ယူနိုက်တက်နဲ့ပွဲမတိုင်ခင် သရဲနီတွေကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်တဲ့ တီကိုနည်းပြ

အက်သလက်တီကို အသင်းဟာမန်ယူနဲ့ယှဉ်ပြိုင်ရမယ့် အိုးလ်ထရက်ဖို့ဒ်ကွင်းက

ပွဲမတိုင်မီ ၂၄ နာရီအလိုမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာသူတို့နည်းပြ

ဒီယေဂိုဆီမြွန်နီ ကပြိုင်ဘက်ကိုစိတ်အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူကို

လုပ်ပြသွားခဲ့တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဒုတိယအကျော့ကစားရမယ့်အဲဒီပွဲမတိုင်ခင်

သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ဆီမြွန်နီက မန်ယူရုပ်သံရဲ့မိုက်ခရိုဖုန်းကို

သူ့ရှေ့ကနေဖယ်ရှားလိုက်တာဖြစ်ပါတယ်။

ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေး(mind game) စတင်တာလို့မီဒီယာတွေကယူဆကြပါတယ်။

သူဟာထိုင်ခုံမှာနေရာယူပြီးနောက် ရှေ့မှာရှိနေတဲ့ မိုက်ခရိုဖုန်းတွေကောင်းစွာ

အလုပ်လုပ်ခြင်းရှိမရှိ ကိုစမ်းသပ်ခဲ့ပါတယ်။

ဒီအချိန်မှာ မန်ယူအသင်းရဲ့တရားဝင်ရုပ်သံဌာနက မိုက်ခရိုဖုန်းဟာ

မန်ယူအသင်းရဲ့အမှတ်တံဆိပ်နဲ့အတူ MUTV ဆိုတဲ့စာတမ်းအထင်းသားပေါ်နေခဲ့တာပါ။

ဒါကြောင့်လည်းဆီမြွန်နီက အဲဒီမိုက်ခရိုဖုန်းကိုသူ့ရှေ့ကနေဖယ်ပြီး ဘေးမှာထားလိုက်ပါတယ်။

ဒီအချိန်မှာ မန်ယူရုပ်သံက ကင်မရာမန်းက ” မလုပ်နဲ့လေ။ ဒါကိုကျုပ်လိုတယ်ဗျ။

ဒါကကျုပ်ဟာ။ ပြန်ထားပေးပါ” လို့ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆီမြွန်နီက ဟန်ပါပါပြုံးရင်းအခြားမိုက်တစ်ခုကိုယူကာ

” မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေဆိုတာ ပွဲအတွင်းမှာလည်းအခုလိုမျိုးဖြစ်နိုင်တာဘဲ” လို့တုံ့ပြန်ခဲ့ပါတယ်။

မန်ယူရုပ်သံရဲ့မိုက်ခရိုဖုန်းဟာ ဘေးကိုချထားခြင်းခံရပေမယ့်

အသံဖမ်းယူနိုင်ခြင်းရှိသေးလို့ ဆီမြွန်နီက သက်သက်မဲ့ ပြိုင်ဘက်မန်ယူကို

စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တာလို့ မီဒီယာတွေကမှတ်ယူကြပါတယ်။

အက်သလက်တီကိုဟာအိမ်ကွင်းမှာ ပထမအကျော့ကစားတုန်းက ၁-၁

သရေကျခဲ့တဲ့အတွက် မန်ယူကိုအခွင့်အရေးပေးလိုက်သလိုဖြစ်ခဲ့တယ်လို့

ဆိုကြပေမယ့် ဆီမြွန်နီကတော့ ပထမအကျော့ရလဒ်နဲ့

သူ့အတွေ့အကြုံအရ နှစ်သင်းစလုံးအတွက် အခွင့်အရေးကိုယ်စီရှိနေပြီး

ကွင်းလယ်ယှဉ်ပြိုင်မှုက ပွဲကိုအဆုံးအဖြတ်ပေးလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္ သရဲနီေတြကို စိတ္ဓာတ္စစ္ဆင္ေရးလုပ္လိုက္တဲ့ တီကိုနည္းျပ

