ယာယီနည်းပြအပြင် ယူနိုက်တက် လျာထားတဲ့နည်းပြနှစ်ယောက်စလုံးလည်း ၁၆ သင်းအဆင့်က ထွက်ခဲ့ရ

ဖာဂူဆန်နောက်ပိုင်း နည်းပြတွေနဲ့ပတ်သက်လို့ မန်ယူရဲ့ကံမကောင်းမှုကို

အခုနောက်ဆုံး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်က မီးမောင်းထိုးပြနေသလိုပါပဲ။

ပြီးခဲ့တဲ့အပတ်ကပဲ ရီးရဲလ်အိမ်ကွင်းဘာနေဗျူးက အရှုံးကြောင့် မန်ယူအမြဲတမ်း

နည်းပြရာထူးအတွက် ရေပန်းစားသူတစ်ယောက်ဖြစ်တဲ့ ပီအက်စ်ဂျီ

နည်းပြပိုချက်တီနိုဟာ ၁၆ သင်းအဆင့်က ထွက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့အင်္ဂါညကလည်း မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှာ အက်သလက်တီကို ကို

၁-၀ နဲ့ရှုံးသွားလို့ အသင်းယာယီနည်းပြရန်းနစ်ဟာလည်း ၁၆ သင်းအဆင့်က

ထွက်ခဲ့ရတာပါ။ ဒါပေမဲ့လည်း မန်ယူနဲ့ပတ်သက်လို့ တစ်ညတည်းမှာ ရန်းနစ်

တစ်ယောက်တည်းမဟုတ်ဘဲ အဖော်အပေါင်းနဲ့ ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ တစ်ဖက်ကပွဲမှာ အေဂျက်က အိမ်ကွင်းမှာပဲ ဘင်ဖီကာကို

၁-၀ နဲ့ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတာပါ။ အေဂျက်နည်းပြအဲရစ်တန်ဟက်ဟာ

လာမယ့်ရာသီမန်ယူအမြဲတမ်းနည်းပြရာထူးအတွက် ပိုချက်တီနိုလိုပဲ

ရေပန်းအစားဆုံးသူတစ်ယောက် ဖြစ်ပါတယ်။

ဒါဟာ မန်ယူနည်းပြလောင်းလျာတွေအတွက် ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။

ရန်းနစ်အပြင် ပိုချက်တီနိုရော အဲရစ်တန်ဟက်တို့ပါ ၁၆ သင်းအဆင့်ရဲ့

ပထမအကျော့မှာ ရှုံးခဲ့ကြတာ မဟုတ်ပါဘူး။

ဒါ့အပြင် သူတို့ ၃ ယောက်စလုံးရဲ့အသင်းတွေဟာ ပထမအကျော့အပြီး

ကွာတားတက်ဖို့ ပိုပြီးရေပန်းစားခဲ့ကြတာပါ။ ဒါပေမဲ့ ပီအက်စ်ဂျီက နှစ်ကျော့ပေါင်း

၂ ဂိုးပြတ်နဲ့ဦးဆောင်နိုင်နေရာကနေ ၃-၂ နဲ့ရှုံးသွားပြီး မန်ယူနဲ့အေဂျက်တို့ကလည်း

အိမ်ကွင်းမှာ ၁-၀ ရလဒ်နဲ့ ကိုယ်စီရှုံးနိမ့်ခဲ့ပါတယ်။

zawgyi

ယာယီနည္းျပအျပင္ ယူႏိုက္တက္ လ်ာထားတဲ့နည္းျပႏွစ္ေယာက္စလုံးလည္း ၁၆ သင္းအဆင့္က ထြက္ခဲ့ရ

ဖာဂူဆန္ေနာက္ပိုင္း နည္းျပေတြနဲ႔ပတ္သက္လို႔ မန္ယူရဲ႕ကံမေကာင္းမႈကို

အခုေနာက္ဆုံး ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္က မီးေမာင္းထိုးျပေနသလိုပါပဲ။

ၿပီးခဲ့တဲ့အပတ္ကပဲ ရီးရဲလ္အိမ္ကြင္းဘာေနဗ်ဴးက အရႈံးေၾကာင့္ မန္ယူအၿမဲတမ္း

နည္းျပရာထူးအတြက္ ေရပန္းစားသူတစ္ေယာက္ျဖစ္တဲ့ ပီအက္စ္ဂ်ီ

နည္းျပပိုခ်က္တီႏိုဟာ ၁၆ သင္းအဆင့္က ထြက္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့အဂၤါညကလည္း မန္ယူဟာ အိုးလ္ထရက္ဖို႔ဒ္မွာ အက္သလက္တီကို ကို

၁-၀ နဲ႔ရႈံးသြားလို႔ အသင္းယာယီနည္းျပရန္းနစ္ဟာလည္း ၁၆ သင္းအဆင့္က

ထြက္ခဲ့ရတာပါ။ ဒါေပမဲ့လည္း မန္ယူနဲ႔ပတ္သက္လို႔ တစ္ညတည္းမွာ ရန္းနစ္

တစ္ေယာက္တည္းမဟုတ္ဘဲ အေဖာ္အေပါင္းနဲ႔ ျဖစ္ခဲ့ပါတယ္။

အဲဒါကေတာ့ တစ္ဖက္ကပြဲမွာ ေအဂ်က္က အိမ္ကြင္းမွာပဲ ဘင္ဖီကာကို

၁-၀ နဲ႔ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရတာပါ။ ေအဂ်က္နည္းျပအဲရစ္တန္ဟက္ဟာ

လာမယ့္ရာသီမန္ယူအၿမဲတမ္းနည္းျပရာထူးအတြက္ ပိုခ်က္တီႏိုလိုပဲ

ေရပန္းအစားဆုံးသူတစ္ေယာက္ ျဖစ္ပါတယ္။

ဒါဟာ မန္ယူနည္းျပေလာင္းလ်ာေတြအတြက္ ေကာင္းတဲ့အလားအလာေတာ့ မဟုတ္ပါဘူး။

ရန္းနစ္အျပင္ ပိုခ်က္တီႏိုေရာ အဲရစ္တန္ဟက္တို႔ပါ ၁၆ သင္းအဆင့္ရဲ႕

ပထမအေက်ာ့မွာ ရႈံးခဲ့ၾကတာ မဟုတ္ပါဘူး။

ဒါ့အျပင္ သူတို႔ ၃ ေယာက္စလုံးရဲ႕အသင္းေတြဟာ ပထမအေက်ာ့အၿပီး

ကြာတားတက္ဖို႔ ပိုၿပီးေရပန္းစားခဲ့ၾကတာပါ။ ဒါေပမဲ့ ပီအက္စ္ဂ်ီက ႏွစ္ေက်ာ့ေပါင္း

၂ ဂိုးျပတ္နဲ႔ဦးေဆာင္ႏိုင္ေနရာကေန ၃-၂ နဲ႔ရႈံးသြားၿပီး မန္ယူနဲ႔ေအဂ်က္တို႔ကလည္း

အိမ္ကြင္းမွာ ၁-၀ ရလဒ္နဲ႔ ကိုယ္စီရႈံးနိမ့္ခဲ့ပါတယ္။