ယူနိုက်တက်မှာ တိုက်စစ်မှူးသစ် ဝက်ဟော့တ် ဝတ်ဆင်မယ့် နံပါတ် အွန်လိုင်းပေါ်မှာ ပေါက်ကြား

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် ဝက်ဟော့တ် ဝတ်ဆင်မယ့်

ကျောနံပါတ်နဲ့ပတ်သက်လို့ အွန်လိုင်းပေါ်မှာ သတင်းပေါက်ကြားနေပြီး
ပရိသတ်တွေက အဲဒီနံပါတ်ဝတ်ဆင်ခဲ့တဲ့ နာမည်ကျော်ကစားသမားဟောင်းနဲ့
ဝက်ဟော့တ်ကို နှိုင်းယှဉ်နေကြပါတယ်။

ဝက်ဟော့တ်ဟာ ဒီရာသီအစက ဘက်ဆစ်တက်အသင်းကို အငှားနဲ့
ပြောင်းရွှေ့ခဲ့ပြီး (၁၈)ပွဲကစား (၉)ဂိုးသွင်းခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာလည်း ခြေစွမ်းပြနိုင်တာကြောင့် အဲရစ်တန်ဟက်က သူ့ကို
ရာသီကုန်အထိ အငှားနဲ့ခေါ်ယူခဲ့ပါတယ်။

တနင်္ဂနွေနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ဝက်ဟော့တ်ဟာ
ကျောနံပါတ်(၂၇)ဝတ်ဆင်ထားတဲ့ ဓာတ်ပုံ အွန်လိုင်းပေါ်မှာ

ပေါက်ကြားခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေက အဲဒီနံပါတ်
ပိုင်ရှင်ဟောင်း ဖယ်လေနီကို ပြန်လည်သတိရနေကြပါတယ်။

အခုလောလောဆယ် တရုတ်စူပါလိဂ်ကလပ် Shandong Taishan
အသင်းမှာ ဘောလုံးသမားဘဝဖြတ်သန်းနေသူ ဖယ်လေနီဟာ
ယူနိုက်တက်အသင်းမှာ ၂၀၁၃ ကနေ ၂၀၁၉ ခုနှစ်အထိ (၆)နှစ်ကြာ
ကစားခဲ့ပြီး FA ဖလား၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း၊ ယူရိုပါလိဂ်
ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

ဖယ်လေနီဟာ ယူနိုက်တက်ကို စရောက်တဲ့ ၂၀၁၃-၁၄ ရာသီမှာ နံပါတ်
(၃၁) ဝတ်ဆင်ခဲ့ပေမယ့် နောက်ပိုင်းမှာ (၂၇)ပြောင်းလဲဝတ်ဆင်ခဲ့ပြီး

အဲဒီနံပါတ်ကို နောက်ဆုံးဝတ်ခဲ့တာက အခု ဆီဗီလာအသင်းမှာ အငှားနဲ့
ကစားနေတဲ့ နောက်ခံလူ တဲလက်စ်ဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ ဖယ်လေနီကို အမှတ်ရနေဆဲဖြစ်ပြီး
တချို့ကလည်း ဝက်ဟော့တ်ဟာ ၂+၇ = ၉ အဓိပ္ပါယ်နဲ့ နံပါတ်(၂၇)ကို
ရွေးချယ်တာဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးသစ္ ဝက္ေဟာ့တ္ ဝတ္ဆင္မယ့္
ေက်ာနံပါတ္နဲ႔ပတ္သက္လို႔ အြန္လိုင္းေပၚမွာ သတင္းေပါက္ၾကားေနၿပီး
ပရိသတ္ေတြက အဲဒီနံပါတ္ဝတ္ဆင္ခဲ့တဲ့ နာမည္ေက်ာ္ကစားသမားေဟာင္းနဲ႔
ဝက္ေဟာ့တ္ကို ႏႈိင္းယွဥ္ေနၾကပါတယ္။

ဝက္ေဟာ့တ္ဟာ ဒီရာသီအစက ဘက္ဆစ္တက္အသင္းကို အငွားနဲ႔
ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၁၈)ပြဲကစား (၉)ဂိုးသြင္းခဲ့သလို ၂၀၂၂ ကမာၻ႔ဖလား

ၿပိဳင္ပြဲမွာလည္း ေျခစြမ္းျပႏိုင္တာေၾကာင့္ အဲရစ္တန္ဟက္က သူ႔ကို
ရာသီကုန္အထိ အငွားနဲ႔ေခၚယူခဲ့ပါတယ္။

တနဂၤေႏြေန႔က အိုးလ္ထရက္ဖို႔ဒ္ကြင္းအတြင္း ဝက္ေဟာ့တ္ဟာ
ေက်ာနံပါတ္(၂၇)ဝတ္ဆင္ထားတဲ့ ဓာတ္ပုံ အြန္လိုင္းေပၚမွာ
ေပါက္ၾကားခဲ့ၿပီး ယူႏိုက္တက္ပရိသတ္ေတြက အဲဒီနံပါတ္
ပိုင္ရွင္ေဟာင္း ဖယ္ေလနီကို ျပန္လည္သတိရေနၾကပါတယ္။

အခုေလာေလာဆယ္ တ႐ုတ္စူပါလိဂ္ကလပ္ Shandong Taishan
အသင္းမွာ ေဘာလုံးသမားဘဝျဖတ္သန္းေနသူ ဖယ္ေလနီဟာ
ယူႏိုက္တက္အသင္းမွာ ၂၀၁၃ ကေန ၂၀၁၉ ခုႏွစ္အထိ (၆)ႏွစ္ၾကာ

ကစားခဲ့ၿပီး FA ဖလား၊ လိဂ္ဖလား၊ ကြန္ျမဴနတီဒိုင္း၊ ယူ႐ိုပါလိဂ္
ဖလားေတြ ရယူႏိုင္ခဲ့ပါတယ္။

ဖယ္ေလနီဟာ ယူႏိုက္တက္ကို စေရာက္တဲ့ ၂၀၁၃-၁၄ ရာသီမွာ နံပါတ္
(၃၁) ဝတ္ဆင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ (၂၇)ေျပာင္းလဲဝတ္ဆင္ခဲ့ၿပီး
အဲဒီနံပါတ္ကို ေနာက္ဆုံးဝတ္ခဲ့တာက အခု ဆီဗီလာအသင္းမွာ အငွားနဲ႔
ကစားေနတဲ့ ေနာက္ခံလူ တဲလက္စ္ျဖစ္ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဖယ္ေလနီကို အမွတ္ရေနဆဲျဖစ္ၿပီး
တခ်ိဳ႕ကလည္း ဝက္ေဟာ့တ္ဟာ ၂+၇ = ၉ အဓိပၸါယ္နဲ႔ နံပါတ္(၂၇)ကို
ေ႐ြးခ်ယ္တာျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။