အက္သလက္တီကို အသင္းဟာမန္ယူနဲ႔ယွဥ္ၿပိဳင္ရမယ့္ အိုးလ္ထရက္ဖို႔ဒ္ကြင္းက

ပြဲမတိုင္မီ ၂၄ နာရီအလိုမွာျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာသူတို႔နည္းျပ

ဒီေယဂိုဆီႁမြန္နီ ကၿပိဳင္ဘက္ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္ အျပဳအမူကို

လုပ္ျပသြားခဲ့တယ္လို႔ သိရပါတယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ဒုတိယအေက်ာ့ကစားရမယ့္အဲဒီပြဲမတိုင္ခင္

သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာမွာ ဆီႁမြန္နီက မန္ယူ႐ုပ္သံရဲ႕မိုက္ခ႐ိုဖုန္းကို

သူ႔ေရွ႕ကေနဖယ္ရွားလိုက္တာျဖစ္ပါတယ္။

ဒါဟာ စိတ္ဓာတ္စစ္ဆင္ေရး(mind game) စတင္တာလို႔မီဒီယာေတြကယူဆၾကပါတယ္။

သူဟာထိုင္ခုံမွာေနရာယူၿပီးေနာက္ ေရွ႕မွာရွိေနတဲ့ မိုက္ခ႐ိုဖုန္းေတြေကာင္းစြာ

အလုပ္လုပ္ျခင္းရွိမရွိ ကိုစမ္းသပ္ခဲ့ပါတယ္။

ဒီအခ်ိန္မွာ မန္ယူအသင္းရဲ႕တရားဝင္႐ုပ္သံဌာနက မိုက္ခ႐ိုဖုန္းဟာ

မန္ယူအသင္းရဲ႕အမွတ္တံဆိပ္နဲ႔အတူ MUTV ဆိုတဲ့စာတမ္းအထင္းသားေပၚေနခဲ့တာပါ။

ဒါေၾကာင့္လည္းဆီႁမြန္နီက အဲဒီမိုက္ခ႐ိုဖုန္းကိုသူ႔ေရွ႕ကေနဖယ္ၿပီး ေဘးမွာထားလိုက္ပါတယ္။

ဒီအခ်ိန္မွာ မန္ယူ႐ုပ္သံက ကင္မရာမန္းက ” မလုပ္နဲ႔ေလ။ ဒါကိုက်ဳပ္လိုတယ္ဗ်။

ဒါကက်ဳပ္ဟာ။ ျပန္ထားေပးပါ” လို႔ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း ဆီႁမြန္နီက ဟန္ပါပါၿပဳံးရင္းအျခားမိုက္တစ္ခုကိုယူကာ

” မေမွ်ာ္လင့္ထားတဲ့ျဖစ္ရပ္ေတြဆိုတာ ပြဲအတြင္းမွာလည္းအခုလိုမ်ိဳးျဖစ္ႏိုင္တာဘဲ” လို႔တုံ႔ျပန္ခဲ့ပါတယ္။

မန္ယူ႐ုပ္သံရဲ႕မိုက္ခ႐ိုဖုန္းဟာ ေဘးကိုခ်ထားျခင္းခံရေပမယ့္

အသံဖမ္းယူႏိုင္ျခင္းရွိေသးလို႔ ဆီႁမြန္နီက သက္သက္မဲ့ ၿပိဳင္ဘက္မန္ယူကို

စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္ခဲ့တာလို႔ မီဒီယာေတြကမွတ္ယူၾကပါတယ္။

အက္သလက္တီကိုဟာအိမ္ကြင္းမွာ ပထမအေက်ာ့ကစားတုန္းက ၁-၁

သေရက်ခဲ့တဲ့အတြက္ မန္ယူကိုအခြင့္အေရးေပးလိုက္သလိုျဖစ္ခဲ့တယ္လို႔

ဆိုၾကေပမယ့္ ဆီႁမြန္နီကေတာ့ ပထမအေက်ာ့ရလဒ္နဲ႔

သူ႔အေတြ႕အႀကဳံအရ ႏွစ္သင္းစလုံးအတြက္ အခြင့္အေရးကိုယ္စီရွိေနၿပီး

ကြင္းလယ္ယွဥ္ၿပိဳင္မႈက ပြဲကိုအဆုံးအျဖတ္ေပးလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*