ယူနိုက်တက်ကနေ ထွက်သင့်နေပြီလို့ မက်ဂွိုင်းယားကို ဖာဒီနန် တိုက်တွန်း

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နောက်ခံလူ ဖာဒီနန်က မက်ဂွိုင်းယားအနေနဲ့

ကလပ်အသင်းသစ် ရှာဖွေသင့်နေပြီလို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ ဒီရာသီပရီးမီးယားလိဂ်မှာ

(၃)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး,ပြီးခဲ့တဲ့ရက်ပိုင်းက အဖျားရောဂါကြောင့်
ဘန်လေနဲ့ လိဂ်ဖလားပွဲကို လွဲချော်ခဲ့ပေမယ့် နော်တင်ဟမ်ဖော်ရက်စ်ကို
အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲပြီးခါနီး (၁၃)မိနစ်အလိုမှာ လူစားဝင်
ကစားခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ကြံ့ခိုင်မှုပြည့်ဝလာပေမယ့် အဲရစ်တန်ဟက်ကတော့ ဝုလ်ဗ်နဲ့
ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲထွက်မသုံးဘဲ ဗာရန်းနဲ့ လုခ်ရှောတို့ကို တွဲဖက်
ပွဲထုတ်ခဲ့ပြီး မက်ဂွိုင်းယားကို နာကျင်အချိန်ပိုမှ လူစားဝင်ကစားစေခဲ့ပါတယ်။

အဲဒါကြောင့် ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ဖာဒီနန်က “မက်ဂွိုင်းယားနဲ့
လင်ဒီလော့ဖ် နှစ်ယောက်စလုံးကို အရန်ခုံမှာတွေ့လိုက်ရတော့ ကျွန်တာ် မျက်လုံးတောင်

ပြူးသွားပါတယ်။ ဒါက အဲရစ်တန်ဟက်ဟာ ဒီကစားသမားနှစ်ဦးအပေါ် ဘယ်လို
သဘောထားလဲဆိုတာ ပြသလိုက်သလိုပါပဲ။

ကျွန်တော်သာ မက်ဂွိုင်းယားနေရာမှာဆိုရင် အခုချက်ချင်းပဲ အသင်းသစ်ရှာဖွေမှာပါ။
မက်ဂွိုင်းယားဟာ အင်္ဂလန်မှာ အပြစ်ပြောစရာမရှိအောင် ခြေစွမ်းပြနိုင်ပေမယ့်
ယူနိုက်တက်မှာတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ နည်းပြကိုယ်တိုင်ကလည်း
မက်ဂွိုင်းယားဟာ အဓိကဦးစားပေးနောက်ခံလူ(၂)ဦးထဲမှာ မပါဝင်ဘူးဆိုတာ
လုပ်ရပ်တွေနဲ့ သက်သေပြနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္ေနာက္ခံလူ ဖာဒီနန္က မက္ဂြိဳင္းယားအေနနဲ႔
ကလပ္အသင္းသစ္ ရွာေဖြသင့္ေနၿပီလို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားဟာ ဒီရာသီပရီးမီးယားလိဂ္မွာ
(၃)ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး,ၿပီးခဲ့တဲ့ရက္ပိုင္းက အဖ်ားေရာဂါေၾကာင့္

ဘန္ေလနဲ႔ လိဂ္ဖလားပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို
အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ပြဲၿပီးခါနီး (၁၃)မိနစ္အလိုမွာ လူစားဝင္
ကစားခဲ့ပါတယ္။

မက္ဂြိဳင္းယားဟာ ႀကံ့ခိုင္မႈျပည့္ဝလာေပမယ့္ အဲရစ္တန္ဟက္ကေတာ့ ဝုလ္ဗ္နဲ႔
ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ပြဲထြက္မသုံးဘဲ ဗာရန္းနဲ႔ လုခ္ေရွာတို႔ကို တြဲဖက္
ပြဲထုတ္ခဲ့ၿပီး မက္ဂြိဳင္းယားကို နာက်င္အခ်ိန္ပိုမွ လူစားဝင္ကစားေစခဲ့ပါတယ္။

အဲဒါေၾကာင့္ ပြဲအၿပီး BT Sport နဲ႔ အင္တာဗ်ဴးမွာ ဖာဒီနန္က “မက္ဂြိဳင္းယားနဲ႔
လင္ဒီေလာ့ဖ္ ႏွစ္ေယာက္စလုံးကို အရန္ခုံမွာေတြ႕လိုက္ရေတာ့ ကြၽန္တာ္ မ်က္လုံးေတာင္
ျပဴးသြားပါတယ္။ ဒါက အဲရစ္တန္ဟက္ဟာ ဒီကစားသမားႏွစ္ဦးအေပၚ ဘယ္လို

သေဘာထားလဲဆိုတာ ျပသလိုက္သလိုပါပဲ။

ကြၽန္ေတာ္သာ မက္ဂြိဳင္းယားေနရာမွာဆိုရင္ အခုခ်က္ခ်င္းပဲ အသင္းသစ္ရွာေဖြမွာပါ။

မက္ဂြိဳင္းယားဟာ အဂၤလန္မွာ အျပစ္ေျပာစရာမရွိေအာင္ ေျခစြမ္းျပႏိုင္ေပမယ့္
ယူႏိုက္တက္မွာေတာ့ ဘယ္လိုမွ အဆင္မေျပပါဘူး။ နည္းျပကိုယ္တိုင္ကလည္း
မက္ဂြိဳင္းယားဟာ အဓိကဦးစားေပးေနာက္ခံလူ(၂)ဦးထဲမွာ မပါဝင္ဘူးဆိုတာ
လုပ္ရပ္ေတြနဲ႔ သက္ေသျပေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။