာင့္
အဲရစ္ဆင္ ဒဏ္ရာရရွိခဲ့သလို ပြဲအၿပီးမွာလည္း အိုးလ္ထရက္ဖို႔ဒ္

ကြင္းထဲကေန ခ်ိဳင္းေထာက္နဲ႔ထြက္သြားရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ အဲရစ္ဆင္ဟာ ကာလရွည္အနားယူရေတာ့မွာျဖစ္လို႔

ယူႏိုက္တက္အတြက္ သတင္းဆိုးျဖစ္ခဲ့ပါၿပီ။ ယူႏိုက္တက္အသင္းက
အဲရစ္ဆင္ဟာ လအေတာ္ၾကာအနားယူရမွာျဖစ္တယ္လို႔ အတည္ျပဳ
ခဲ့တာေၾကာင့္ လက္က်န္ရာသီဝက္အတြင္း ကစားဖို႔ရွိေနတဲ့ အဓိက
ပြဲေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ဖို႔ ေသခ်ာသြားပါတယ္။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ ဒိန္းမတ္ဝါရင့္ကြင္းလယ္ကစားသမား
အဲရစ္ဆင္ဟာ ရာသီကုန္ခါနီးျဖစ္တဲ့ ဧၿပီလကုန္ ဒါမွမဟုတ္ ေမလ
အေစာပိုင္းမွ ျပန္ကစားႏိုင္ဖို႔ရွိတာေၾကာင့္ အဆင့္(၄)အတြင္းဝင္ဖို႔နဲ႔

ယူ႐ိုပါလိဂ္မွာ ပြဲက်ပ္ကစားရမယ့္ ယူႏိုက္တက္အသင္းအတြက္
ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္ခဲ့ရပါတယ္။

ယူႏိုက္တက္အသင္းမွာ နယ္သာလန္ကြင္းလယ္လူ ဗန္ဒီဘိခ္ကလည္း
ဒဏ္ရာေၾကာင့္ ရာသီကုန္အထိအနားယူရမွာျဖစ္သလို တြမ္မီေနးဟာ
အခုေလာေလာဆယ္ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့အတြက္
ကြင္းလယ္မွာ အမာခံကစားႏိုင္တာဆိုလို႔ ကတ္စ္မဲ႐ိုးနဲ႔ ဖရက္ဒ္တို႔သာ
ရွိပါေတာ့တယ္။