ယူနိုက်တက်ရောက်တဲ့ ပထမဆုံးလမှာပဲ အကောင်းဆုံးကစားသမားဆုရယူပြီး ဂေါင်းကြီးကို မျက်ခုံးလှုပ်စေခဲ့တဲ့ မာတီနက်ဇ်

ပရီးမီးယားလိဂ်ရဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကတော့ ပိတ်သိမ်းသွားခဲ့ပါပြီ။ လူသစ်ခေါ်ယူမှုတွေ အလုပ်ဖြစ်ပါ့မလားဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုကြရမှာပါပဲ။ ဒါပေမဲ့ ယူနိုက်တက်ကိုရောက်လာတဲ့

လီဆန်ဒရိုမာတီနက်ဇ်ကတော့ သူ့အတွက် အေဂျက်ဇ်ကို မန်ယူ ဘာကြောင့် ပေါင် ၅၇ သန်း ပေးခဲ့တာလည်းဆိုတာ သက်သေပြနေပါပြီ။ တနည်းအားဖြင့် သြဂုတ်လအတွက် မန်ယူအသင်းရဲ့တစ်လတာ အကောင်းဆုံးကစားသမားဆုကို

ဆွတ်ခူးပြီး ဘယ်နေရာမှ မကောင်းပါဘူးလို့ သူ့ကိုဖောင်းထုတဲ့ ဂရေမီဆောင်းနက်စ်လို ဂုရုကြီးတွေကိုတုံ့ပြန်နိုင်ခဲ့တာပါ။ ယူနိုက်တက်မှာ တစ်လတာအကောင်းဆုံးဆုကို နောက်ခံလူတွေရတာမျိုးက ရှားပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက

ဖေဖေါ်ဝါရီနဲ့ မတ်လမှာ လုခ်ရှောရရှိခဲ့တဲ့နောက်ပိုင်း မာတီနက်ဇ်က ပထမဆုံးဖြစ်လာခဲ့တာပါ။ ပြီးတော့ ၂၀၁၉ သြဂုတ်လတုန်းက ဒန်နီရယ်ဂျိမ်းစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ် စရောက်တဲ့လမှာပဲ အကောင်းဆုံးဆုရတဲ့

ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနားသားဟာ လူကောင်သေးတာကြောင့် လျှော့တွက်ခံခဲ့ရပေမယ့် ပြိုင်ဘက်တိုက်စစ်မှူးတွေ အထိတ်တလန့်ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်၊ ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ Man of the Match ဆု၂ ပွဲဆက်ရရှိခဲ့တဲ့ မာတီနက်ဇ်ကို ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ သူဟာ မဲအရေအတွက် ၈၄ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး ၁၀ ရာခိုင်နှုန်းသာရတဲ့

မာလာစီယာ၊ ၆ ရာခိုင်နှုန်းသာရတဲ့ ဗာရန်းတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ မာတီနက်ဇ်ရဲ့ခြေစွမ်း၊ အသင်းအပေါ်အကျိုးပြုမှုနဲ့ ပရိသတ်လက်ခံမှုတွေဟာ အသင်းခေါင်းဆောင်မက်ဂွိုင်းယားအတွက် နေရာပျောက်မယ့်အရေးဖြစ်နေတာ သေချာပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္ရဲ႕ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ကေတာ့ ပိတ္သိမ္းသြားခဲ့ပါၿပီ။ လူသစ္ေခၚယူမႈေတြ အလုပ္ျဖစ္ပါ့မလားဆိုတာေတာ့ ေငြေရာင္ပိတ္ကားေပၚမွာ ဆက္လက္ၾကည့္ရႈၾကရမွာပါပဲ။ ဒါေပမဲ့ ယူႏိုက္တက္ကိုေရာက္လာတဲ့

လီဆန္ဒ႐ိုမာတီနက္ဇ္ကေတာ့ သူ႔အတြက္ ေအဂ်က္ဇ္ကို မန္ယူ ဘာေၾကာင့္ ေပါင္ ၅၇ သန္း ေပးခဲ့တာလည္းဆိုတာ သက္ေသျပေနပါၿပီ။ တနည္းအားျဖင့္ ၾသဂုတ္လအတြက္ မန္ယူအသင္းရဲ႕တစ္လတာ အေကာင္းဆုံးကစားသမားဆုကို

ဆြတ္ခူးၿပီး ဘယ္ေနရာမွ မေကာင္းပါဘူးလို႔ သူ႔ကိုေဖာင္းထုတဲ့ ဂေရမီေဆာင္းနက္စ္လို ဂု႐ုႀကီးေတြကိုတုံ႔ျပန္ႏိုင္ခဲ့တာပါ။ ယူႏိုက္တက္မွာ တစ္လတာအေကာင္းဆုံးဆုကို ေနာက္ခံလူေတြရတာမ်ိဳးက ရွားပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက ေဖေဖၚဝါရီနဲ႔ မတ္လမွာ လုခ္ေရွာရရွိခဲ့တဲ့ေနာက္ပိုင္း မာတီနက္ဇ္က ပထမဆုံးျဖစ္လာခဲ့တာပါ။ ၿပီးေတာ့ ၂၀၁၉ ၾသဂုတ္လတုန္းက ဒန္နီရယ္ဂ်ိမ္းစ္ေနာက္ပိုင္း အိုးလ္ထရက္ဖို႔ဒ္ စေရာက္တဲ့လမွာပဲ အေကာင္းဆုံးဆုရတဲ့

ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားဟာ လူေကာင္ေသးတာေၾကာင့္ ေလွ်ာ့တြက္ခံခဲ့ရေပမယ့္ ၿပိဳင္ဘက္တိုက္စစ္မႉးေတြ အထိတ္တလန႔္ျဖစ္ေအာင္လုပ္ႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္၊ ေဆာက္သမ္တန္တို႔နဲ႔ပြဲေတြမွာ Man of the Match ဆု၂ ပြဲဆက္ရရွိခဲ့တဲ့ မာတီနက္ဇ္ကို ပရိသတ္ေတြက အသိအမွတ္ျပဳခဲ့ၾကပါတယ္။ သူဟာ မဲအေရအတြက္ ၈၄ ရာခိုင္ႏႈန္းအထိရရွိခဲ့ၿပီး ၁၀ ရာခိုင္ႏႈန္းသာရတဲ့ မာလာစီယာ၊

၆ ရာခိုင္ႏႈန္းသာရတဲ့ ဗာရန္းတို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ မာတီနက္ဇ္ရဲ႕ေျခစြမ္း၊ အသင္းအေပၚအက်ိဳးျပဳမႈနဲ႔ ပရိသတ္လက္ခံမႈေတြဟာ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားအတြက္ ေနရာေပ်ာက္မယ့္အေရးျဖစ္ေနတာ ေသခ်ာပါတယ္။