ယူနိုက်တက်နဲ့ လမ်းခွဲပြီးတာတောင် ယူရိုပါလိဂ်မှာ မှတ်တမ်းကောင်းတစ်ခု စိုက်ထူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ

ကတည်းက မန်ချက်စတာယူနိုက်တက်နဲ့ ဥရောပဘောလုံးလောကကို
စွန့်ခွာသွားခဲ့ပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်
မှတ်တမ်းကောင်းတစ်ခုကို ဘယ်သူမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ဒီရာသီ ယူရိုပါလိဂ်
ပြိုင်ပွဲ အုပ်စုတွင်းမှာ ယူနိုက်တက်အသင်းအတွက် (၆)ပွဲစလုံး ပွဲထွက်
ကစားခွင့်ရခဲ့သလို အဲဒီထဲက (၅)ပွဲကို မိနစ်(၉၀)ပြည့်ကစားခဲ့ပါတယ်။

အုပ်စုတွင်း (၆)ပွဲမှာ စီရော်နယ်လ်ဒိုက (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်
ပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ ဆိုစီဒက်နဲ့ ဂိုးကွာခြားချက်အရ
အုပ်စုဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ရှုံးထွက် Play off အဆင့်မှာ ဘာစီလိုနာနဲ့

ဆုံတွေ့ရတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒို မရှိတော့ပေမယ့် ဘာစီလိုနာနဲ့ပွဲမှာယူနိုက်တက်တို့ နှစ်ကျော့ပေါင်း

(၄-၃)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် အခု ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ပြီး
လာလီဂါကလပ်ပဲဖြစ်တဲ့ ဘက်တစ်နဲ့ရင်ဆိုင်ရမှာပါ။

ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ထုတ်ပြန်ချက်အရ ယူရိုပါလိဂ်
အုပ်စုတွင်းမှာ စီရော်နယ်လ်ဒိုဟာ ဂိုးပေါက်ကန်ချက်အကြိမ်(၃၀)ပြုလုပ်ခဲ့ပြီး
ဒါက တခြားကစားသမားတွေထက် ပိုများတဲ့အရေအတွက်ဖြစ်ခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလ
ကတည္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဥေရာပေဘာလုံးေလာကကို
စြန႔္ခြာသြားခဲ့ေပမယ့္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္
မွတ္တမ္းေကာင္းတစ္ခုကို ဘယ္သူမွ မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။

အသက္(၃၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီ ယူ႐ိုပါလိဂ္
ၿပိဳင္ပြဲ အုပ္စုတြင္းမွာ ယူႏိုက္တက္အသင္းအတြက္ (၆)ပြဲစလုံး ပြဲထြက္

ကစားခြင့္ရခဲ့သလို အဲဒီထဲက (၅)ပြဲကို မိနစ္(၉၀)ျပည့္ကစားခဲ့ပါတယ္။

အုပ္စုတြင္း (၆)ပြဲမွာ စီေရာ္နယ္လ္ဒိုက (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္

ျပဳလုပ္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းဟာ ဆိုစီဒက္နဲ႔ ဂိုးကြာျခားခ်က္အရ
အုပ္စုဒုတိယနဲ႔သာ ေက်နပ္ခဲ့ရၿပီး ရႈံးထြက္ Play off အဆင့္မွာ ဘာစီလိုနာနဲ႔
ဆုံေတြ႕ရတာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒို မရွိေတာ့ေပမယ့္ ဘာစီလိုနာနဲ႔ပြဲမွာယူႏိုက္တက္တို႔ ႏွစ္ေက်ာ့ေပါင္း
(၄-၃)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ အခု ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ၿပီး
လာလီဂါကလပ္ပဲျဖစ္တဲ့ ဘက္တစ္နဲ႔ရင္ဆိုင္ရမွာပါ။

ယူႏိုက္တက္အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္က ထုတ္ျပန္ခ်က္အရ ယူ႐ိုပါလိဂ္
အုပ္စုတြင္းမွာ စီေရာ္နယ္လ္ဒိုဟာ ဂိုးေပါက္ကန္ခ်က္အႀကိမ္(၃၀)ျပဳလုပ္ခဲ့ၿပီး
ဒါက တျခားကစားသမားေတြထက္ ပိုမ်ားတဲ့အေရအတြက္ျဖစ္ခဲ့ပါတယ္။