





မန်ချက်စတာယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်က နည်းပြသစ်ဖြစ်လာဖို့
နီးစပ်နေတဲ့ အဲရစ်တန်ဟက်ဟာ ထိပ်တန်းအဆင့်နည်းပြတစ်ဦးဖြစ်တယ်လို့





ချီးကျူးစကားဆိုလိုက်ပါတယ်။ အေဂျက်စ်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့
အဲရစ်တန်ဟက်ဟာ ရာသီကုန်ကျရင် ယူနိုက်တက်နည်းပြထိုင်ခုံပေါ်ရောက်လာဖို့
ရေပန်းစားနေပြီး နည်းပြရာထူးအတွက် ယူနိုက်တက်တာဝန်ရှိသူတွေနဲ့





ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့ချိန်ကတကည်းက တာဝန်ရှိသူတွေဟာ
အဲရစ်တန်ဟက်ရဲ့အရည်အသွေးကို ကြိုက်နှက်သက်ခဲ့တာဖြစ်ပါတယ်။





ယူနိုက်တက်အသင်းအနေနဲ့ အဲရစ်တန်ဟက်ကို နည်းပြသစ်ခန့်မယ်ဆိုရင်
လျော်ကြေးအဖြစ် ပေါင်(၁.၇)သန်းသာပေးချေရမှာဖြစ်ပြီး အဲရစ်တန်ဟက်က
အသင်းကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ (၅)နှစ်စာစီမံကိန်းပြင်ဆင်ထားပြီးဖြစ်တယ်လို့





သတင်းထွက်နေပါတယ်။ အဲရစ်တန်ဟက်ကို နည်းပြသစ်ခန့်မယ့်ကိစ္စနဲ့ပတ်သက်လို့
လက်ရှိယာယီနည်းပြဖြစ်တဲ့ရန်နစ်ခ်ကလည်း အားပေးထောက်ခံနေပြီး





အဲရစ်တန်ဟက်ဟာ ထိပ်တန်းအဆင့်နည်းပြဖြစ်တယ်လို့ချီးကျူးခဲ့ပါတယ်။
ရန်နစ်ခ်က “ယူနိုက်တက်တာဝန်ရှိသူတွေဟာ နည်းပြရာထူးအတွက်
ထိပ်တန်းအဆင့်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးနေတာဖြစ်ပြီး သူတို့အင်တာဗျူးတဲ့အထဲမှာ





အဲရစ်တန်ဟက်လည်းပါမယ်ဆိုရင် သူ့ကိုလည်း ထိပ်တန်းအဆင့်နည်းပြတွေထဲက
တစ်ဦးအဖြစ် သတ်မှတ်နိုင်ပါတယ်။ သူကလည်း အရည်အချင်းရှိတဲ့နည်းပြတစ်ယောက်ပါ။





ဒါပေမဲ့ အခုလောလောဆယ်တော့ ကျွန်တော်လည်း ဒီလောက်ပဲပြောနိုင်ပါတယ်။
နည်းပြသစ်ဘယ်သူဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်
ဘာမှမပြောချင်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။





zawgyi
ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔ရွိေနတဲ့ အဲရစ္တန္ဟက္ကို လက္ရွိနည္းျပရန္နစ္ခ္ ခ်ီးက်ဴး





မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္က နည္းျပသစ္ျဖစ္လာဖို႔
နီးစပ္ေနတဲ့ အဲရစ္တန္ဟက္ဟာ ထိပ္တန္းအဆင့္နည္းျပတစ္ဦးျဖစ္တယ္လို႔
ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။ ေအဂ်က္စ္အသင္းကို လက္ရွိကိုင္တြယ္ေနတဲ့





အဲရစ္တန္ဟက္ဟာ ရာသီကုန္က်ရင္ ယူႏိုက္တက္နည္းျပထိုင္ခုံေပၚေရာက္လာဖို႔
ေရပန္းစားေနၿပီး နည္းျပရာထူးအတြက္ ယူႏိုက္တက္တာဝန္ရွိသူေတြနဲ႔





ပထမဆုံးေတြ႕ဆုံေဆြးေႏြးခဲ့ခ်ိန္ကတကည္းက တာဝန္ရွိသူေတြဟာ
အဲရစ္တန္ဟက္ရဲ႕အရည္အေသြးကို ႀကိဳက္ႏွက္သက္ခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းအေနနဲ႔ အဲရစ္တန္ဟက္ကို နည္းျပသစ္ခန႔္မယ္ဆိုရင္





ေလ်ာ္ေၾကးအျဖစ္ ေပါင္(၁.၇)သန္းသာေပးေခ်ရမွာျဖစ္ၿပီး အဲရစ္တန္ဟက္က
အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔ (၅)ႏွစ္စာစီမံကိန္းျပင္ဆင္ထားၿပီးျဖစ္တယ္လို႔





သတင္းထြက္ေနပါတယ္။ အဲရစ္တန္ဟက္ကို နည္းျပသစ္ခန႔္မယ့္ကိစၥနဲ႔ပတ္သက္လို႔
လက္ရွိယာယီနည္းျပျဖစ္တဲ့ရန္နစ္ခ္ကလည္း အားေပးေထာက္ခံေနၿပီး
အဲရစ္တန္ဟက္ဟာ ထိပ္တန္းအဆင့္နည္းျပျဖစ္တယ္လို႔ခ်ီးက်ဴးခဲ့ပါတယ္။





ရန္နစ္ခ္က “ယူႏိုက္တက္တာဝန္ရွိသူေတြဟာ နည္းျပရာထူးအတြက္
ထိပ္တန္းအဆင့္ရွိသူေတြနဲ႔ေတြ႕ဆုံေဆြးေႏြးေနတာျဖစ္ၿပီး သူတို႔အင္တာဗ်ဴးတဲ့အထဲမွာ





အဲရစ္တန္ဟက္လည္းပါမယ္ဆိုရင္ သူ႔ကိုလည္း ထိပ္တန္းအဆင့္နည္းျပေတြထဲက
တစ္ဦးအျဖစ္ သတ္မွတ္ႏိုင္ပါတယ္။ သူကလည္း အရည္အခ်င္းရွိတဲ့နည္းျပတစ္ေယာက္ပါ။
ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ ကြၽန္ေတာ္လည္း ဒီေလာက္ပဲေျပာႏိုင္ပါတယ္။





နည္းျပသစ္ဘယ္သူျဖစ္လာႏိုင္လဲဆိုတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္
ဘာမွမေျပာခ်င္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။
Leave a Reply