ယူနိုက်တက်ကို ဘယ်လောက်တောင် အရူးအမူးအားပေးလဲဆိုရင် နာမည်ကို ‘မန်ချက်စတာယူနိုက်တက်’လို့ ပြောင်းပြီး နဖူးမှာ လိုဂိုတက်တူးထိုးခဲ့တဲ့ ပရိသတ်

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းဟာ

၂၀၁၇ ခုနှစ်နောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေပေမယ့်
အသင်းရဲ့ အရှိန်အဝါက မကျဆင်းသွားဘဲ ကမ္ဘာတစ်ဝန်းမှာ
ပရိသတ်အားပေးမှုအများဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်
နေတာဖြစ်ပါတယ်။

‘Once A Red,Always A Red’ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပဲ
ယူနိုက်တက်ကို တစ်ခါလောက် အားပေးမိတာနဲ့ တမ်းတမ်းစွဲ
ဖြစ်လောက်တဲ့အထိ ယူနိုက်တက်ရဲ့ အရှိန်အဝါက ကြီးမားလွန်းပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ယူနိုက်တက်ရဲ့အမာခံပရိသတ်တွေ အများကြီး
ရှိပေမယ့် အခု သရဲနီ ပရိသတ်တစ်ဦးရဲ့ အသင်းအပေါ် အရူးအမူး
အားပေးတာမျိုးကတော့ ‘ရှာမှရှား’လိမ့်မယ်ထင်ပါတယ်။

ဇဒရာစကော့ဗ်လက်ဗစ်ဟို့ဗ်လို့ အမည်ရတဲ့ ဘူလ်ဂေးရီးယားလူမျိုး၊
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဟာ ယူနိုက်တက်အသင်းကို
ဘယ်လောက်အထိ ကြိုက်နှစ်သက်သလဲဆိုရင် သူ့နာမည်ကို
‘Mr.မန်ချက်စတာယူနိုက်တက်’လို့ တရားဝင်ပြောင်းလဲခဲ့ပါတယ်။

ဒါတင်မကသေးပဲ ‘Mr.မန်ချက်စတာယူနိုက်တက်’ဟာ သူ့ရဲ့ နဖူးပေါ်မှာ
ယူနိုက်တက်လိုဂိုကိုလည်း သေရာပါမယ့်အထိ တက်တူးထိုးခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၈)နှစ်ကျော်တုန်းက သတင်းစာ
စာမျက်နှာတွေပေါ်မှာ တော်တော်လေး Hot ဖြစ်ခဲ့ပြီး ဗြိတိန်နာမည်ကျော်
The Sun သတင်းစာဆိုရင် ၂၀၁၄ ခုနှစ်အတွင်း သူတို့ရဲ့ သတင်းစာမျက်နှာဖုံးမှာ
အဲဒီပရိသတ်ရဲ့ မျက်နှာကို Full Cover နဲ့ ဖော်ပြခဲ့ဖူးပါတယ်။

ဇဒရာစကော့ဗ်လက်ဗစ်ဟို့ဗ်ဟာ ယူနိုက်တက်အသင်းကို အရူးအမူး
အားပေးပေမယ့် အသင်းရဲ့ ပွဲတွေကိုတော့ အင်္ဂလန်အထိ လူကိုယ်တိုင်
လာရောက်အားပေးဖို့ ငွေကြေးနဲ့ တခြားအခက်အခဲတွေရှိတာကြောင့်

၂၀၀၉ ခုနှစ်တုန်းက ဘော်လ်တန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့တစ်ပွဲသာ
ကိုယ်တိုင်ကိုယ်ကျ လာအားပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ ဇဒရာစကော့ဗ်လက်ဗစ်ဟို့ဗ် အနှစ်သက်ဆုံး
ကစားသမားကတော့ စီရော်နယ်လ်ဒို မဟုတ်ဘဲ ပရိသတ်အများစု
ကြိုက်ကြတဲ့ ဂန္ထဝင်ကျောနံပါတ်(၇)ပိုင်ရှင် ဒေးဗစ်ဘက်ခမ်ပဲဖြစ်ပါတယ်။

[Zawgyi]

ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ
၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ဆုဖလားေအာင္ျမင္မႈနဲ႔ ေဝးကြာေနေပမယ့္
အသင္းရဲ႕ အရွိန္အဝါက မက်ဆင္းသြားဘဲ ကမာၻတစ္ဝန္းမွာ
ပရိသတ္အားေပးမႈအမ်ားဆုံး အသင္းတစ္သင္းအျဖစ္ ရပ္တည္

ေနတာျဖစ္ပါတယ္။

‘Once A Red,Always A Red’ဆိုတဲ့ ေဆာင္ပုဒ္အတိုင္းပဲ

ယူႏိုက္တက္ကို တစ္ခါေလာက္ အားေပးမိတာနဲ႔ တမ္းတမ္းစြဲ
ျဖစ္ေလာက္တဲ့အထိ ယူႏိုက္တက္ရဲ႕ အရွိန္အဝါက ႀကီးမားလြန္းပါတယ္။
ကမာၻတစ္ဝန္းမွာ ယူႏိုက္တက္ရဲ႕အမာခံပရိသတ္ေတြ အမ်ားႀကီး
ရွိေပမယ့္ အခု သရဲနီ ပရိသတ္တစ္ဦးရဲ႕ အသင္းအေပၚ အ႐ူးအမူး
အားေပးတာမ်ိဳးကေတာ့ ‘ရွာမွရွား’လိမ့္မယ္ထင္ပါတယ္။

ဇဒရာစေကာ့ဗ္လက္ဗစ္ဟို႔ဗ္လို႔ အမည္ရတဲ့ ဘူလ္ေဂးရီးယားလူမ်ိဳး၊
ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးဟာ ယူႏိုက္တက္အသင္းကို

ဘယ္ေလာက္အထိ ႀကိဳက္ႏွစ္သက္သလဲဆိုရင္ သူ႔နာမည္ကို
‘Mr.မန္ခ်က္စတာယူႏိုက္တက္’လို႔ တရားဝင္ေျပာင္းလဲခဲ့ပါတယ္။

ဒါတင္မကေသးပဲ ‘Mr.မန္ခ်က္စတာယူႏိုက္တက္’ဟာ သူ႔ရဲ႕ နဖူးေပၚမွာ
ယူႏိုက္တက္လိုဂိုကိုလည္း ေသရာပါမယ့္အထိ တက္တူးထိုးခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ဟာ လြန္ခဲ့တဲ့ (၈)ႏွစ္ေက်ာ္တုန္းက သတင္းစာ
စာမ်က္ႏွာေတြေပၚမွာ ေတာ္ေတာ္ေလး Hot ျဖစ္ခဲ့ၿပီး ၿဗိတိန္နာမည္ေက်ာ္
The Sun သတင္းစာဆိုရင္ ၂၀၁၄ ခုႏွစ္အတြင္း သူတို႔ရဲ႕ သတင္းစာမ်က္ႏွာဖုံးမွာ

အဲဒီပရိသတ္ရဲ႕ မ်က္ႏွာကို Full Cover နဲ႔ ေဖာ္ျပခဲ့ဖူးပါတယ္။

ဇဒရာစေကာ့ဗ္လက္ဗစ္ဟို႔ဗ္ဟာ ယူႏိုက္တက္အသင္းကို အ႐ူးအမူး

အားေပးေပမယ့္ အသင္းရဲ႕ ပြဲေတြကိုေတာ့ အဂၤလန္အထိ လူကိုယ္တိုင္
လာေရာက္အားေပးဖို႔ ေငြေၾကးနဲ႔ တျခားအခက္အခဲေတြရွိတာေၾကာင့္
၂၀၀၉ ခုႏွစ္တုန္းက ေဘာ္လ္တန္အသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့တစ္ပြဲသာ
ကိုယ္တိုင္ကိုယ္က် လာအားေပးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းမွာ ဇဒရာစေကာ့ဗ္လက္ဗစ္ဟို႔ဗ္ အႏွစ္သက္ဆုံး
ကစားသမားကေတာ့ စီေရာ္နယ္လ္ဒို မဟုတ္ဘဲ ပရိသတ္အမ်ားစု
ႀကိဳက္ၾကတဲ့ ဂႏၴဝင္ေက်ာနံပါတ္(၇)ပိုင္ရွင္ ေဒးဗစ္ဘက္ခမ္ပဲျဖစ္ပါတယ္။