
ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းကို
ဝယ်ယူဖို့ ကာတာစီးပွားရေးလုပ်ငန်းအဖွဲ့က စိတ်ဝင်စားနေပြီး
တကယ်လို့ အရောင်းအဝယ်သာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင်
နည်းပြအဲရစ်တန်ဟက်အတွက် သူ စိတ်ကြိုက်ကစားသမား
ခေါ်ယူဖို့ အသုံးစရိတ် အလုံအလောက်ပေးသွားဖို့ရှိပါတယ်။
ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ အသင်းကို
ရောင်းချမယ်လို့ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းက သတင်းထုတ်ပြန်ခဲ့ပြီး
အားကစားကလပ်အသင်းတစ်သင်းအတွက် ကမ္ဘာ့စံချိန်တင်ပမာဏ
ဖြစ်တဲ့ ပေါင်(၆)ဘီလီယံနဲ့အထက် ရမယ်ဆိုရင် ကမ်းလှမ်းမှုတွေကို
လက်ခံစဉ်းစားသွားမှာဖြစ်ပါတယ်။
အခု ကာတာနိုင်ငံအခြေစိုက် စီးပွားရေးလုပ်ငန်းအဖွဲ့တစ်ခုက လာမယ့်
ရက်ပိုင်းအတွင်း ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ကြိုးပမ်းသွားမယ်
ဆိုပြီး ဗြိတိန်နာမည်ကျော် Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။
အဲဒီစီးပွားရေးလုပ်ငန်းအဖွဲ့ရဲ့ နာမည်ကို မဖော်ပြပေမယ့် ကာတာနိုင်ငံက
သန်းကြွယ်သူဌေးတွေ ပါဝင်ကြပေမယ့် PSG အသင်းပိုင်ရှင်
Qatar Sports Investment အဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့ သိရပါတယ်။
အဲဒီစီးပွားရေးအဖွဲ့က ဂလေဇာလက်ထက်ကနေ ယူနိုက်တက်အသင်းကို
ဝယ်ယူနိုင်မယ်လို့ အခိုင်အမာယုံကြည်ထားပြီး တစ်ချိန်ကလို အောင်မြင်မှုမျိုး
ပြန်လည်ရယူနိုင်အောင် နည်းပြအဲရစ်တန်ဟက် စိတ်ကြိုက် ငွေသုံးခွင့်
ပြုသွားဖို့ရှိပါတယ်။
တကယ်လို့သာ ကာတာသန်းကြွယ်သူဌေးတွေရဲ့ လက်ထဲကို ယူနိုက်တက်
အသင်း ရောက်သွားမယ်ဆိုရင် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ
ထိပ်တန်းအဆင့်ကစားသမားခေါ်ယူမှုတွေ မြင်ရဖို့ရှိနေပြီး အင်္ဂလန်
နာမည်ကျော်တွေဖြစ်တဲ့ ဟယ်ရီကိန်း၊ ဒီကလန်ရိုက်စ်၊ ဘယ်လင်ဂမ်တို့အပြင်
ယူနိုက်တက်ပစ်မှတ် ဘာစီလိုနာလူငယ်ကြယ်ပွင့် အန်ဆုဖာတီကိုလည်း
ခေါ်ယူသွားနိုင်မယ့်အနေအထားပါပဲ။
[Zawgyi]
ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာယူႏိုက္တက္အသင္းကို
ဝယ္ယူဖို႔ ကာတာစီးပြားေရးလုပ္ငန္းအဖြဲ႕က စိတ္ဝင္စားေနၿပီး
တကယ္လို႔ အေရာင္းအဝယ္သာ အမွန္တကယ္ျဖစ္လာမယ္ဆိုရင္
နည္းျပအဲရစ္တန္ဟက္အတြက္ သူ စိတ္ႀကိဳက္ကစားသမား
ေခၚယူဖို႔ အသုံးစရိတ္ အလုံအေလာက္ေပးသြားဖို႔ရွိပါတယ္။
ယူႏိုက္တက္အသင္းပိုင္ရွင္ ဂေလဇာမိသားစုဟာ အသင္းကို
ေရာင္းခ်မယ္လို႔ ၿပီးခဲ့တဲ့ႏိုဝင္ဘာလအတြင္းက သတင္းထုတ္ျပန္ခဲ့ၿပီး
အားကစားကလပ္အသင္းတစ္သင္းအတြက္ ကမာၻ႔စံခ်ိန္တင္ပမာဏ
ျဖစ္တဲ့ ေပါင္(၆)ဘီလီယံနဲ႔အထက္ ရမယ္ဆိုရင္ ကမ္းလွမ္းမႈေတြကို
လက္ခံစဥ္းစားသြားမွာျဖစ္ပါတယ္။
အခု ကာတာႏိုင္ငံအေျခစိုက္ စီးပြားေရးလုပ္ငန္းအဖြဲ႕တစ္ခုက လာမယ့္
ရက္ပိုင္းအတြင္း ယူႏိုက္တက္အသင္းကို ဝယ္ယူဖို႔ႀကိဳးပမ္းသြားမယ္
ဆိုၿပီး ၿဗိတိန္နာမည္ေက်ာ္ Daily Mail သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
အဲဒီစီးပြားေရးလုပ္ငန္းအဖြဲ႕ရဲ႕ နာမည္ကို မေဖာ္ျပေပမယ့္ ကာတာႏိုင္ငံက
သန္းႂကြယ္သူေဌးေတြ ပါဝင္ၾကေပမယ့္ PSG အသင္းပိုင္ရွင္
Qatar Sports Investment အဖြဲ႕နဲ႔ ပတ္သက္မႈမရွိဘူးလို႔ သိရပါတယ္။
အဲဒီစီးပြားေရးအဖြဲ႕က ဂေလဇာလက္ထက္ကေန ယူႏိုက္တက္အသင္းကို
ဝယ္ယူႏိုင္မယ္လို႔ အခိုင္အမာယုံၾကည္ထားၿပီး တစ္ခ်ိန္ကလို ေအာင္ျမင္မႈမ်ိဳး
ျပန္လည္ရယူႏိုင္ေအာင္ နည္းျပအဲရစ္တန္ဟက္ စိတ္ႀကိဳက္ ေငြသုံးခြင့္
ျပဳသြားဖို႔ရွိပါတယ္။
တကယ္လို႔သာ ကာတာသန္းႂကြယ္သူေဌးေတြရဲ႕ လက္ထဲကို ယူႏိုက္တက္
အသင္း ေရာက္သြားမယ္ဆိုရင္ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ
ထိပ္တန္းအဆင့္ကစားသမားေခၚယူမႈေတြ ျမင္ရဖို႔ရွိေနၿပီး အဂၤလန္
နာမည္ေက်ာ္ေတြျဖစ္တဲ့ ဟယ္ရီကိန္း၊ ဒီကလန္႐ိုက္စ္၊ ဘယ္လင္ဂမ္တို႔အျပင္
ယူႏိုက္တက္ပစ္မွတ္ ဘာစီလိုနာလူငယ္ၾကယ္ပြင့္ အန္ဆုဖာတီကိုလည္း
ေခၚယူသြားႏိုင္မယ့္အေနအထားပါပဲ။