ယူနိုက်တက်ရဲ့ ဥရုဂွေးလူငယ်ကြယ်ပွင့် ပယ်လစ်စထရီကို ခေါ်ယူဖို့ ဝက်ဖို့ဒ်အသင်း စိတ်ဝင်စား

လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းဟာ မန်ချက်စတာယူနိုက်တက်

လူငယ်တိုက်စစ်ကစားသမား ပယ်လစ်စထရီကို အငှားနဲ့ခေါ်ယူနိုင်ဖို့
ချိတ်ဆက်နေပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဥရုဂွေးလူငယ်ကြယ်ပွင့် ပယ်လစ်စထရီဟာ
ချာလ်တန်နဲ့ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ (၂)နှစ်ကျော်အကြာမှ ယူနိုက်တက်
စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်ပါဝင်ကစားခွင့်ရခဲ့ပြီး ပွဲပြီးခါနီး
မိနစ်ပိုင်းသာကစားခဲ့ရပေမယ့် ရပ်ရှ်ဖို့ဒ် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့
ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက ပင်နာရိုးလ်အသင်းကနေ ယူနိုက်တက်ကို ပေါင်(၉)သန်းနဲ့
ပြောင်းရွှေ့ခဲ့သူ ပယ်လစ်စထရီဟာ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်

နည်းပါးနေတာကြောင့် သူ့ရဲ့အေးဂျင့်ဖြစ်သူ လာဆယ်လ်ဗီယာက ၂၀၂၂
ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပယ်လစ်စထရီ ခြေစွမ်းပြကစားနိုင်ပြီး
သူ့ကို ခေါ်ချင်တဲ့အသင်းတွေရှိလာမယ်ဆိုရင် ယူနိုက်တက်နဲ့လမ်းခွဲမှာ
ဖြစ်တယ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ဖွင့်ဟပြောခဲ့ဖူးပါတယ်။

အခု ပရီးမီးယားလိဂ်နာမည်ကျော်နည်းပြဟောင်း ဘီလစ် ကိုင်တွယ်နေတဲ့
ဝက်ဖို့ဒ်အသင်းဟာ ပယ်လစ်စထရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး
The Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရအောင် ကြိုးစားနေတဲ့ ဝက်ဖို့ဒ်
အသင်းဟာ အခုလောလောဆယ် လိဂ်ချန်ပီယံရှစ်မှာ အဆင့်(၄)နေရာ

ရပ်တည်နေပြီး အသင်းမှာ ဒဏ်ရာရကစားသမားတွေ များနေတာကြောင့်
အခုဇန်နဝါရီအပြောင်းအရွှေ့အတွင်း ပယ်လစ်စထရီကို အငှားနဲ့ခေါ်ယူဖို့
ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

[Zawgyi]

လိဂ္ခ်န္ပီယံရွစ္ကလပ္ ဝက္ဖို႔ဒ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္
လူငယ္တိုက္စစ္ကစားသမား ပယ္လစ္စထရီကို အငွားနဲ႔ေခၚယူႏိုင္ဖို႔
ခ်ိတ္ဆက္ေနပါတယ္။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ဥ႐ုေဂြးလူငယ္ၾကယ္ပြင့္ ပယ္လစ္စထရီဟာ
ခ်ာလ္တန္နဲ႔ကစားခဲ့တဲ့ လိဂ္ဖလားပြဲမွာ (၂)ႏွစ္ေက်ာ္အၾကာမွ ယူႏိုက္တက္
စီနီယာအသင္းအတြက္ ပထမဆုံးအႀကိမ္ပါဝင္ကစားခြင့္ရခဲ့ၿပီး ပြဲၿပီးခါနီး

မိနစ္ပိုင္းသာကစားခဲ့ရေပမယ့္ ရပ္ရွ္ဖို႔ဒ္ ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးႏိုင္ခဲ့
ပါတယ္။

၂၀၂၀ ခုႏွစ္တုန္းက ပင္နာ႐ိုးလ္အသင္းကေန ယူႏိုက္တက္ကို ေပါင္(၉)သန္းနဲ႔
ေျပာင္းေ႐ႊ႕ခဲ့သူ ပယ္လစ္စထရီဟာ ယူႏိုက္တက္အသင္းမွာ ပြဲကစားခြင့္
နည္းပါးေနတာေၾကာင့္ သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူ လာဆယ္လ္ဗီယာက ၂၀၂၂
ကမာၻ႔ဖလားၿပိဳင္ပြဲကာလအတြင္း ပယ္လစ္စထရီ ေျခစြမ္းျပကစားႏိုင္ၿပီး
သူ႔ကို ေခၚခ်င္တဲ့အသင္းေတြရွိလာမယ္ဆိုရင္ ယူႏိုက္တက္နဲ႔လမ္းခြဲမွာ

ျဖစ္တယ္လို႔ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္က ဖြင့္ဟေျပာခဲ့ဖူးပါတယ္။

အခု ပရီးမီးယားလိဂ္နာမည္ေက်ာ္နည္းျပေဟာင္း ဘီလစ္ ကိုင္တြယ္ေနတဲ့

ဝက္ဖို႔ဒ္အသင္းဟာ ပယ္လစ္စထရီကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုၿပီး
The Telegraph သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကို တန္းျပန္တက္ခြင့္ရေအာင္ ႀကိဳးစားေနတဲ့ ဝက္ဖို႔ဒ္
အသင္းဟာ အခုေလာေလာဆယ္ လိဂ္ခ်န္ပီယံရွစ္မွာ အဆင့္(၄)ေနရာ
ရပ္တည္ေနၿပီး အသင္းမွာ ဒဏ္ရာရကစားသမားေတြ မ်ားေနတာေၾကာင့္
အခုဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း ပယ္လစ္စထရီကို အငွားနဲ႔ေခၚယူဖို႔
ပစ္မွတ္ထားေနတာျဖစ္ပါတယ္။