ယူနိုက်တက်နဲ့ပွဲတုန်းက မာတင်နယ်လီရဲ့ ဂိုးကို ခွင့်မပြုခဲ့တာအပါအဝင် ဒီရာသီမှာ VAR ဆုံးဖြတ်ချက်မှားတာက (၆)ကြိမ်အထိရှိ

၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ VAR မှားယွင်း

ဆုံးဖြတ်ခဲ့တဲ့ဖြစ်ရပ်က စုစုပေါင်း(၆)ကြိမ်အထိရှိတယ်လို့ ပရီးမီးယားလိဂ်
ဒိုင်လူကြီးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် နာမည်ကျော်ဒိုင်လူကြီးဟောင်း
ဖြစ်သူ ဟောင်းဝက်ဒ်ဝပ်ဘ်က ဒီဇင်ဘာ(၁)ရက်ကတည်းက စတင်တာဝန်
ထမ်းဆောင်နေပြီး သူနဲ့အတူ ဒိုင်လူကြီးတာဝန်ရှိသူတွေ၊ ဘောလုံးသမားဟောင်း
(၃)ဦး၊ လွတ်လပ်တဲ့အဖွဲ့အစည်းတာဝန်ရှိသူတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်

ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေအားလုံးကို ပြန်ကြည့်ရှုပြီးတော့ VAR ရဲ့
ဆုံးဖြတ်ချက်ကြောင့် အပြောင်းအလဲဖြစ်ခဲ့တဲ့ ဖြစ်ရပ်(၄၈)ခုထဲမှာ (၆)ခုက
မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီမှားယွင်းတဲ့ ဆုံးဖြတ်ချက်ထဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့
ကစားခဲ့တဲ့ပွဲတုန်းက မာတင်နယ်လီရဲ့ သွင်းဂိုးကို ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်လည်း

ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့

ကစားခဲ့ပြီး ယူနိုက်တက်အသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ပထမပိုင်း (၁၂)မိနစ်မှာ
မာတင်နယ်လီဟာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် မာတင်နယ်လီ
ဂိုးမသွင်းခင် ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆင်ကို အော်ဒီဂွါ Foul လုပ်ခဲ့တဲ့အတွက်
ဂိုးမပေးသင့်ဘူးဆိုပြီး VAR ဒိုင်လူကြီးလီမေဆင်က ကွင်းလယ်ဒိုင်ဖြစ်တဲ့
ပေါလ်တီယာနေးကို အကြောင်းကြားခဲ့တာကြောင့် ပေါလ်တီယာနေးဟာ

ဂိုးမပေးခဲ့ပါဘူး။

စက်တင်ဘာလအစောပိုင်းက ချယ်လ်ဆီး(၂-၁)ဝက်စ်ဟမ်းပွဲမှာလည်း ဝက်စ်ဟမ်း

နောက်ခံလူ ကော်နက်က ပွဲပြီးခါနီးမှာ ချေပဂိုးသွင်းခဲ့ပေမယ့် ဂိုးမရခင် ဂိုးသမားမန်ဒီကို
ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ဘိုဝင် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး VAR က
ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

စက်တင်ဘာလအတွင်းမှာပဲ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ်တို့ ဂိုးမရှိ
သရေကျတဲ့ပွဲတုန်းကလည်း ခရစ္စတယ်ပဲလေ့စ်ကစားသမား မစ်ချယ်လ် OG ဖြစ်ခဲ့ပေမယ့်
VAR က ပြစ်ဒဏ်ဘောသာ ပေးခဲ့ပါတယ်။ ဒ့ါအပြင် နော်တင်ဟမ်ဖော်ရက်စ်နဲ့
ဘရန့်ဖို့ဒ်တို့ (၂-၂)ဂိုးစီသရေကျခဲ့တဲ့ပွဲက နော်တင်ဟမ်ဖော်ရက်စ်အသင်း

ပေးလိုက်ရတဲ့ ပယ်နယ်တီ၊ ဖူလ်ဟမ်က ဗီလာကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ

ဗီလာကစားသမား ဒေါက်ဂလပ်စ်လူးဝစ်ဇ်ရဲ့ အနီကတ်ပြစ်ဒဏ်တွေမှာလည်း VAR ရဲ့

ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်
ဖြစ်သူ ဟောင်းဝက်ဒ်ဝပ်ဘ်က လာမယ့်ပရီးမီးယားလိဂ်ပွဲတွေမှာ ဒီလို အမှားတွေ
ထပ်မဖြစ်အောင်ပြင်ဆင်သွားဖို့ ဆန္ဒရှိနေပြီး VAR နည်းစနစ်နဲ့ပတ်သက်လို့
ပရီးမီးယားလိဂ်ကလပ်တာဝန်ရှိသူတွေနဲ့ လာမယ့်နှစ်သစ်မှာ တွေ့ဆုံစကားပြောဆိုဖို့
စီစဉ်ထားပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားမတိုင္ခင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ VAR မွားယြင္း
ဆုံးျဖတ္ခဲ့တဲ့ျဖစ္ရပ္က စုစုေပါင္း(၆)ႀကိမ္အထိရွိတယ္လို႔ ပရီးမီးယားလိဂ္

ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္က အတည္ျပဳခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဒိုင္လူႀကီးမ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒အျဖစ္ နာမည္ေက်ာ္ဒိုင္လူႀကီးေဟာင္း

ျဖစ္သူ ေဟာင္းဝက္ဒ္ဝပ္ဘ္က ဒီဇင္ဘာ(၁)ရက္ကတည္းက စတင္တာဝန္
ထမ္းေဆာင္ေနၿပီး သူနဲ႔အတူ ဒိုင္လူႀကီးတာဝန္ရွိသူေတြ၊ ေဘာလုံးသမားေဟာင္း
(၃)ဦး၊ လြတ္လပ္တဲ့အဖြဲ႕အစည္းတာဝန္ရွိသူေတြဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္

ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေတြအားလုံးကို ျပန္ၾကည့္ရႈၿပီးေတာ့ VAR ရဲ႕
ဆုံးျဖတ္ခ်က္ေၾကာင့္ အေျပာင္းအလဲျဖစ္ခဲ့တဲ့ ျဖစ္ရပ္(၄၈)ခုထဲမွာ (၆)ခုက
မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီမွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ထဲမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔
ကစားခဲ့တဲ့ပြဲတုန္းက မာတင္နယ္လီရဲ႕ သြင္းဂိုးကို ခြင့္မျပဳတဲ့ ဆုံးျဖတ္ခ်က္လည္း
ပါဝင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းက အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔
ကစားခဲ့ၿပီး ယူႏိုက္တက္အသင္းက (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ပထမပိုင္း (၁၂)မိနစ္မွာ

မာတင္နယ္လီဟာ အာဆင္နယ္အတြက္ ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္ မာတင္နယ္လီ
ဂိုးမသြင္းခင္ ယူႏိုက္တက္ကြင္းလယ္လူ အဲရစ္ဆင္ကို ေအာ္ဒီဂြါ Foul လုပ္ခဲ့တဲ့အတြက္
ဂိုးမေပးသင့္ဘူးဆိုၿပီး VAR ဒိုင္လူႀကီးလီေမဆင္က ကြင္းလယ္ဒိုင္ျဖစ္တဲ့
ေပါလ္တီယာေနးကို အေၾကာင္းၾကားခဲ့တာေၾကာင့္ ေပါလ္တီယာေနးဟာ
ဂိုးမေပးခဲ့ပါဘူး။

စက္တင္ဘာလအေစာပိုင္းက ခ်ယ္လ္ဆီး(၂-၁)ဝက္စ္ဟမ္းပြဲမွာလည္း ဝက္စ္ဟမ္း
ေနာက္ခံလူ ေကာ္နက္က ပြဲၿပီးခါနီးမွာ ေခ်ပဂိုးသြင္းခဲ့ေပမယ့္ ဂိုးမရခင္ ဂိုးသမားမန္ဒီကို

ဝက္စ္ဟမ္းတိုက္စစ္ကစားသမား ဘိုဝင္ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္ဆိုၿပီး VAR က
ျပစ္ဒဏ္ေဘာအျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။

စက္တင္ဘာလအတြင္းမွာပဲ ကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ နယူးကာဆယ္တို႔ ဂိုးမရွိ
သေရက်တဲ့ပြဲတုန္းကလည္း ခရစၥတယ္ပဲေလ့စ္ကစားသမား မစ္ခ်ယ္လ္ OG ျဖစ္ခဲ့ေပမယ့္
VAR က ျပစ္ဒဏ္ေဘာသာ ေပးခဲ့ပါတယ္။ ဒ့ါအျပင္ ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔
ဘရန႔္ဖို႔ဒ္တို႔ (၂-၂)ဂိုးစီသေရက်ခဲ့တဲ့ပြဲက ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္း
ေပးလိုက္ရတဲ့ ပယ္နယ္တီ၊ ဖူလ္ဟမ္က ဗီလာကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ

ဗီလာကစားသမား ေဒါက္ဂလပ္စ္လူးဝစ္ဇ္ရဲ႕ အနီကတ္ျပစ္ဒဏ္ေတြမွာလည္း VAR ရဲ႕
ဆုံးျဖတ္ခ်က္ေတြ မွားယြင္းခဲ့ပါတယ္။ ပရီးမီးယားလိဂ္ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္ ဥကၠ႒သစ္

ျဖစ္သူ ေဟာင္းဝက္ဒ္ဝပ္ဘ္က လာမယ့္ပရီးမီးယားလိဂ္ပြဲေတြမွာ ဒီလို အမွားေတြ
ထပ္မျဖစ္ေအာင္ျပင္ဆင္သြားဖို႔ ဆႏၵရွိေနၿပီး VAR နည္းစနစ္နဲ႔ပတ္သက္လို႔
ပရီးမီးယားလိဂ္ကလပ္တာဝန္ရွိသူေတြနဲ႔ လာမယ့္ႏွစ္သစ္မွာ ေတြ႕ဆုံစကားေျပာဆိုဖို႔
စီစဥ္ထားပါတယ္။