ယူနိုက်တက်လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်အပေါ် စွဲချက်တွေကို တရားရုံးက ပယ်ဖျက်ပေးခဲ့

ချစ်သူကောင်မလေးကို ကိုယ်ထိလက်ရောက်စော်ကားမှု၊ အဓမ္မပြုကျင့်ဖို့

ကြိုးစားမှုစတဲ့ စွပ်စွဲချက်တွေနဲ့ စွဲချက်တင်ခံထားရတဲ့ မန်ချက်စတာ
ယူနိုက်တက် လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ရဲ့ ပြစ်မှုတွေအားလုံးကို တရားရုံးက
ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ၂၀၁၈ နိုဝင်ဘာကနေ ၂၀၂၁
အောက်တိုဘာလအတွင်း သူ့ကောင်မလေးကို ကိုယ်ထိလက်ရောက်
ကျူးလွန်စော်ကားခဲ့တယ်ဆိုတဲ့ စွဲချက်(၃)ခုနဲ့ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလ
အတွင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို မနှစ်က အောက်တိုဘာလမှာ

တရားရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်အတွက် ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ(၃၀)ရက်

ကတည်းက ဂရင်းဝုဒ်ကို အချိန်အကန့်အသတ်မရှိ ပွဲပယ်ပြစ်ဒဏ်
ချမှတ်ခဲ့ပါတယ်။ ဒ့ါအပြင် အခုလို စွပ်စွဲချက်တွေထွက်ပေါ်လာပြီးတဲ့နောက်
EA Sports က FIFA ၂၀၂၂ ဂိမ်းခွေထဲမှာ ဂရင်းဝုဒ်ကို ဖယ်ရှားခဲ့သလို
နာမည်ကျော်အားကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Nike ကလည်း ဂရင်းဝုဒ်နဲ့
စပွန်ဆာစာချုပ် ဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ စွဲချက်တင်ထားသလို ဂရင်းဝုဒ် ပြစ်မှုကျူးလွန်
ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့သက်သေအထောက်အထား မရှိတဲ့အတွက်

ဗြိတိန်တရားရေးအဖွဲ့ဖြစ်တဲ့ Crown Prosecution က ဂရင်းဝုဒ်အပေါ်
စွဲချက်တင်ထားတဲ့ ပြစ်မှုအားလုံးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဂရင်းဝုဒ်အနေနဲ့ ပြစ်မှုကနေ လွတ်မြောက်လာပြီဖြစ်တာကြောင့် ယူနိုက်တက်
အသင်းအတွက် ပြန်ကစားခွင့်ရဦးမှာလားဆိုတာ ပရိသတ်တွေက
စိတ်ဝင်စားနေကြပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၂၊ ဇန်နဝါရီ (၂၂)ရက်က ဝက်စ်ဟမ်းကို (၁-ဝ)ဂိုးနဲ့အနိုင်တဲ့
ပွဲမှာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့ပြီး ယူနိုက်တက်
အသင်းက ဂရင်းဝုဒ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပေမယ့် အသင်းတရားဝင်
လူစာရင်းမှာတော့ ထည့်သွင်းထားဆဲဖြစ်ပါတယ်။

အဲဒါကြောင့် ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက်
ပြန်ကစားနိုင်ဖို့ မျှော်လင့်ချက်ရှိပြီး သူ့ကို အသင်းမှာ အသုံးပြုဖို့ရှိ၊ မရှိကတော့

နည်းပြအဲရစ်တန်ဟက်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။

[Zawgyi]

ခ်စ္သူေကာင္မေလးကို ကိုယ္ထိလက္ေရာက္ေစာ္ကားမႈ၊ အဓမၼျပဳက်င့္ဖို႔

ႀကိဳးစားမႈစတဲ့ စြပ္စြဲခ်က္ေတြနဲ႔ စြဲခ်က္တင္ခံထားရတဲ့ မန္ခ်က္စတာ
ယူႏိုက္တက္ လူငယ္ၾကယ္ပြင့္ ဂရင္းဝုဒ္ရဲ႕ ျပစ္မႈေတြအားလုံးကို တရား႐ုံးက
ပယ္ဖ်က္လိုက္ၿပီျဖစ္ပါတယ္။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ ၂၀၁၈ ႏိုဝင္ဘာကေန ၂၀၂၁
ေအာက္တိုဘာလအတြင္း သူ႔ေကာင္မေလးကို ကိုယ္ထိလက္ေရာက္
က်ဴးလြန္ေစာ္ကားခဲ့တယ္ဆိုတဲ့ စြဲခ်က္(၃)ခုနဲ႔ ၿပီးခဲ့တဲ့ႏွစ္၊ ဇန္နဝါရီလ
အတြင္းက ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသလို မႏွစ္က ေအာက္တိုဘာလမွာ

တရားရင္ဆိုင္ခဲ့ရပါတယ္။

အဲဒီအျဖစ္အပ်က္အတြက္ ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီ(၃၀)ရက္

ကတည္းက ဂရင္းဝုဒ္ကို အခ်ိန္အကန႔္အသတ္မရွိ ပြဲပယ္ျပစ္ဒဏ္
ခ်မွတ္ခဲ့ပါတယ္။ ဒ့ါအျပင္ အခုလို စြပ္စြဲခ်က္ေတြထြက္ေပၚလာၿပီးတဲ့ေနာက္
EA Sports က FIFA ၂၀၂၂ ဂိမ္းေခြထဲမွာ ဂရင္းဝုဒ္ကို ဖယ္ရွားခဲ့သလို
နာမည္ေက်ာ္အားကစားကုမၸဏီတစ္ခုျဖစ္တဲ့ Nike ကလည္း ဂရင္းဝုဒ္နဲ႔
စပြန္ဆာစာခ်ဳပ္ ဖ်က္သိမ္းခဲ့ပါတယ္။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ စြဲခ်က္တင္ထားသလို ဂရင္းဝုဒ္ ျပစ္မႈက်ဴးလြန္
ခဲ့တယ္ဆိုတာ ခိုင္လုံတဲ့သက္ေသအေထာက္အထား မရွိတဲ့အတြက္

ၿဗိတိန္တရားေရးအဖြဲ႕ျဖစ္တဲ့ Crown Prosecution က ဂရင္းဝုဒ္အေပၚ
စြဲခ်က္တင္ထားတဲ့ ျပစ္မႈအားလုံးကို ပယ္ဖ်က္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

ဂရင္းဝုဒ္အေနနဲ႔ ျပစ္မႈကေန လြတ္ေျမာက္လာၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္
အသင္းအတြက္ ျပန္ကစားခြင့္ရဦးမွာလားဆိုတာ ပရိသတ္ေတြက
စိတ္ဝင္စားေနၾကပါတယ္။

ဂရင္းဝုဒ္ဟာ ၂၀၂၂၊ ဇန္နဝါရီ (၂၂)ရက္က ဝက္စ္ဟမ္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္တဲ့
ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ေနာက္ဆုံးပါဝင္ကစားခဲ့ၿပီး ယူႏိုက္တက္
အသင္းက ဂရင္းဝုဒ္ကို ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ထားေပမယ့္ အသင္းတရားဝင္
လူစာရင္းမွာေတာ့ ထည့္သြင္းထားဆဲျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဂရင္းဝုဒ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္
ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိၿပီး သူ႔ကို အသင္းမွာ အသုံးျပဳဖို႔ရွိ၊ မရွိကေတာ့

နည္းျပအဲရစ္တန္ဟက္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာပဲ မူတည္ေနပါတယ္။