M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာ ယူနိုက်တက်က ယခုနွေရာသီမှာ ကွင်းလယ်နေရာအတွက်
အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီး ဘာစီလိုနာရဲ့ ဖရန်ကီ ဒီဂျောင်ကို
ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
The Sun သတင်းစာက ယူနိုက်တက်ဟာ ရူဘင် နားဗတ်ကို ခေါ်ယူဖို့
စောင့်ကြည့်နေတယ်လို့ ဆိုခဲ့ပေမယ့် သူက ဒီဂျောင်ရဲ့နောက်
ဒုတိယဦးစားပေးအနေနဲ့သာ ရှိနေပါတယ်။ ဒါပေမယ့် နားဗတ်က
ယူနိုက်တက်အတွက် ဘာကြောင့် ဒီဂျောင်ထက် ပိုကောင်းတဲ့ ခေါ်ယူမှု
ဖြစ်လာနိုင်တယ်ဆိုတာ သုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁ ) အဆင့်တက်ခြင်း
ဖရန်ကီ ဒီဂျောင်က ဘာစီလိုနာမှာပဲ ဆက်နေချင်ကြောင်း အကြိမ်များစွာ
ပြောထားပြီး ချန်ပီယံလိဂ် ကစားချင်တယ်လို့ သတင်းတွေအရ သိရပါတယ်။
ဒါကြောင့် ယူနိုက်တက်အနေနဲ့ ဒီဂျောင်ကို ဆွဲဆောင်နိုင်မယ့် တစ်ခုတည်းသော
နည်းလမ်းက မြင့်မားတဲ့ လုပ်ခလစာပေးတာပဲ ဖြစ်ပါလိမ့်မယ်။
နားဗတ်ကတော့ လာမယ့်ရာသီ ဝုဗ်မှာ ဥရောပြိုင်ပွဲ ကစားဖို့မရှိပါဘူး။
ဒါကြောင့် ယူရိုပါလိဂ်ကိုလည်း ကျေကျေနပ်နပ် လက်ခံပါလိမ့်မယ်။
ဒါကြောင့် အိုးထရတ်ဖို့ဒ်ကို ပြောင်းလာဖို့ ဒီဂျောင်လို ဆွဲဆောင်နေစရာ မလိုအပ်ပါဘူး။
( ၂ ) ပရီးမီးယားလိဂ် အတွေ့အကြုံ
ဖရန်ကီ ဒီဂျောင်က ပရီးမီးယားလိဂ်နဲ့ ထိတွေ့မှုမရှိသေးပါဘူး။
သူ့အနေနဲ့ အလျင်အမြန်ပဲ အထိုင်ကျပြီး ခြေစွမ်းပြလာနိုင်ပေမယ့်
နားဗတ်ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ သက်သေပြထားပြီး ဖြစ်ပါတယ်။
ဒီဂျောင်ရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ဒွန်နီ ဗန်ဒီဘိကလည်း
လျင်မြန်တဲ့ ပရီးမီးယားလိဂ်ကစားဟန်နဲ့ အံဝင်ဖို့ ရုန်းကန်နေရပါတယ်။
(၃ ) ခံစစ်စွမ်းဆောင်ရည်
တကယ်တော့ ဒီဂျောင်က ယူနိုက်တက် အသည်းအသန်လိုအပ်နေတဲ့
ကွင်းလယ်ကစားသမားပုံစံ မဟုတ်ပါဘူး ။ သူ့ကို ခေါ်နိုင်ခဲ့ရင်တောင်
အတူတွဲဖက်ကစားမယ့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး
လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ဘာလိုအဖြစ်မျိုး နောက်ထပ်
ကြုံတွေ့သွားရနိုင်ပါတယ်။ ဒီဂျောင်က ဒီရာသီ ဘာစီလိုနာမှာ တစ်ပွဲပျမ်းမျှ
tackles ( ၁.၁ ) ကြိမ်သာ ပြုလုပ်ထားပြီး နားဗတ်ကတော့ ( ၂.၁ ) ကြိမ်ထိ
ပြုလုပ်ထားတာတွေ့ရပါတယ်။
( ၄ ) ပေါ်တူဂီ အချိတ်အဆက်
ပေါ်တူဂီအချိတ်အဆက်တွေရှိတာကြောင့် နားဗတ်က ယူနိုက်တက်နဲ့ ပိုလို့အံဝင်နိုင်ပါတယ်။
သူ့အနေနဲ့ လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ၊
ခရစ္စတီယာနို ရော်နယ်ဒို ၊ဒီယေဂို ဒါလိုတို့နဲ့အတူ တွဲဖက်ကစားခွင့်ရပါလိမ့်မယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူနိုက်တက်က ဒီဂျောင်ထက် နားဗတ်ကို ခေါ်ယူသင့်ကြောင်း ဖော်ပြနေတဲ့ အချက် ( ၄ ) ချက်
( ၁ ) အဆင့်တက်ခြင်း
(၃ ) ခံစစ်စွမ်းဆောင်ရည်
( ၄ ) ပေါ်တူဂီ အချိတ်အဆက်
Leave a Reply