ယူနိုက်တက်က သူ့ဘဝအတွက် အရေးအကြီးဆုံးပါလို့ ဖွင့်ဟပြောဆိုခဲ့တဲ့ ဆိုးလ်ရှား

ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ နာမည်ကျော်နည်းပြဟောင်း ဆိုးလ်ရှားက

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူ့ဘဝအတွက် အရေးအကြီးဆုံးကလပ်ဖြစ်ပေမယ့်
ပရိသတ်တွေ လိုချင်တဲ့ အောင်မြင်မှုမျိုး မရယူပေးနိုင်ခဲ့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

၂၀၁၈၊ ဒီဇင်ဘာလက မော်ရင်ဟိုရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ
ယူနိုက်တက်နည်းပြဘ၀ (၃)နှစ်နီးပါးကာလအတွင်း အသင်းကို ပရီးမီးယားလိဂ်
အဆင့်(၂)နေရာမှာ ရပ်တည်စေခဲ့သလို ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ
အဆင့်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရာသီမှာတော့ စိတ်ပျက်စရာ ရလဒ်ဆိုးတွေကြောင့် ၂၀၂၁၊
နိုဝင်ဘာလမှာ ယူနိုက်တက်အသင်းက ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ဗြိတိန်
သတင်းစာ Mirror နဲ့ အင်တာဗျူးမှာ ဆိုးလ်ရှားက “ယူနိုက်တက်ဟာ ကျွန်တော့်အတွက်

ဘယ်လောက်အရေးပါလဲဆိုတာ အားလုံးအသိဖြစ်ပြီး ပရိသတ်တွေအတွက်၊
ကလပ်အသင်းအတွက်၊ ကစားသမားတွေအတွက် ဆုဖလားအောင်မြင်မှုရယူပေးဖို့
ဆန္ဒရှိခဲ့တာပါ။

ကျွန်တော်တို့တွေ အတူတူ ရုန်းကန်ခဲ့ပေမယ့်လည်း ပရိသတ်တွေ လိုချင်တဲ့
ဆုဖလားအောင်မြင်မှုကို ကျွန်တော် မရယူပေးနိုင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ ယူနိုက်တက်နဲ့
ကျွန်တော်လမ်းခွဲဖို့ ဖြစ်လာတာပါ”လို့ပြောကြားခဲ့ပါတယ်။

[Zawgyi]

ကလပ္အသင္းလက္မဲ့ျဖစ္ေနတဲ့ နာမည္ေက်ာ္နည္းျပေဟာင္း ဆိုးလ္ရွားက
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူ႔ဘဝအတြက္ အေရးအႀကီးဆုံးကလပ္ျဖစ္ေပမယ့္
ပရိသတ္ေတြ လိုခ်င္တဲ့ ေအာင္ျမင္မႈမ်ိဳး မရယူေပးႏိုင္ခဲ့ဘူးလို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

၂၀၁၈၊ ဒီဇင္ဘာလက ေမာ္ရင္ဟိုရဲ႕ ေနရာမွာ အစားထိုး ခန႔္အပ္ခံခဲ့ရတဲ့ ဆိုးလ္ရွားဟာ
ယူႏိုက္တက္နည္းျပဘ၀ (၃)ႏွစ္နီးပါးကာလအတြင္း အသင္းကို ပရီးမီးယားလိဂ္

အဆင့္(၂)ေနရာမွာ ရပ္တည္ေစခဲ့သလို ၂၀၂၀-၂၁ ရာသီ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲ
အဆင့္ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ရာသီမွာေတာ့ စိတ္ပ်က္စရာ ရလဒ္ဆိုးေတြေၾကာင့္ ၂၀၂၁၊
ႏိုဝင္ဘာလမွာ ယူႏိုက္တက္အသင္းက ဆိုးလ္ရွားကို ရာထူးက ထုတ္ပယ္ခဲ့ပါတယ္။ ၿဗိတိန္
သတင္းစာ Mirror နဲ႔ အင္တာဗ်ဴးမွာ ဆိုးလ္ရွားက “ယူႏိုက္တက္ဟာ ကြၽန္ေတာ့္အတြက္
ဘယ္ေလာက္အေရးပါလဲဆိုတာ အားလုံးအသိျဖစ္ၿပီး ပရိသတ္ေတြအတြက္၊
ကလပ္အသင္းအတြက္၊ ကစားသမားေတြအတြက္ ဆုဖလားေအာင္ျမင္မႈရယူေပးဖို႔

ဆႏၵရွိခဲ့တာပါ။

ကြၽန္ေတာ္တို႔ေတြ အတူတူ ႐ုန္းကန္ခဲ့ေပမယ့္လည္း ပရိသတ္ေတြ လိုခ်င္တဲ့

ဆုဖလားေအာင္ျမင္မႈကို ကြၽန္ေတာ္ မရယူေပးႏိုင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ပဲ ယူႏိုက္တက္နဲ႔
ကြၽန္ေတာ္လမ္းခြဲဖို႔ ျဖစ္လာတာပါ”လို႔ေျပာၾကားခဲ့ပါတယ္။