ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ အီလန်ဂါကို ခေါ်ယူဖို့ အဲဗာတန် စိတ်ဝင်စား

မန်ချက်စတာယူနိုက်တက် လူငယ်တောင်ပံတိုက်စစ်ကစားသမား အီလန်ဂါကို

ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အဲဗာတန်လည်း ပါဝင်လာပြီဖြစ်ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ဆွီဒင်လက်ရွေးစင်ကစားသမား အီလန်ဂါဟာ ဒီရာသီ

နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့အတွက်
စိတ်ပျက်နေတဲ့ပုံရပါတယ်။

စီနီယာကစားသမား ဆန်ချို ပွဲထွက်ခွင့်ပျောက်ဆုံးနေချိန်မှာ အဲရစ်တန်ဟက်က
အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုကို ဦးစားပေးအသုံးပြုနေပြီး ယာအိုဖိလစ်ကို
ခေါ်ယူဖို့ စီစဉ်နေပါတယ်။

တကယ်လို့ ယာအိုဖိလစ်သာရောက်လာမယ်ဆိုရင် အီလန်ဂါအတွက် ပွဲကစားခွင့်ရဖို့
မျှော်လင့်ချက် မရှိသလောက်ဖြစ်သွားနိုင်ပါတယ်။ အဲဗာတန်အသင်းနည်းပြလမ်းပတ်ဟာ
တောင်ပံကစားသမားတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် အသင်းရဲ့
ဘဏ္ဍာရေးအနေအထားအရ အငှားနဲ့သာ အရင်ဆုံးခေါ်ယူနိုင်ဖို့ရှိပါတယ်။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အီလန်ဂါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး
လာမယ့်ဇန်နဝါရီကျရင် နောက်တစ်ကြိမ် ပြန်ကြိုးစားဖို့ ပြင်ဆင်နေတာဖြစ်သလို

အီလန်ဂါကို အဲဗာတန်အပြင် တခြားပရီးမီးယားလိဂ်ကလပ်တွေကလည်း
ပစ်မှတ်ထားနေကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ လူငယ္ေတာင္ပံတိုက္စစ္ကစားသမား အီလန္ဂါကို
ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ အဲဗာတန္လည္း ပါဝင္လာၿပီျဖစ္ပါတယ္။

အသက္(၂၀)သာရွိေသးတဲ့ ဆြီဒင္လက္ေ႐ြးစင္ကစားသမား အီလန္ဂါဟာ ဒီရာသီ
နည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့အတြက္
စိတ္ပ်က္ေနတဲ့ပုံရပါတယ္။

စီနီယာကစားသမား ဆန္ခ်ိဳ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနခ်ိန္မွာ အဲရစ္တန္ဟက္က
အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳကို ဦးစားေပးအသုံးျပဳေနၿပီး ယာအိုဖိလစ္ကို
ေခၚယူဖို႔ စီစဥ္ေနပါတယ္။

တကယ္လို႔ ယာအိုဖိလစ္သာေရာက္လာမယ္ဆိုရင္ အီလန္ဂါအတြက္ ပြဲကစားခြင့္ရဖို႔
ေမွ်ာ္လင့္ခ်က္ မရွိသေလာက္ျဖစ္သြားႏိုင္ပါတယ္။ အဲဗာတန္အသင္းနည္းျပလမ္းပတ္ဟာ
ေတာင္ပံကစားသမားတစ္ဦးနဲ႔ တိုက္စစ္မႉးတစ္ဦးေခၚယူဖို႔ ဆႏၵရွိေနေပမယ့္ အသင္းရဲ႕

ဘ႑ာေရးအေနအထားအရ အငွားနဲ႔သာ အရင္ဆုံးေခၚယူႏိုင္ဖို႔ရွိပါတယ္။

အဲဗာတန္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက အီလန္ဂါကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ဖူးၿပီး

လာမယ့္ဇန္နဝါရီက်ရင္ ေနာက္တစ္ႀကိမ္ ျပန္ႀကိဳးစားဖို႔ ျပင္ဆင္ေနတာျဖစ္သလို
အီလန္ဂါကို အဲဗာတန္အျပင္ တျခားပရီးမီးယားလိဂ္ကလပ္ေတြကလည္း
ပစ္မွတ္ထားေနၾကပါတယ္။