





အခုချိန်မှာ နှုတ်ရေးအရ သဘောတူညီမှုရရှိသွားပြီဖြစ်လို့ အဲရစ်တန်ဟက်ဟာ
အနှေးနဲ့အမြန်ဆိုသလိုပဲ မန်ယူရဲ့အမြဲတမ်းနည်းပြသစ်ဖြစ်လာတော့မှာပါ။





သူ့ကို မန်ယူနည်းပြအဖြစ် ခန့်အပ်တာနဲ့ပတ်သက်လို့ မေးခွန်ထုတ်သူက
အနည်းအကျဉ်းသာ ရှိပါတယ်။ ယူနိုက်တက်ပရိသတ်အများစုကလည်း
အဲဒီနယ်သာလန်နည်းပြကို ခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့ ထောက်ခံမှုရှိခဲ့ကြတာပါ။





ဒါ့အပြင် အဲဒီအေဂျက်နည်းပြဟာ ဘဝတူနည်းပြတွေရဲ့လေးစားမှုကိုလည်း ရရှိထားပါတယ်။
လက်ရှိကမ္ဘာ့ဘောလုံးမှာ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်နဲ့ မန်စီးတီးနည်ပြ





ဂွါဒီယိုလာတို့ဟာ အကောင်းဆုံးနည်းပြတွေဖြစ်ကြတာပါ။
သူတို့နှစ်ယောက်ကလည်း မန်ယူနည်ပြလောင်းတန်ဟက်နဲ့ပတ်သက်လို့
အခုလိုမြင်ထားကြပါတယ်။ လီဗာပူးနည်းပြကလော့ပ်က”တန်ဟက်ဟာ လက်ရှိအချိန်





ကမ္ဘာ့ဘောလုံးရဲ့စိတ်လှုပ်ရှားစရာ အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်အဖြစ်
ထိုက်ထိုက်တန်တန်ပဲ သတ်မှတ်ခံထားရတာပါ။ ဘာကြောင့်လဲဆိုတော့ အေဂျက်မှာ





သူလုပ်ပြနိုင်နေတာကိုပဲကြည့်လေ။ မကြာသေးခင်ရာသီတွေမှာ အဓိကကျသူတွေကို
လက်လွှတ်ခဲ့ရပေမယ့် သူတို့ဟာ အရင်ပုံစံအတိုင်းပါပဲ။ ဒေါ့မန်မှာ ကျွန်တော်က
အဲဒီအတွေ့အကြုံရခဲ့တာဆိုတော့ အဲဒီရဲ့ခံစားမှုနဲ့ စိန်ခေါ်မှုကို နားလည်ပါတယ်။





အသင်းပုံစံမပျက်ခဲ့သလို သူတို့ဟာ အားဖြည့်မှုကောင်းကောင်းလည်း လုပ်နိုင်ခဲ့တာပါ။
သူတို့မှာ ရှင်းလင်းတဲ့ကိုယ်ပိုင်ဟန်ရှိပါတယ်။ သူတို့ကစားတာကို ကြည့်ရတာ





ကြိုက်တယ်လို့ ပြောမှာပါ”လို့ ဆိုခဲ့တာပါ။ မန်စီးတီးနည်းပြဂွါဒီယိုလာကလည်း
”ကျွန်တော် သူနဲ့ ပုံမှန်နီးပါး စကားပြောကြပြီး တန်ဟက်ဟာ မယုံနိုင်စရာ
လူပုဂ္ဂိုလ်တစ်ယောက်ပါ။ သူ့ရဲ့နှိမ့်ချတတ်မှုကိုလည်း ကျွန်တော်အံ့အားသင့်ရပါတယ်။





သူ့အရည်အသွေးနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့နှစ်တွေက အေဂျက်ကိုပဲ ကြည့်လိုက်ပါ။
ချန်ပီယံလိဂ်ဆီးမီးရောက်တဲ့နှစ်တင်မဟုတ်ဘဲ အခြားနှစ်တွေမှာလည်း





သူတို့ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။
နည်းပြတစ်ယောက်ကို အကဲဖြတ်ဖို့ဆို သူ့အသင်းပွဲတွေကို ကာလရှည်ကြာကြည့်ရမှာပါ။
သူက ကစားပုံကောင်းကောင်းနဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့တယ်ဆိုတာ





သံသယရှိစရာမလိုပါဘူး။ သူ့ကို ခေါ်သင့်တယ်လို့ ကျွန်တော် မန်ယူကို ဖုန်းဆက်
ပြောမယ်ဆိုတာ ရာနှုန်းပြည့်သေချာလားဆိုရင် ဘယ်သူသိနိုင်မလဲဗျာ”လို့ ပြောကြားခဲ့ပါတယ်။





zawgyi
ယူႏိုက္တက္နည္းျပသစ္အေပၚ လက္ရွိ နည္းျပေလာကရဲ႕ ဆရာႏွစ္ဆူရဲ႕အျမင္
အခုခ်ိန္မွာ ႏႈတ္ေရးအရ သေဘာတူညီမႈရရွိသြားၿပီျဖစ္လို႔ အဲရစ္တန္ဟက္ဟာ





