ယူနိုက်တက်မှာ ဆက်ကစားခွင့်ရဖို့ လစာငွေလျှော့ယူပြီး စာချုပ်သက်တမ်းတိုးမယ့် ဒီဂီယာ

မန်ချက်စတာယူနိုက်တက် ဝါရင့်ဂိုးသမားဒီဂီယာဟာ အသင်းမှာ
ဆက်ကစားခွင့် ရဖို့အတွက် လစာငွေလျှော့ယူပြီးတော့ စာချုပ်
သက်တမ်းတိုးဖို့ သဘောတူညီလိုက်ပြီလို့ သတင်းထွက်နေပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက ယူနိုက်တက်ကို ပြောင်းရွှေ့ကစားခဲ့သူ ဒီဂီယာရဲ့
လက်ရှိစာချုပ်က ဒီရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်ပြီး အသင်းမှာ
ဆက်ရှိဖို့ မသေချာဘူးဆိုတဲ့ သုံးသပ်ချက်တွေထွက်ပေါ်ခဲ့ပါတယ်။
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖို့
ဆန္ဒမရှိတော့ဘဲ ပေါ်တိုဂိုးသမား ဒီယိုဂိုကော်စတာကို ဂိုးသမားတစ်ဦးအတွက်
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ နာမည်ကျော်
Sky Sports သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း အခုအချိန်မှာတော့ ဒီဂီယာဟာ လစာငွေလျှော့ယူပြီးတော့
စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရသွားပြီလို့ ဗြိတိန်သတင်းစာ Telegraph

က ဖော်ပြခဲ့ပါတယ်။

ဘုန်းမောက်နဲ့ပွဲအပြီး အင်တာဗျူးမှာ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး

သတင်းထောက်က မေးခွန်းထုတ်ခဲ့တဲ့အပေါ် ဒီဂီယာက “အဲဒီကိစ္စအတွက်
ကျွန်တော် စိုးရိမ်မှု မရှိပါဘူး။ လေ့ကျင့်ခန်းအစီအစဉ်မှာ အကောင်းဆုံးကြိုးစားပြီး
အသင်းရဲ့ပွဲတွေမှာ ပုံစံကောင်းပြနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ သေချာတာက
စာချုပ်သစ်ကိစ္စဟာ ရလဒ်ကောင်းတစ်ခု ထွက်လာမယ်လို့ ကျွန်တော်
မျှော်လင့်ပါတယ်”ဆိုပြီး ဖြေကြားခဲ့ပါတယ်။[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ ဝါရင့္ဂိုးသမားဒီဂီယာဟာ အသင္းမွာ
ဆက္ကစားခြင့္ ရဖို႔အတြက္ လစာေငြေလွ်ာ့ယူၿပီးေတာ့ စာခ်ဳပ္
သက္တမ္းတိုးဖို႔ သေဘာတူညီလိုက္ၿပီလို႔ သတင္းထြက္ေနပါတယ္။
၂၀၁၁ ခုႏွစ္ကတည္းက ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ကစားခဲ့သူ ဒီဂီယာရဲ႕
လက္ရွိစာခ်ဳပ္က ဒီရာသီကုန္က်ရင္ သက္တမ္းျပည့္မွာျဖစ္ၿပီး အသင္းမွာ
ဆက္ရွိဖို႔ မေသခ်ာဘူးဆိုတဲ့ သုံးသပ္ခ်က္ေတြထြက္ေပၚခဲ့ပါတယ္။
ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ဒီဂီယာကို စာခ်ဳပ္သက္တမ္းတိုးဖို႔
ဆႏၵမရွိေတာ့ဘဲ ေပၚတိုဂိုးသမား ဒီယိုဂိုေကာ္စတာကို ဂိုးသမားတစ္ဦးအတြက္
ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ကမ္းလွမ္းဖို႔ စီစဥ္ေနတယ္လို႔ နာမည္ေက်ာ္

Sky Sports သတင္းဌာနက ေဖာ္ျပခဲ့ဖူးပါတယ္။

ဒါေပမဲ့လည္း အခုအခ်ိန္မွာေတာ့ ဒီဂီယာဟာ လစာေငြေလွ်ာ့ယူၿပီးေတာ့

စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈရသြားၿပီလို႔ ၿဗိတိန္သတင္းစာ Telegraph
က ေဖာ္ျပခဲ့ပါတယ္။

ဘုန္းေမာက္နဲ႔ပြဲအၿပီး အင္တာဗ်ဴးမွာ စာခ်ဳပ္သစ္ကိစၥနဲ႔ပတ္သက္ၿပီး
သတင္းေထာက္က ေမးခြန္းထုတ္ခဲ့တဲ့အေပၚ ဒီဂီယာက “အဲဒီကိစၥအတြက္
ကြၽန္ေတာ္ စိုးရိမ္မႈ မရွိပါဘူး။ ေလ့က်င့္ခန္းအစီအစဥ္မွာ အေကာင္းဆုံးႀကိဳးစားၿပီး
အသင္းရဲ႕ပြဲေတြမွာ ပုံစံေကာင္းျပႏိုင္ဖို႔ပဲ အာ႐ုံစိုက္ထားပါတယ္။ ေသခ်ာတာက
စာခ်ဳပ္သစ္ကိစၥဟာ ရလဒ္ေကာင္းတစ္ခု ထြက္လာမယ္လို႔ ကြၽန္ေတာ္

ေမွ်ာ္လင့္ပါတယ္”ဆိုၿပီး ေျဖၾကားခဲ့ပါတယ္။