ပီအက်စ်ဂျီအသင်းဂိုးသမားဖြစ်တဲ့ ကေလာနာဗက်စ်ဟာ သူ့ရဲ့ပဲရစ်မြို့ကနေအိမ်မှာ
ယူကရိန်းဒုက္ခသည် ၃၀ အထိလက်ခံပေးထားတယ်လို့ သိရပါတယ်။
ကော်စတာရီကာ လက်ရွေးစင်ဖြစ်တဲ့ နာဗက်စ်နဲ့ သူ့ဇနီးသည် အန်ဒရီယာ တို့ဟာ
ရုရှားရဲ့ကျူးကျော်မှုကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ ယူကရိန်းဒုက္ခသည် ၃၀ ကို
သူတို့ရဲ့ဇိမ်ခံနေအိမ်မှာလက်ခံဖို့ သေသေချာချာပြင်ဆင်ခဲ့ကြတာပါ။
Sport ရဲ့ဖော်ပြချက်အရ နာဗက်စ် ဟာအိပ်ရာ ၃၀ ဝယ်ယူပေးထားတဲ့အပြင်
သူ့ဇနီး အန်ဒရီယာကလည်း ဒုက္ခသည်တွေအတွက် အစားအသောက်အပြင်
အဝတ်အထည်တွေကအစ လိုလေသေးမရှိအောင်ပြင်ဆင်ပေးနေတာပါ။
ဒါ့အပြင် ဧဝံဂလိဂိုဏ်းဝင်တွေဖြစ်ကြတဲ့ နာဗက်စ် တို့မိသားစုဟာ ဒုက္ခသည်တွေထဲမှာ
ဧဝံဂလိ ဂိုဏ်းဝင်တွေပါလာရင် ဘာသာရေးအရကိုးကွယ်ဝတ်ပြုမှုတွေ
ပြုလုပ်နိုင်အောင်ကအစ လုပ်ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။
ဒီဒုက္ခသည်တွေကိုသူတို့နေအိမ်မှာရှိတဲ့ အိမ်တွင်းရုပ်ရှင်ရုံထဲမှာ
နေရာချထားပေးထားတယ်လို့လည်းအဲဒီသတင်းစာကဖော်ပြခဲ့ပါတယ်။
ရှရုားရဲ့ကျူးကျော်မှုကြောင့် ယူကရိန်းကနေထွက်ပြေးနေရသူအများအပြား
ရှိနေတာကို ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် နာဗက်စ်က သိရှိပြီး အခုလို
စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ နာဗက်စ်နဲ့အဆက်အသွယ်ရှိတဲ့ ဂျစ်ပဆီအဖွဲ့တွေဟာ
ပိုလန်နိုင်ငံက ကရာကောမြို့ကိုသွားပြီး ယူကရိန်းဒုက္ခသည်တွေကို
ခေါ်ဆောင်လာခဲ့တာဖြစ်ပြီးဒါကိုသိရှိပြီးနောက် နာဗက်စ်က အခုလို
စီစဉ်ပေးလိုက်တာဖြစ်ပါတယ်။ သူတို့လင်မယားဟာ ယူကရိန်းဘက်ကနေ
စာနာကြောင်းကိုလူသိရှင်ကြားပြသနေကြသူတွေပါ။ သူ့မိန်းမအန်ဒရီယာဆိုရင်
အခုလိုယူကရိန်းပြည်သူတွေနာကျင်ရတဲ့အချိန်မှာ ကူညီမှုတွေပေးကြဖို့
လူမှုကွန်ရက်ကနေ ဆော်ဩခဲ့ပြီး ဒါမှသာ ယူကရိန်းပြည်သူတွေဟာ
နာကျင်ခံစားနေရတဲ့အချိန်မှာမေတ္တာတရားကိုသိရှိနေကြလိမ့်မယ်လို့ ဆိုခဲ့တာပါ။
ဒါ့အပြင်သူမဟာ ပဲရစ်မြို့က အီဖယ်လ်မျှော်စင်မှာ ယူကရိန်းအလံဖြစ်တဲ့
အပြာနဲ့အဝါရောင်ကိုမီးနဲ့ပုံဖော်ပြီး ယူကရိးန်ကိုထောက်ခံကြောင်း
ပြသခဲ့တဲ့ပုံကိုလည်း အင်စတာဂရမ်ပေါ်မှာတင်ခဲ့ပါသေးတယ်။
နာဗက်စ်ဟာလက်ရှိမှာ ကော်စတာရီကာအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား
ခြေစစ်ပွဲကစားဖို့ ပူးပေါင်းနေသူဖြစ်ပါတယ်။ ကော်စတာရီကာဟာ
ကွန်ကာကက်ဖ်ဇုန်ခြေစစ်ပွဲမှာအဆင့် ၅ နေရာမှာရပ်တည်နေပြီး
ကနေဒါ၊ အယ်ဆာဗေဒို၊ အမေရိကန် တို့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။
သူတို့ဟာ အဆင့် ၄ နေရာရမှသာလျင် playoff အဆင့်ကိုတက်ရောက်မှာဖြစ်ပြီး
သမုဒ္ဒရာပိုင်းဇုန်က အသင်းတစ်ခုနဲ့တွေ့မှာဖြစ်ကာ နိုင်မှာသာ
ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။
zawgyi
ယူကရိန်းဒုက္ခသည် ၃၀ ကို လိုလေသေးမရှိအောင် အစစအရာရာပြင်ဆင်ပြီး နေအိမ်မှာလက်ခံပေးတဲ့ နာဗက်စ်