
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ
ပရီးမီးယားလိဂ်ပွဲပေါင်း(၄၀၀)ပြည့်ခဲ့သလို ဂန္ထဝင်ဂိုးသမားကြီး
ရှမိုက်ကယ်ရဲ့ Clean Sheets စံချိန် ပွဲအရေအတွက်ကို အမီလိုက်နိုင်ခဲ့
ပြီဖြစ်ပါတယ်။
လိဒ်စ်အသင်းနဲ့ပွဲမှာ ဒီဂီယာက ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက်
ပရီးမီးယားလိဂ်ပွဲ(၄၀၀)ပြည့်ကစားခွင့်ရတဲ့ ပထမဆုံးဂိုးသမားအဖြစ်
စံချိန်တင်နိုင်သလို ပရီးမီးယားလိဂ်နာမည်ကျော်ဂိုးသမားဟောင်းတွေ
ဖြစ်ကြတဲ့ ဂစ်ဗင်း(၃၃နှစ်၊ ၃၃၅ရက်)၊ ဒေးဗစ်ဂျိမ်းစ် (၃၄နှစ်၊ ၂၈၇ ရက်)၊
ပီတာချက် (၃၄နှစ်၊ ၃၅၈ ရက်)၊ ရှဝါဇာ (၃၇နှစ်၊ ၁၇၂ ရက်)တို့ကို
ကျော်ဖြတ်ပြီး အသက်(၃၂)နှစ်၊ (၉၇)ရက်နဲ့ ပရီးမီးယားလိဂ်ပွဲ(၄၀၀)ပြည့်
မှတ်တမ်း ပိုင်ဆိုင်ခဲ့သူ အသက်အငယ်ဆုံးဂိုးသမားအဖြစ်လည်း
စံချိန်တင်ခဲ့ပါတယ်။
ဒါ့အပြင် ဒီဂီယာဟာ ဗြိတိန် ဒါမှမဟုတ် အိုင်ယာလန်ပြင်ပက
ကစားသမားတွေထဲမှာ ကလပ်အသင်းတစ်သင်းနဲ့ ပရီးမီးယားလိဂ်
ပွဲ(၄၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားစံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
ဒီဂီယာရဲ့ ပရီးမီးယားလိဂ်ပွဲ(၄၀၀)ပြည့်မှာ လိဒ်စ်အသင်းကို (၂-ဝ)ဂိုးနဲ့
အနိုင်ရခဲ့တာကြောင့် ကျေနပ်စရာဖြစ်ခဲ့သလို ပိုပြီး ကျေနပ်ဖို့ကောင်းတာက
ယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ရဲ့ Clean Sheets ပွဲ
အရေအတွက်ကို အမီလိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာ ၁၉၉၁ ကနေ ၁၉၉၉ ခုနှစ်အထိကစားခဲ့သူ
ရှမိုက်ကယ်ဟာ ပွဲပေါင်း(၃၉၈)ပွဲကစား၊ Clean Sheets (၁၇၈)ပွဲအထိ
ရယူခဲ့ပြီး အခုအချိန်မှာတော့ ဒီဂီယာက အဲဒီပွဲအရေအတွက်နဲ့
တူညီသွားပါပြီ။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ဒီဂီယာဟာ လိဒ္စ္အသင္းနဲ႔ပြဲမွာ
ပရီးမီးယားလိဂ္ပြဲေပါင္း(၄၀၀)ျပည့္ခဲ့သလို ဂႏၴဝင္ဂိုးသမားႀကီး
ရွမိုက္ကယ္ရဲ႕ Clean Sheets စံခ်ိန္ ပြဲအေရအတြက္ကို အမီလိုက္ႏိုင္ခဲ့
ၿပီျဖစ္ပါတယ္။
လိဒ္စ္အသင္းနဲ႔ပြဲမွာ ဒီဂီယာက ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္
ပရီးမီးယားလိဂ္ပြဲ(၄၀၀)ျပည့္ကစားခြင့္ရတဲ့ ပထမဆုံးဂိုးသမားအျဖစ္
စံခ်ိန္တင္ႏိုင္သလို ပရီးမီးယားလိဂ္နာမည္ေက်ာ္ဂိုးသမားေဟာင္းေတြ
ျဖစ္ၾကတဲ့ ဂစ္ဗင္း(၃၃ႏွစ္၊ ၃၃၅ရက္)၊ ေဒးဗစ္ဂ်ိမ္းစ္ (၃၄ႏွစ္၊ ၂၈၇ ရက္)၊
ပီတာခ်က္ (၃၄ႏွစ္၊ ၃၅၈ ရက္)၊ ရွဝါဇာ (၃၇ႏွစ္၊ ၁၇၂ ရက္)တို႔ကို
ေက်ာ္ျဖတ္ၿပီး အသက္(၃၂)ႏွစ္၊ (၉၇)ရက္နဲ႔ ပရီးမီးယားလိဂ္ပြဲ(၄၀၀)ျပည့္
မွတ္တမ္း ပိုင္ဆိုင္ခဲ့သူ အသက္အငယ္ဆုံးဂိုးသမားအျဖစ္လည္း
စံခ်ိန္တင္ခဲ့ပါတယ္။
ဒါ့အျပင္ ဒီဂီယာဟာ ၿဗိတိန္ ဒါမွမဟုတ္ အိုင္ယာလန္ျပင္ပက
ကစားသမားေတြထဲမွာ ကလပ္အသင္းတစ္သင္းနဲ႔ ပရီးမီးယားလိဂ္
ပြဲ(၄၀၀)ျပည့္ခဲ့တဲ့ ပထမဆုံးကစားသမားစံခ်ိန္ကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။
ဒီဂီယာရဲ႕ ပရီးမီးယားလိဂ္ပြဲ(၄၀၀)ျပည့္မွာ လိဒ္စ္အသင္းကို (၂-ဝ)ဂိုးနဲ႔
အႏိုင္ရခဲ့တာေၾကာင့္ ေက်နပ္စရာျဖစ္ခဲ့သလို ပိုၿပီး ေက်နပ္ဖို႔ေကာင္းတာက
ယူႏိုက္တက္ဂႏၴဝင္ဂိုးသမားႀကီး ပီတာရွမိုက္ကယ္ရဲ႕ Clean Sheets ပြဲ
အေရအတြက္ကို အမီလိုက္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းမွာ ၁၉၉၁ ကေန ၁၉၉၉ ခုႏွစ္အထိကစားခဲ့သူ
ရွမိုက္ကယ္ဟာ ပြဲေပါင္း(၃၉၈)ပြဲကစား၊ Clean Sheets (၁၇၈)ပြဲအထိ
ရယူခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ဒီဂီယာက အဲဒီပြဲအေရအတြက္နဲ႔
တူညီသြားပါၿပီ။