ယူနိုက်တက်ကို ရာသီဝက်အငှားနဲ့ ရောက်ရှိလာသူ ဝက်ဟော့တ် မန်ချက်စတာဒါဘီပွဲမှာ ပါဝင်နိုင်ဖို့ မရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နယ်သာလန်ဝါရင့်တိုက်စစ်မှူး

ဝက်ဟော့တ်ကို ရာသီကုန်အထိ အငှားနဲ့ တရားဝင်ခေါ်ယူနိုင်ပြီဖြစ်ပေမယ့်
ဝက်ဟော့တ်ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ဆောင်ရွက်စရာကိစ္စ
တချို့ကျန်ရှိနေတာကြောင့် ဒီနေ့ကစားမယ့် မန်ချက်စတာဒါဘီပွဲမှာ
ပါဝင်ကစားနိုင်ဖို့ မရှိပါဘူး။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဝက်ဟော့တ်ဟာ ဒီရာသီအစကမှ
ဘန်လေကနေ ဘက်ဆစ်တက်အသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး
အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲကစား၊ (၉)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ဝက်ဟော့တ်ရဲ့
စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုရှိတာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းခဲ့

တာဖြစ်ပြီး ဝက်ဟော့တ်ကို အငှားခေါ်ယူဖို့အတွက် စာချုပ်လျော်ကြေးအဖြစ်
ဘက်ဆစ်တက်အသင်းကို ပေါင် (၂.၅)သန်းပေးချေသွားမှာဖြစ်သလို
လစာအဖြစ် တစ်ပတ် ပေါင်(၄၀,၀၀၀)ဝန်းကျင်သာ ပေးရမှာဖြစ်ပါတယ်။

ဝက်ဟော့တ်အနေနဲ့ မန်ချက်စတာဒါဘီပွဲမှာ မပါဝင်နိုင်ပေမယ့် လာမယ့်
ဗုဒ္ဓဟူးနေ့ကျရင် ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်မှာ
ယူနိုက်တက်အတွက် ပွဲဦးထွက်ခွင့်ရဖို့ရှိနေပါပြီ။ မန်စီးတီးနဲ့ကစားမယ့်
မန်ချက်စတာဒါဘီပွဲမှာ ဝက်ဟော့တ် ပါဝင်နိုင်မှာ မဟုတ်သလို ယူနိုက်တက်ရဲ့

အဓိက,ကစားသမားနှစ်ဦးဖြစ်တဲ့ ဒါလော့တ်၊ မာစီယဲလ်တို့လည်း လွဲချော်ဖို့
ရှိနေပါတယ်။

ပြီးခဲ့တဲ့ ချာလ်တန်နဲ့လိဂ်ဖလားပွဲမှာ ဒဏ်ရာပြဿနာကြောင့် ပထမပိုင်းမှာပဲ
လူစားလဲခံခဲ့ရတဲ့ ဒါလော့တ်ဟာ မန်စီးတီးနဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး ခြေထောက်
ဒဏ်ရာရှိနေတဲ့ မာစီယဲလ်ရဲ့ အခြေအနေကို အဲရစ်တန်ဟက်က နောက်ဆုံး
အချိန်အထိ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နယ္သာလန္ဝါရင့္တိုက္စစ္မႉး
ဝက္ေဟာ့တ္ကို ရာသီကုန္အထိ အငွားနဲ႔ တရားဝင္ေခၚယူႏိုင္ၿပီျဖစ္ေပမယ့္
ဝက္ေဟာ့တ္ရဲ႕အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ေဆာင္႐ြက္စရာကိစၥ

တခ်ိဳ႕က်န္ရွိေနတာေၾကာင့္ ဒီေန႔ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲမွာ
ပါဝင္ကစားႏိုင္ဖို႔ မရွိပါဘူး။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ ဝက္ေဟာ့တ္ဟာ ဒီရာသီအစကမွ
ဘန္ေလကေန ဘက္ဆစ္တက္အသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး
အသင္းအတြက္ ၿပိဳင္ပြဲစုံ (၁၈)ပြဲကစား၊ (၉)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပသခဲ့တဲ့ ဝက္ေဟာ့တ္ရဲ႕
စြမ္းေဆာင္ရည္အေပၚ အားရေက်နပ္မႈရွိတာေၾကာင့္ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့
တာျဖစ္ၿပီး ဝက္ေဟာ့တ္ကို အငွားေခၚယူဖို႔အတြက္ စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္
ဘက္ဆစ္တက္အသင္းကို ေပါင္ (၂.၅)သန္းေပးေခ်သြားမွာျဖစ္သလို

လစာအျဖစ္ တစ္ပတ္ ေပါင္(၄၀,၀၀၀)ဝန္းက်င္သာ ေပးရမွာျဖစ္ပါတယ္။

ဝက္ေဟာ့တ္အေနနဲ႔ မန္ခ်က္စတာဒါဘီပြဲမွာ မပါဝင္ႏိုင္ေပမယ့္ လာမယ့္

ဗုဒၶဟူးေန႔က်ရင္ ခရစၥတယ္ပဲေလ့စ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္မွာ
ယူႏိုက္တက္အတြက္ ပြဲဦးထြက္ခြင့္ရဖို႔ရွိေနပါၿပီ။ မန္စီးတီးနဲ႔ကစားမယ့္
မန္ခ်က္စတာဒါဘီပြဲမွာ ဝက္ေဟာ့တ္ ပါဝင္ႏိုင္မွာ မဟုတ္သလို ယူႏိုက္တက္ရဲ႕
အဓိက,ကစားသမားႏွစ္ဦးျဖစ္တဲ့ ဒါေလာ့တ္၊ မာစီယဲလ္တို႔လည္း လြဲေခ်ာ္ဖို႔
ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ခ်ာလ္တန္နဲ႔လိဂ္ဖလားပြဲမွာ ဒဏ္ရာျပႆနာေၾကာင့္ ပထမပိုင္းမွာပဲ
လူစားလဲခံခဲ့ရတဲ့ ဒါေလာ့တ္ဟာ မန္စီးတီးနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး ေျခေထာက္

ဒဏ္ရာရွိေနတဲ့ မာစီယဲလ္ရဲ႕ အေျခအေနကို အဲရစ္တန္ဟက္က ေနာက္ဆုံး
အခ်ိန္အထိ ေစာင့္ၾကည့္ၿပီးမွ ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။