အေႏွးနဲ႔အျမန္ဆိုသလိုပဲ မန္ယူရဲ႕အၿမဲတမ္းနည္းျပသစ္ျဖစ္လာေတာ့မွာပါ။
သူ႔ကို မန္ယူနည္းျပအျဖစ္ ခန႔္အပ္တာနဲ႔ပတ္သက္လို႔ ေမးခြန္ထုတ္သူက





အနည္းအက်ဥ္းသာ ရွိပါတယ္။ ယူႏိုက္တက္ပရိသတ္အမ်ားစုကလည္း
အဲဒီနယ္သာလန္နည္းျပကို ခန႔္အပ္ခဲ့တာနဲ႔ပတ္သက္လို႔ ေထာက္ခံမႈရွိခဲ့ၾကတာပါ။
ဒါ့အျပင္ အဲဒီေအဂ်က္နည္းျပဟာ ဘဝတူနည္းျပေတြရဲ႕ေလးစားမႈကိုလည္း ရရွိထားပါတယ္။





လက္ရွိကမာၻ႔ေဘာလုံးမွာ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္နဲ႔ မန္စီးတီးနည္ျပ
ဂြါဒီယိုလာတို႔ဟာ အေကာင္းဆုံးနည္းျပေတြျဖစ္ၾကတာပါ။





သူတို႔ႏွစ္ေယာက္ကလည္း မန္ယူနည္ျပေလာင္းတန္ဟက္နဲ႔ပတ္သက္လို႔
အခုလိုျမင္ထားၾကပါတယ္။ လီဗာပူးနည္းျပကေလာ့ပ္က”တန္ဟက္ဟာ လက္ရွိအခ်ိန္
ကမာၻ႔ေဘာလုံးရဲ႕စိတ္လႈပ္ရွားစရာ အေကာင္းဆုံးနည္းျပေတြထဲက တစ္ေယာက္အျဖစ္





ထိုက္ထိုက္တန္တန္ပဲ သတ္မွတ္ခံထားရတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေအဂ်က္မွာ
သူလုပ္ျပႏိုင္ေနတာကိုပဲၾကည့္ေလ။ မၾကာေသးခင္ရာသီေတြမွာ အဓိကက်သူေတြကို





လက္လႊတ္ခဲ့ရေပမယ့္ သူတို႔ဟာ အရင္ပုံစံအတိုင္းပါပဲ။ ေဒါ့မန္မွာ ကြၽန္ေတာ္က
အဲဒီအေတြ႕အႀကဳံရခဲ့တာဆိုေတာ့ အဲဒီရဲ႕ခံစားမႈနဲ႔ စိန္ေခၚမႈကို နားလည္ပါတယ္။
အသင္းပုံစံမပ်က္ခဲ့သလို သူတို႔ဟာ အားျဖည့္မႈေကာင္းေကာင္းလည္း လုပ္ႏိုင္ခဲ့တာပါ။





သူတို႔မွာ ရွင္းလင္းတဲ့ကိုယ္ပိုင္ဟန္ရွိပါတယ္။ သူတို႔ကစားတာကို ၾကည့္ရတာ
ႀကိဳက္တယ္လို႔ ေျပာမွာပါ”လို႔ ဆိုခဲ့တာပါ။ မန္စီးတီးနည္းျပဂြါဒီယိုလာကလည္း





”ကြၽန္ေတာ္ သူနဲ႔ ပုံမွန္နီးပါး စကားေျပာၾကၿပီး တန္ဟက္ဟာ မယုံႏိုင္စရာ
လူပုဂၢိဳလ္တစ္ေယာက္ပါ။ သူ႔ရဲ႕ႏွိမ့္ခ်တတ္မႈကိုလည္း ကြၽန္ေတာ္အံ့အားသင့္ရပါတယ္။
သူ႔အရည္အေသြးနဲ႔ပတ္သက္ရင္ ၿပီးခဲ့တဲ့ႏွစ္ေတြက ေအဂ်က္ကိုပဲ ၾကည့္လိုက္ပါ။





ခ်န္ပီယံလိဂ္ဆီးမီးေရာက္တဲ့ႏွစ္တင္မဟုတ္ဘဲ အျခားႏွစ္ေတြမွာလည္း
သူတို႔ ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။





နည္းျပတစ္ေယာက္ကို အကဲျဖတ္ဖို႔ဆို သူ႔အသင္းပြဲေတြကို ကာလရွည္ၾကာၾကည့္ရမွာပါ။
သူက ကစားပုံေကာင္းေကာင္းနဲ႔ အသင္းတစ္သင္းကို တည္ေဆာက္ႏိုင္ခဲ့တယ္ဆိုတာ
သံသယရွိစရာမလိုပါဘူး။ သူ႔ကို ေခၚသင့္တယ္လို႔ ကြၽန္ေတာ္ မန္ယူကို ဖုန္းဆက္





ေျပာမယ္ဆိုတာ ရာႏႈန္းျပည့္ေသခ်ာလားဆိုရင္ ဘယ္သူသိႏိုင္မလဲဗ်ာ”လို႔ ေျပာၾကားခဲ့ပါတယ္။
Leave a Reply