ယူနိုက်တက်ကို ဝယ်ယူဖို့ ဗြိတိန်ရဲ့ အချမ်းသာဆုံး ဘီလျံနာဖြစ်သူ ‘ဆာ’ရက်ကလစ်ဖ် တရားဝင်ကမ်းလှမ်းထား

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့

အတွက် ‘ဆာ’ဂျင်ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ INEOS ကုမ္ပဏီက
တရားဝင်ကမ်းလှမ်းလိုက်ပြီလို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်ကတည်းက ဝယ်ယူခဲ့တဲ့ ဂလေဇာ
မိသားစုဟာ (၁၇)နှစ်အကြာမှာတော့ အသင်းကို ရောင်းချဖို့ စီစဉ်နေပြီ
ဆိုပြီး,ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလအတွင်း အတည်ပြုကြေညာခဲ့ပါတယ်။

ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ပေါင်(၅)ဘီလီယံအထိ
ရရင်ရောင်းမယ်လို့ ဈေးသတ်မှတ်ခဲ့ပြီး အခု INEOS ကုမ္ပဏီက
အဲဒီပမာဏအတိုင်း ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်ပြီလို့ ဗြိတိန်
နာမည်ကျော် သတင်းစာ The Times က ဖော်ပြခဲ့ပါတယ်။

အရောင်းအဝယ်ကိစ္စအတွက် ကနဦးဆွေးနွေးမှုကို လာမယ့် ဖေဖော်ဝါရီလ
အတွင်း စတင်ဆောင်ရွက်သွားဖို့ရှိပြီး ယူနိုက်တက်အသင်းကို အမေရိကန်၊

အာရှနဲ့ အာရှ အရှေ့အလယ်ပိုင်း နိုင်ငံတချို့ကလည်း ဝယ်ယူဖို့ စိတ်ဝင်စားနေ
ကြပါတယ်။

နာမည်ကြီး စီးပွားရေးမဂ္ဂဇင်း Forbes က ထုတ်ပြန်တဲ့ ဗြိတိန်ရဲ့ အချမ်းသာဆုံး
ပုဂ္ဂိုလ်စာရင်းမှာ နံပါတ်(၁)နေရာ ပိုင်ဆိုင်ထားသူ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်
အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာ အရင်ကတည်းက လူသိရှင်ကြား
ဝန်ခံခဲ့ပြီး ယူနိုက်တက်အပြင် ချယ်လ်ဆီးကိုလည်း ဝယ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

[Zawgyi]

ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာယူႏိုက္တက္ကို ဝယ္ယူဖို႔
အတြက္ ‘ဆာ’ဂ်င္ရက္ကလစ္ဖ္ ပိုင္ဆိုင္တဲ့ INEOS ကုမၸဏီက
တရားဝင္ကမ္းလွမ္းလိုက္ၿပီလို႔ သတင္းထြက္ေနပါတယ္။

ယူႏိုက္တက္အသင္းကို ၂၀၀၅ ခုႏွစ္ကတည္းက ဝယ္ယူခဲ့တဲ့ ဂေလဇာ
မိသားစုဟာ (၁၇)ႏွစ္အၾကာမွာေတာ့ အသင္းကို ေရာင္းခ်ဖို႔ စီစဥ္ေနၿပီ

ဆိုၿပီး,ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလအတြင္း အတည္ျပဳေၾကညာခဲ့ပါတယ္။

ဂေလဇာမိသားစုဟာ ယူႏိုက္တက္အသင္းကို ေပါင္(၅)ဘီလီယံအထိ

ရရင္ေရာင္းမယ္လို႔ ေဈးသတ္မွတ္ခဲ့ၿပီး အခု INEOS ကုမၸဏီက
အဲဒီပမာဏအတိုင္း ကမ္းလွမ္းမႈ စတင္ျပဳလုပ္လိုက္ၿပီလို႔ ၿဗိတိန္
နာမည္ေက်ာ္ သတင္းစာ The Times က ေဖာ္ျပခဲ့ပါတယ္။

အေရာင္းအဝယ္ကိစၥအတြက္ ကနဦးေဆြးေႏြးမႈကို လာမယ့္ ေဖေဖာ္ဝါရီလ
အတြင္း စတင္ေဆာင္႐ြက္သြားဖို႔ရွိၿပီး ယူႏိုက္တက္အသင္းကို အေမရိကန္၊
အာရွနဲ႔ အာရွ အေရွ႕အလယ္ပိုင္း ႏိုင္ငံတခ်ိဳ႕ကလည္း ဝယ္ယူဖို႔ စိတ္ဝင္စားေန
ၾကပါတယ္။

နာမည္ႀကီး စီးပြားေရးမဂၢဇင္း Forbes က ထုတ္ျပန္တဲ့ ၿဗိတိန္ရဲ႕ အခ်မ္းသာဆုံး
ပုဂၢိဳလ္စာရင္းမွာ နံပါတ္(၁)ေနရာ ပိုင္ဆိုင္ထားသူ ရက္ကလစ္ဖ္ဟာ ယူႏိုက္တက္

အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတာ အရင္ကတည္းက လူသိရွင္ၾကား
ဝန္ခံခဲ့ၿပီး ယူႏိုက္တက္အျပင္ ခ်ယ္လ္ဆီးကိုလည္း ဝယ္ယူဖို႔ ႀကိဳးပမ္းခဲ့ဖူးပါတယ္။