
ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းရဲ့ ချစ်သူ မစ်ကီ,ကီမီနေးဟာ
သူမရဲ့ Instagram ကနေ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကို
လှောင်ပြောင်ခဲ့ပြီး,ပြီးခဲ့တဲ့နွေရာသီတုန်းက ဒီယွန်းရဲ့အပြောင်းအရွှေ့
မဖြစ်ခဲ့တဲ့အပေါ် ရည်ရွယ်ခဲ့ပုံရပါတယ်။
ယူနိုက်တက်ပရိသတ်တွေက မန်ချက်စတာကို ဒီယွန်းတစ်ယောက်
ဘယ်တော့များမှရောက်လာမလဲဆိုပြီး တစ်ချိန်လုံး မေးမြန်းနေတာကြောင့်
ကီမီနေးက ဖေဖော်ဝါရီ(၂၃)ရက်ကျရင် မန်ချက်စတာမြို့ကို ဒီယွန်း
ရောက်လာလိမ့်မယ်လို့ ဟာသလုပ်ပြီးတော့ ပြန်ဖြေခဲ့တာပါ။
လာမယ့်ဖေဖော်ဝါရီ(၂၃)ရက်မှာ ယူရိုပါလိဂ် ရှုံးထွက် Play off အဆင့်
ဒုတိယအကျော့ပွဲအဖြစ် ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ
ဘာစီလိုနာကို လက်ခံကစားရမှာဖြစ်ပြီး ဒီယွန်းတစ်ယောက် ဘာစီလိုနာ
အသင်းနဲ့အတူ မန်ချက်စတာမြို့ကို ရောက်လာမယ်ဆိုပြီး ကီမီနေးက
နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီယွန်းကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ
လာမယ့်နွေရာသီအပြောင်းအရွှေ့အတွင်း နောက်တစ်ကြိမ် ဆက်ကြိုးစားဖို့
ဆန္ဒရှိနေဆဲဖြစ်သလို ယူနိုက်တက်ပရိသတ်တွေကလည်း ဒီယွန်းကို
ခေါ်ယူဖို့ တိုက်တွန်းနေကြပါတယ်။
အခု ဒီယွန်းရဲ့ချစ်သူ ကီမီနေးဟာ Instagram မှာ သူမရဲ့ Follower
(၁.၅)သန်းနဲ့ အမေး၊အဖြေကဏ္ဍပြုလုပ်ခဲ့ပြီး အများစုက ‘ဒီယွန်း
ဘယ်တော့လောက် မန်ချက်စတာကို ရောက်လာမလဲ’လို့ တစ်ချိန်လုံး
မေးခွန်းထုတ်နေတာကြောင့် ကီမီနေးက ‘ဖေဖော်ဝါရီ (၂၃)ရက်လောက်
ရောက်မယ် ထင်တာပဲ’လို့ အရွှန်းဖောက်ဖြေခဲ့တာဖြစ်ပါတယ်။
[Zawgyi]
ဘာစီလိုနာကြင္းလယ္လူ ဖရန္ကီဒီယြန္းရဲ႕ ခ်စ္သူ မစ္ကီ,ကီမီေနးဟာ
သူမရဲ႕ Instagram ကေန မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြကို
ေလွာင္ေျပာင္ခဲ့ၿပီး,ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဒီယြန္းရဲ႕အေျပာင္းအေ႐ႊ႕
မျဖစ္ခဲ့တဲ့အေပၚ ရည္႐ြယ္ခဲ့ပုံရပါတယ္။
ယူႏိုက္တက္ပရိသတ္ေတြက မန္ခ်က္စတာကို ဒီယြန္းတစ္ေယာက္
ဘယ္ေတာ့မ်ားမွေရာက္လာမလဲဆိုၿပီး တစ္ခ်ိန္လုံး ေမးျမန္းေနတာေၾကာင့္
ကီမီေနးက ေဖေဖာ္ဝါရီ(၂၃)ရက္က်ရင္ မန္ခ်က္စတာၿမိဳ႕ကို ဒီယြန္း
ေရာက္လာလိမ့္မယ္လို႔ ဟာသလုပ္ၿပီးေတာ့ ျပန္ေျဖခဲ့တာပါ။
လာမယ့္ေဖေဖာ္ဝါရီ(၂၃)ရက္မွာ ယူ႐ိုပါလိဂ္ ရႈံးထြက္ Play off အဆင့္
ဒုတိယအေက်ာ့ပြဲအျဖစ္ ယူႏိုက္တက္အသင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာ
ဘာစီလိုနာကို လက္ခံကစားရမွာျဖစ္ၿပီး ဒီယြန္းတစ္ေယာက္ ဘာစီလိုနာ
အသင္းနဲ႔အတူ မန္ခ်က္စတာၿမိဳ႕ကို ေရာက္လာမယ္ဆိုၿပီး ကီမီေနးက
ေနာက္ေျပာင္ခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ဒီယြန္းကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးဘဲ
လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕အတြင္း ေနာက္တစ္ႀကိမ္ ဆက္ႀကိဳးစားဖို႔
ဆႏၵရွိေနဆဲျဖစ္သလို ယူႏိုက္တက္ပရိသတ္ေတြကလည္း ဒီယြန္းကို
ေခၚယူဖို႔ တိုက္တြန္းေနၾကပါတယ္။
အခု ဒီယြန္းရဲ႕ခ်စ္သူ ကီမီေနးဟာ Instagram မွာ သူမရဲ႕ Follower
(၁.၅)သန္းနဲ႔ အေမး၊အေျဖက႑ျပဳလုပ္ခဲ့ၿပီး အမ်ားစုက ‘ဒီယြန္း
ဘယ္ေတာ့ေလာက္ မန္ခ်က္စတာကို ေရာက္လာမလဲ’လို႔ တစ္ခ်ိန္လုံး
ေမးခြန္းထုတ္ေနတာေၾကာင့္ ကီမီေနးက ‘ေဖေဖာ္ဝါရီ (၂၃)ရက္ေလာက္
ေရာက္မယ္ ထင္တာပဲ’လို႔ အ႐ႊန္းေဖာက္ေျဖခဲ့တာျဖစ္ပါတယ္။