ယူနိုက်တက်နည်းပြဘ၀ ပွဲပေါင်း(၂၅)ပွဲအပြီးမှာ ဖာဂူဆန်ထက်တောင် ရလဒ်ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ အသင်းကို

အကောင်းဆုံး ဦးဆောင်နေပြီး အခုလောလောဆယ် ပရီးမီးယားလိဂ်
အဆင့်(၄)နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့သလို ပြိုင်ပွဲစုံ
နောက်ဆုံး(၆)ပွဲဆက် အနိုင်ရခဲ့ပါတယ်။

ဒီရာသီအစကမှ ယူနိုက်တက်နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့
အဲရစ်တန်ဟက်ဟာ ပြိုင်ပွဲစုံ(၂၅)ပွဲအပြီးမှာ (၁၈)ပွဲအထိအနိုင်ရခဲ့ပြီး
အနိုင်ရတဲ့အထဲမှာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်၊ လီဗာပူးလ်၊
စပါးတို့လို ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင် အသင်းတွေပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နောက်ဆုံးနည်းပြ(၁၀)ဦးထဲမှာ ပွဲပေါင်း(၂၅)ပွဲအပြီး
အဲရစ်တန်ဟက်လောက် ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်တဲ့သူ တစ်ယောက်မှ

မရှိခဲ့ပါဘူး။ အဲရစ်တန်ဟက်ဟာ ပရီးမီးယားလိဂ်မှာ (၁၁)ပွဲအနိုင်နဲ့ အဆင့်(၄)နေရာမှာ
ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့သလို လိဂ်ဖလားကွာတားဖိုင်နယ်၊ ယူရိုပါလိဂ်မှာ
ရှုံးထွက် Play off အဆင့်တွေ ရောက်ရှိအောင် ပို့ဆောင်ထားပါတယ်။

ပြိုင်ပွဲစုံ(၂၅)ပွဲအပြီးမှာ အဲရစ်တန်ဟက်က စုစုပေါင်းနိုင်ပွဲ (၁၈)ပွဲအထိရယူခဲ့ပြီး
ဒါက အသင်းရဲ့ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်တောင် မစွမ်းဆောင်နိုင်တဲ့ မှတ်တမ်းပါပဲ။
ဖာဂူဆန်ရဲ့ ယူနိုက်တက်နည်းပြဘဝအစပိုင်းမှာ ပွဲပေါင်း(၂၅)ပွဲအပြီး၊ နိုင်ပွဲ
(၁၂)ပွဲသာရရှိခဲ့တာကြောင့် အဲရစ်တန်ဟက်ထက် နိုင်ပွဲအရေအတွက်

နည်းပါးခဲ့ပေမယ့် ဖာဂူဆန်လို ကြီးမားတဲ့အောင်မြင်မှုမျိုးရယူနိုင်ဖို့ အဲရစ်တန်ဟက်
တော်တော်လေး ရုန်းကန်ရမှာပါ။

အဲရစ်တန်ဟက်ရဲ့ နိုင်ပွဲမှတ်တမ်းက နာမည်ကျော်နည်းပြဟောင်း မော်ရင်ဟို၊
ယူနိုက်တက်နည်းပြဘဝမှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒေးဗစ်မွိုက်စ်တို့ထက်
ပိုသာခဲ့ပါတယ်။ အဲရစ်တန်ဟက်မတိုင်ခင်က (၂၅)ပွဲအပြီးမှာ နိုင်ပွဲအများဆုံး
ရယူနိုင်ခဲ့တာက နည်းပြဟောင်းဆိုးလ်ရှားဖြစ်ပြီး (၁၆)ပွဲအနိုင်ရခဲ့ပေမယ့် အခု
အဲရစ်တန်ဟက်က ဆိုးလ်ရှားရဲ့ နိုင်ပွဲအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္ဟာ အသင္းကို
အေကာင္းဆုံး ဦးေဆာင္ေနၿပီး အခုေလာေလာဆယ္ ပရီးမီးယားလိဂ္

