
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူ
လီဆန်ဒရိုမာတီနက်ဇ်ဟာ နိုင်ငံအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆု
ဆွတ်ခူးခဲ့ပြီး ဂုဏ်ယူစရာ အောင်မြင်မှုပိုင်ဆိုင်ခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ဆုံတွေ့ခဲ့ပြီး
အာဂျင်တီးနားအသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာကြောင့်
၁၉၈၆ နောက်ပိုင်း၊ အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက်
ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့ပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ပေမယ့် အုပ်စုပွဲ
တချို့နဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ယူနိုက်တက်မှာကစားနေချိန်အတွင်း လက်ရွေးစင်
အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်
ကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားချန်ပီယံဆု ကိုင်မြှောက်ခွင့်ရခဲ့တဲ့
(၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားဘဝမှာ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု
ရယူနိုင်ခဲ့သူတွေက ၁၉၆၆ ပြိုင်ပွဲတုန်းက အင်္ဂလန်အသင်းနဲ့ ဗိုလ်စွဲခဲ့ကြတဲ့
ဂန္ထဝင်ကစားသမားတွေဖြစ်ကြတဲ့ ဘော်ဘီချာလ်တန်၊ နော်ဘီစတိုင်းစ်၊
ဂျွန်ကွန်နယ်လီဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကွင်းလယ်လူဟောင်း
ပေ့ါဘာကလည်း ၂၀၁၈ ခုနှစ်မှာ ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုရရှိခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အာဂ်င္တီးနားလက္ေ႐ြးစင္ေနာက္ခံလူ
လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ႏိုင္ငံအသင္းနဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံဆု
ဆြတ္ခူးခဲ့ၿပီး ဂုဏ္ယူစရာ ေအာင္ျမင္မႈပိုင္ဆိုင္ခဲ့ပါတယ္။
၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲအျဖစ္ အာဂ်င္တီးနားနဲ႔ ျပင္သစ္တို႔ ဆုံေတြ႕ခဲ့ၿပီး
အာဂ်င္တီးနားအသင္းက ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့တာေၾကာင့္
၁၉၈၆ ေနာက္ပိုင္း၊ အသင္းသမိုင္းတစ္ေလွ်ာက္ တတိယအႀကိမ္ေျမာက္
ကမာၻ႔ဖလားခ်န္ပီယံဆု ရရွိခဲ့ပါတယ္။
လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ဗိုလ္လုပြဲမွာ ပါဝင္ကစားခြင့္မရခဲ့ေပမယ့္ အုပ္စုပြဲ
တခ်ိဳ႕နဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲေတြမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။
လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ယူႏိုက္တက္မွာကစားေနခ်ိန္အတြင္း လက္ေ႐ြးစင္
အသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆုရယူႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္
ကစားသမားေတြထဲမွာ ကမာၻ႔ဖလားခ်န္ပီယံဆု ကိုင္ေျမႇာက္ခြင့္ရခဲ့တဲ့
(၅)ဦးေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ယူႏိုက္တက္ကစားသမားဘဝမွာ ႏိုင္ငံအသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆု
ရယူႏိုင္ခဲ့သူေတြက ၁၉၆၆ ၿပိဳင္ပြဲတုန္းက အဂၤလန္အသင္းနဲ႔ ဗိုလ္စြဲခဲ့ၾကတဲ့
ဂႏၴဝင္ကစားသမားေတြျဖစ္ၾကတဲ့ ေဘာ္ဘီခ်ာလ္တန္၊ ေနာ္ဘီစတိုင္းစ္၊
ဂြၽန္ကြန္နယ္လီျဖစ္ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ကြင္းလယ္လူေဟာင္း
ေပ့ါဘာကလည္း ၂၀၁၈ ခုႏွစ္မွာ ျပင္သစ္အသင္းနဲ႔အတူ ခ်န္ပီယံဆုရရွိခဲ့ပါတယ္။