ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာ (၁-၁)ဂိုးစီသရေရလဒ်ထွက်ပေါ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့က ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ

အဲဗာတန်နဲ့ ကွင်းပိတ်ခြေစမ်းပွဲကစားခဲ့ပြီး (၁-၁)ဂိုးစီသရေကျခဲ့ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ မကြာခင် ပြန်လည်စတင်တော့မယ့်

ပရီးမီးယားလိဂ်ရာသီဝက်ကာလအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီး
လမ်းပတ်ရဲ့ အဲဗာတန်အသင်းနဲ့ ခြေစမ်းကစားခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ဘယ်သူတွေ ပွဲထွက်ကစားလဲ၊ ဘယ်ကစားသမားတွေ ဂိုးသွင်းခဲ့တာလဲဆိုတဲ့
ပွဲနဲ့သက်ဆိုင်တဲ့ မှတ်တမ်းတွေကို နှစ်သင်းစလုံးက မထုတ်ပြန်ခဲ့သလို ယူနိုက်တက်
အသင်းရဲ့ ရုပ်သံဝန်ထမ်းတွေတောင် အခုပွဲကို ရိုက်ကူးထုတ်လွှင့်တာမျိုး မရှိခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်နိုင်ငံမှာ သွားရောက်လေ့ကျင့်ခန်းဆင်းခဲ့ပြီး
ခြေစမ်းပွဲ(၂)ပွဲကစားတာမှာ ကာဒစ်ဇ်ကို (၄-၂)ဂိုး၊ ဘက်တစ်ကို (၁-ဝ)ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်တစ်ပတ် ဗုဒ္ဓဟူးနေ့ကျရင် လိဂ်ဖလားစတုတ္ထအဆင့်ပွဲအဖြစ်
ဘန်လေကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အဲဒီနောက် ဒီဇင်ဘာ(၂၇၊ အင်္ဂါနေ့)မှာ
ပရီးမီးယားလိဂ်ပွဲအဖြစ် နော်တင်ဟမ်ဖော်ရက်စ်ကို အိမ်ကွင်းမှာပဲ ဆက်လက်ကစားရမှာ
ဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔က ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ
အဲဗာတန္နဲ႔ ကြင္းပိတ္ေျခစမ္းပြဲကစားခဲ့ၿပီး (၁-၁)ဂိုးစီသေရက်ခဲ့ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ မၾကာခင္ ျပန္လည္စတင္ေတာ့မယ့္
ပရီးမီးယားလိဂ္ရာသီဝက္ကာလအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနၿပီး

လမ္းပတ္ရဲ႕ အဲဗာတန္အသင္းနဲ႔ ေျခစမ္းကစားခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲမွာ ဘယ္သူေတြ ပြဲထြက္ကစားလဲ၊ ဘယ္ကစားသမားေတြ ဂိုးသြင္းခဲ့တာလဲဆိုတဲ့

ပြဲနဲ႔သက္ဆိုင္တဲ့ မွတ္တမ္းေတြကို ႏွစ္သင္းစလုံးက မထုတ္ျပန္ခဲ့သလို ယူႏိုက္တက္
အသင္းရဲ႕ ႐ုပ္သံဝန္ထမ္းေတြေတာင္ အခုပြဲကို ႐ိုက္ကူးထုတ္လႊင့္တာမ်ိဳး မရွိခဲ့ပါဘူး။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက စပိန္ႏိုင္ငံမွာ သြားေရာက္ေလ့က်င့္ခန္းဆင္းခဲ့ၿပီး
ေျခစမ္းပြဲ(၂)ပြဲကစားတာမွာ ကာဒစ္ဇ္ကို (၄-၂)ဂိုး၊ ဘက္တစ္ကို (၁-ဝ)ဂိုးေတြနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ လာမယ့္တစ္ပတ္ ဗုဒၶဟူးေန႔က်ရင္ လိဂ္ဖလားစတုတၳအဆင့္ပြဲအျဖစ္
ဘန္ေလကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး အဲဒီေနာက္ ဒီဇင္ဘာ(၂၇၊ အဂၤါေန႔)မွာ
ပရီးမီးယားလိဂ္ပြဲအျဖစ္ ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို အိမ္ကြင္းမွာပဲ ဆက္လက္ကစားရမွာ
ျဖစ္ပါတယ္။