ယူနိုက်တက်တိုက်စစ်အတွက် ဟယ်ရီကိန်းဟာ အသင့်တော်ဆုံးအဖြေဖြစ်တယ်လို့ ရှရင်ဂမ် သုံးသပ်

အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ချက်စတာယူနိုက်တက်

တိုက်စစ်အတွက် အကောင်းဆုံးအဖြေတစ်ခုဖြစ်တယ်လို့ စပါးနဲ့
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရှရင်ဂမ်က သုံးသပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဟာ လာမယ့်နွေရာသီ
အပြောင်းအရွှေ့ကျရင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့
ပစ်မှတ်ထားနေပြီး ဟယ်ရီကိန်းကို အဓိကဦးစားပေးအဖြစ်
သတ်မှတ်ထားပါတယ်။

ဟယ်ရီကိန်းရဲ့ လက်ရှိစာချုပ်က ၂၀၂၄ ကျရင် သက်တမ်းကုန်ဆုံးမှာ
ဖြစ်ပြီး စပါးအသင်းနဲ့စာချုပ်သစ်ချုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်နေပေမယ့် ရှရင်ဂမ်ကတော့ ဟယ်ရီကိန်းကို ခေါ်ယူဖို့

တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ကြီးမားတဲ့

ဆုဖလားအောင်မြင်မှုရယူခဲ့သူ ရှရင်ဂမ်က “ဟယ်ရီကိန်းဟာ ယူနိုက်တက်
အတွက် တကယ်အကျိုးရှိတဲ့ကစားသမားခေါ်ယူမှုဖြစ်လာနိုင်ပြီး
အသင်းတိုက်စစ်ပိုင်းအတွက် အကောင်းဆုံးအဖြေဖြစ်ပါတယ်။

အသင်းပြောင်းဖို့ကိစ္စကတော့ ဟယ်ရီကိန်း ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။
စပါးအသင်းနဲ့လမ်းခွဲခဲ့ချိန်တုန်းကလည်း ကျွန်တော့်အတွက် ခက်ခဲတဲ့
ဆုံးဖြတ်ချက် ချခဲ့ရတာဖြစ်ပြီး အဲဒီအချိန်က အသင်းရဲ့ ရည်မှန်းချက်တွေ
အပေါ် အားမရတာကြောင့်ဖြစ်ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ လက်ရှိ

စပါးအသင်းရဲ့အနေအထားကို သူကိုယ်တိုင် သုံးသပ်လေ့လာရမှာ
ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

အဂၤလန္ဝါရင့္တိုက္စစ္မႉး ဟယ္ရီကိန္းဟာ မန္ခ်က္စတာယူႏိုက္တက္
တိုက္စစ္အတြက္ အေကာင္းဆုံးအေျဖတစ္ခုျဖစ္တယ္လို႔ စပါးနဲ႔
မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး ရွရင္ဂမ္က သုံးသပ္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းနည္းျပအဲရစ္တန္ဟက္ဟာ လာမယ့္ေႏြရာသီ
အေျပာင္းအေ႐ႊ႕က်ရင္ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးေခၚယူဖို႔
ပစ္မွတ္ထားေနၿပီး ဟယ္ရီကိန္းကို အဓိကဦးစားေပးအျဖစ္
သတ္မွတ္ထားပါတယ္။

ဟယ္ရီကိန္းရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၄ က်ရင္ သက္တမ္းကုန္ဆုံးမွာ
ျဖစ္ၿပီး စပါးအသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ သတင္းေတြ

ထြက္ေပၚေနေပမယ့္ ရွရင္ဂမ္ကေတာ့ ဟယ္ရီကိန္းကို ေခၚယူဖို႔
တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္အပါအဝင္ ႀကီးမားတဲ့
ဆုဖလားေအာင္ျမင္မႈရယူခဲ့သူ ရွရင္ဂမ္က “ဟယ္ရီကိန္းဟာ ယူႏိုက္တက္
အတြက္ တကယ္အက်ိဳးရွိတဲ့ကစားသမားေခၚယူမႈျဖစ္လာႏိုင္ၿပီး
အသင္းတိုက္စစ္ပိုင္းအတြက္ အေကာင္းဆုံးအေျဖျဖစ္ပါတယ္။

အသင္းေျပာင္းဖို႔ကိစၥကေတာ့ ဟယ္ရီကိန္း ကိုယ္တိုင္ပဲ ဆုံးျဖတ္ရမွာပါ။
စပါးအသင္းနဲ႔လမ္းခြဲခဲ့ခ်ိန္တုန္းကလည္း ကြၽန္ေတာ့္အတြက္ ခက္ခဲတဲ့
ဆုံးျဖတ္ခ်က္ ခ်ခဲ့ရတာျဖစ္ၿပီး အဲဒီအခ်ိန္က အသင္းရဲ႕ ရည္မွန္းခ်က္ေတြ

အေပၚ အားမရတာေၾကာင့္ျဖစ္ပါတယ္။ ဟယ္ရီကိန္းအေနနဲ႔ လက္ရွိ
စပါးအသင္းရဲ႕အေနအထားကို သူကိုယ္တိုင္ သုံးသပ္ေလ့လာရမွာ
ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။