အဆင့္(၄)ေနရာမွာ ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ခဲ့သလို ၿပိဳင္ပြဲစုံ
ေနာက္ဆုံး(၆)ပြဲဆက္ အႏိုင္ရခဲ့ပါတယ္။

ဒီရာသီအစကမွ ယူႏိုက္တက္နည္းျပအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့တဲ့
အဲရစ္တန္ဟက္ဟာ ၿပိဳင္ပြဲစုံ(၂၅)ပြဲအၿပီးမွာ (၁၈)ပြဲအထိအႏိုင္ရခဲ့ၿပီး
အႏိုင္ရတဲ့အထဲမွာ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္၊ လီဗာပူးလ္၊
စပါးတို႔လို ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးစာရင္းဝင္ အသင္းေတြပါဝင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ေနာက္ဆုံးနည္းျပ(၁၀)ဦးထဲမွာ ပြဲေပါင္း(၂၅)ပြဲအၿပီး
အဲရစ္တန္ဟက္ေလာက္ ရလဒ္ေကာင္းေအာင္ စြမ္းေဆာင္ႏိုင္တဲ့သူ တစ္ေယာက္မွ
မရွိခဲ့ပါဘူး။ အဲရစ္တန္ဟက္ဟာ ပရီးမီးယားလိဂ္မွာ (၁၁)ပြဲအႏိုင္နဲ႔ အဆင့္(၄)ေနရာမွာ

ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ခဲ့သလို လိဂ္ဖလားကြာတားဖိုင္နယ္၊ ယူ႐ိုပါလိဂ္မွာ
ရႈံးထြက္ Play off အဆင့္ေတြ ေရာက္ရွိေအာင္ ပို႔ေဆာင္ထားပါတယ္။

ၿပိဳင္ပြဲစုံ(၂၅)ပြဲအၿပီးမွာ အဲရစ္တန္ဟက္က စုစုေပါင္းႏိုင္ပြဲ (၁၈)ပြဲအထိရယူခဲ့ၿပီး
ဒါက အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ေတာင္ မစြမ္းေဆာင္ႏိုင္တဲ့ မွတ္တမ္းပါပဲ။
ဖာဂူဆန္ရဲ႕ ယူႏိုက္တက္နည္းျပဘဝအစပိုင္းမွာ ပြဲေပါင္း(၂၅)ပြဲအၿပီး၊ ႏိုင္ပြဲ
(၁၂)ပြဲသာရရွိခဲ့တာေၾကာင့္ အဲရစ္တန္ဟက္ထက္ ႏိုင္ပြဲအေရအတြက္
နည္းပါးခဲ့ေပမယ့္ ဖာဂူဆန္လို ႀကီးမားတဲ့ေအာင္ျမင္မႈမ်ိဳးရယူႏိုင္ဖို႔ အဲရစ္တန္ဟက္

ေတာ္ေတာ္ေလး ႐ုန္းကန္ရမွာပါ။

အဲရစ္တန္ဟက္ရဲ႕ ႏိုင္ပြဲမွတ္တမ္းက နာမည္ေက်ာ္နည္းျပေဟာင္း ေမာ္ရင္ဟို၊

ယူႏိုက္တက္နည္းျပဘဝမွာ စိတ္ပ်က္စရာေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ေဒးဗစ္မြိဳက္စ္တို႔ထက္
ပိုသာခဲ့ပါတယ္။ အဲရစ္တန္ဟက္မတိုင္ခင္က (၂၅)ပြဲအၿပီးမွာ ႏိုင္ပြဲအမ်ားဆုံး
ရယူႏိုင္ခဲ့တာက နည္းျပေဟာင္းဆိုးလ္ရွားျဖစ္ၿပီး (၁၆)ပြဲအႏိုင္ရခဲ့ေပမယ့္ အခု
အဲရစ္တန္ဟက္က ဆိုးလ္ရွားရဲ႕ ႏိုင္ပြဲအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။