ယူနိုက်တက်နဲ့ပွဲမှာ ကစားသမားသစ် ထရိုဆာ့ဒ် ပွဲဦးထွက်ပါဝင်ကစားမယ်လို့ အာတီတာ အတည်ပြု

အာဆင်နယ်အသင်းနည်းပြအာတီတာက မနက်ဖြန် မန်ချက်စတာ

ယူနိုက်တက်နဲ့ကစားမယ့်ပွဲမှာ ကစားသမားသစ် ထရိုဆာ့ဒ် ပါဝင်
ကစားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့သောကြာနေ့က ဘရိုက်တန်
တိုက်စစ်ကစားသမား ထရိုဆာ့ဒ်ကို ပေါင်(၂၇)သန်းနဲ့ တရားဝင်
ခေါ်ယူစာချုပ်ခဲ့ပြီး ယူနိုက်တက်နဲ့ကစားမယ့်ပွဲကျရင် အသင်းအတွက်
ပွဲဦးထွက်ပါဝင်ကစားနိုင်မှာပါ။

မီဒီယာတွေက ယူနိုက်တက်နဲ့ပွဲမှာ ထရိုဆာ့ဒက် ပွဲဦးထွက်ခွင့်ရမလား
ဆိုပြီး မေးခွန်းထုတ်ခဲ့တော့ အာတီတာက “ထရိုဆာ့ဒ်ဟာ အသင်းနဲ့အတူ
လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တာကြောင့် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ကစားဖို့

အသင့်ရှိနေပါပြီ”လို့ ဖြေခဲ့ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား

ထရိုဆာ့ဒ်ရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်သလို
ဘရိုက်တန်ဘက်က စာချုပ်သစ်ချုပ်လိုပေမယ့် ထရိုဆာ့ဒ်ဟာ အသင်းကနေ
ထွက်ခွာချင်တာကြောင့် အလွတ်နဲ့မဆုံးရှုံးရအောင် ဘရိုက်တန်အသင်းက
သူ့ကို ရောင်းချဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ထရိုဆာ့ဒ်အတွက် ဘရိုက်တန်အသင်းကို
ပေါင်သန်း(၂၀) အရင်ပေးရမှာဖြစ်ပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက်
နောက်ထပ် ပေါင်(၇)သန်း ပေးချေရမှာပါ။ ထရိုဆာ့ဒ်ဟာ အာဆင်နယ်အသင်းမှာ

ကစားသမားဟောင်း ပီပီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၉)ကို ဝတ်ဆင်ခွင့်
ရရှိမှာဖြစ်ပါတယ်။

[Zawgyi]

အာဆင္နယ္အသင္းနည္းျပအာတီတာက မနက္ျဖန္ မန္ခ်က္စတာ
ယူႏိုက္တက္နဲ႔ကစားမယ့္ပြဲမွာ ကစားသမားသစ္ ထ႐ိုဆာ့ဒ္ ပါဝင္
ကစားမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ဘ႐ိုက္တန္
တိုက္စစ္ကစားသမား ထ႐ိုဆာ့ဒ္ကို ေပါင္(၂၇)သန္းနဲ႔ တရားဝင္
ေခၚယူစာခ်ဳပ္ခဲ့ၿပီး ယူႏိုက္တက္နဲ႔ကစားမယ့္ပြဲက်ရင္ အသင္းအတြက္
ပြဲဦးထြက္ပါဝင္ကစားႏိုင္မွာပါ။

မီဒီယာေတြက ယူႏိုက္တက္နဲ႔ပြဲမွာ ထ႐ိုဆာ့ဒက္ ပြဲဦးထြက္ခြင့္ရမလား
ဆိုၿပီး ေမးခြန္းထုတ္ခဲ့ေတာ့ အာတီတာက “ထ႐ိုဆာ့ဒ္ဟာ အသင္းနဲ႔အတူ

ေလ့က်င့္ခန္းဆင္းေနၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္ကစားဖို႔
အသင့္ရွိေနပါၿပီ”လို႔ ေျဖခဲ့ပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစားသမား
ထ႐ိုဆာ့ဒ္ရဲ႕ လက္ရွိစာခ်ဳပ္က ဒီရာသီကုန္မွာ သက္တမ္းျပည့္မွာျဖစ္သလို
ဘ႐ိုက္တန္ဘက္က စာခ်ဳပ္သစ္ခ်ဳပ္လိုေပမယ့္ ထ႐ိုဆာ့ဒ္ဟာ အသင္းကေန
ထြက္ခြာခ်င္တာေၾကာင့္ အလြတ္နဲ႔မဆုံးရႈံးရေအာင္ ဘ႐ိုက္တန္အသင္းက
သူ႔ကို ေရာင္းခ်ဖို႔ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ထ႐ိုဆာ့ဒ္အတြက္ ဘ႐ိုက္တန္အသင္းကို
ေပါင္သန္း(၂၀) အရင္ေပးရမွာျဖစ္ၿပီး ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္

ေနာက္ထပ္ ေပါင္(၇)သန္း ေပးေခ်ရမွာပါ။ ထ႐ိုဆာ့ဒ္ဟာ အာဆင္နယ္အသင္းမွာ
ကစားသမားေဟာင္း ပီပီ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၁၉)ကို ဝတ္ဆင္ခြင့္
ရရွိမွာျဖစ္ပါတယ္။