ယူနိုက်တက်မှာ နေရာပျောက်နေတဲ့ ဘစ်ဆာကာကို ဝုလ်အသင်း ခေါ်ယူမယ်

ဝုလ်ဗ်အသင်းနည်းပြသစ် လိုပက်တယ်ဂီဟာ ခံစစ်ပိုင်းကို အားဖြည့်ဖို့

ကစားသမားသစ် ခေါ်ချင်တာကြောင့် လာမယ့်ဇန်နဝါရီကျရင်
မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ ဘစ်ဆာကာကို ကမ်းလှမ်းဖို့
စိတ်ဝင်စားနေပါတယ်။

ဘစ်ဆာကာဟာ ဒီရာသီ နည်းပြအဲရစ်တန်ဟက်ရဲ့ စီမံကိန်းတွေထဲမှာ မပါဝင်ဘဲ
လူပိုဖြစ်နေတာကြောင့် သူ့ကို ဝုလ်ဗ်အသင်းဆီ လက်လွှတ်လိုက်မယ်ဆိုရင်
နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်မယ်လို့ Reports အားကစားဝက်ဘ်ဆိုက်က
သုံးသပ်ခဲ့ပါတယ်။

ဘစ်ဆာကာဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် (၄)မိနစ်သာ
ကစားခွင့်ရခဲ့ပြီး အဲရစ်တန်ဟက်ကလည်း ဘစ်ဆာကာကို ရောင်းချငွေရှာပြီးတော့

နောက်ခံလူတစ်ဦး ခေါ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဘစ်ဆာကာကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့အသင်းတချို့ရှိပေမယ့်လည်း

ဝုလ်ဗ်အသင်းက လက်ဦးမှုရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ အသက်(၂၅)နှစ်
အရွယ်ရှိပြီဖြစ်သူ ဘစ်ဆာကာဟာ ၂၀၁၉ ခုနှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်ကနေ

ယူနိုက်တက်ကို ပေါင်သန်း(၅၀)နဲ့ပြောင်းရွှေ့ခဲ့ပြီး နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ
အဓိက,ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပေမယ့် အခု အဲရစ်တန်ဟက်
လက်ထက်မှာတော့ ဒါလော့တ်ကို ဦးစားပေး အသုံးပြုနေတာကြောင့် ဘစ်ဆာကာ
နေရာပျောက်နေတာဖြစ်ပါတယ်။

[Zawgyi]

ဝုလ္ဗ္အသင္းနည္းျပသစ္ လိုပက္တယ္ဂီဟာ ခံစစ္ပိုင္းကို အားျဖည့္ဖို႔
ကစားသမားသစ္ ေခၚခ်င္တာေၾကာင့္ လာမယ့္ဇန္နဝါရီက်ရင္
မန္ခ်က္စတာယူႏိုက္တက္ ညာေနာက္ခံလူ ဘစ္ဆာကာကို ကမ္းလွမ္းဖို႔

စိတ္ဝင္စားေနပါတယ္။

ဘစ္ဆာကာဟာ ဒီရာသီ နည္းျပအဲရစ္တန္ဟက္ရဲ႕ စီမံကိန္းေတြထဲမွာ မပါဝင္ဘဲ

လူပိုျဖစ္ေနတာေၾကာင့္ သူ႔ကို ဝုလ္ဗ္အသင္းဆီ လက္လႊတ္လိုက္မယ္ဆိုရင္
ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိေစႏိုင္မယ္လို႔ Reports အားကစားဝက္ဘ္ဆိုက္က
သုံးသပ္ခဲ့ပါတယ္။

ဘစ္ဆာကာဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ယူႏိုက္တက္အတြက္ (၄)မိနစ္သာ
ကစားခြင့္ရခဲ့ၿပီး အဲရစ္တန္ဟက္ကလည္း ဘစ္ဆာကာကို ေရာင္းခ်ေငြရွာၿပီးေတာ့
ေနာက္ခံလူတစ္ဦး ေခၚဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

ဘစ္ဆာကာကို ေခၚဖို႔ စိတ္ဝင္စားေနတဲ့အသင္းတခ်ိဳ႕ရွိေပမယ့္လည္း
ဝုလ္ဗ္အသင္းက လက္ဦးမႈရယူႏိုင္ဖို႔ အေျခအေနေကာင္းေနပါတယ္။ အသက္(၂၅)ႏွစ္
အ႐ြယ္ရွိၿပီျဖစ္သူ ဘစ္ဆာကာဟာ ၂၀၁၉ ခုႏွစ္တုန္းက ခရစၥတယ္ပဲေလ့စ္ကေန

ယူႏိုက္တက္ကို ေပါင္သန္း(၅၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး နည္းျပေဟာင္း ဆိုးလ္ရွားလက္ထက္မွာ
အဓိက,ကစားသမားအျဖစ္ ကစားခြင့္ရခဲ့ေပမယ့္ အခု အဲရစ္တန္ဟက္

လက္ထက္မွာေတာ့ ဒါေလာ့တ္ကို ဦးစားေပး အသုံးျပဳေနတာေၾကာင့္ ဘစ္ဆာကာ
ေနရာေပ်ာက္ေနတာျဖစ္ပါတယ္။