ယမ်းမွေ့တွေကြားက အလွမ်းရက်ရှည်

စစ်နဲ့ အချစ်က မတူညီတဲ့ အကျိုးဆက်တွေနဲ့ ဆက်စပ်နေကြတယ်။

သမိုင်းစာမျက်နှာတွေက အချစ်ဇာတ်လမ်းတချို့ဟာ စစ်ပွဲတွေကြောင့်

ကြေကွဲစရာတွေ ဖြစ်ခဲ့ရဖူးတယ်။ မတူညီတဲ့ နိုင်ငံ နှစ်ခုက လူသားနှစ်ယောက်ချစ်သူဖြစ်ပြီး

အနေဝေးလို့ လွမ်းနေရတာဟာ ဖြေသိမ့်လို့ရပေမယ့် စစ်ရေးကြောင့်

လွမ်းရတာကတော့ ရင်နာစရာပါပဲ။ ချယ်လ်ဆီးအသင်းပိုင်ရှင်ဖြစ်တဲ့

ရုရှားသူဌေးအေဘရာမိုဗစ်ဟာ ရုရှားသမ္မတပူတင်ရဲ့ အားကိုးရတဲ့

ခရိုနီသူဌေးတစ်ယောက်ပါ။ သူ့ကို ကရင်မ်လင်ရဲ့ Mr.A လို့တောင် တင်စားကြတယ်။

ပြီးခဲ့တဲ့လက ပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ်စတင်ဆင်နွှဲခဲ့တာ အခုချိန်ထိပါပဲ။

ဒီကျူးကျော်စစ်ကို ကမ္ဘာ့ပြည်သူတွေက ကန့်ကွက်နေကြပေမယ့်

ယူကရိန်းပြည်သူတွေ သေဆုံးမှုက တစ်နေ့ထက်တစ်နေ့ပိုများလာခဲ့တယ်။

မိုဗစ်ကိုလည်း ပူတင်ရဲ့ ခရိုနီသူဌေးဖြစ်လို့ ဗြိတိန်က စီးပွားရေးပိတ်ဆို့အရေးယူခဲ့တယ်။

ချယ်လ်ဆီးအသင်းနဲ့ ဗြိတိန်မှာရှိတဲ့ မိုဗစ်ရဲ့ ပိုင်ဆိုင်မှုတွေကို

ရောင်းချလို့မရအောင် ဗြိတိန်အစိုးရကထိန်းချုပ်ခဲ့တယ်။

မိုဗစ်အနေနဲ့ ဒီလိုပိတ်ဆို့ခံရပေမယ့် သူ့အတွက် သိပ်ပြီးခံစားနေပုံမပေါ်ပါဘူး။

ဒါပေမယ့် ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်စစ်ကြောင့် သူအသဲကွဲနေခဲ့ရတယ်။

ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့တိတ်တခိုးချစ်သူလေးဟာ ရုရှားရုပ်သံလောကမှာ

နာမည်ကျော်နေတဲ့ ယူကရိန်းမင်းသမီးလေးဖြစ်နေလို့ပါပဲ။

အသက် 25 နှစ်အရွယ် မင်းသမီးလေးအလက်ဇန္ဒားကိုရန်ယွတ်ဟာ

ပြီးခဲ့တဲ့အောက်တိုဘာလကမှ မိုဗစ်နဲ့ ချစ်သူတွေဖြစ်လာတာပါ။

မိုဗစ်ဟာ သူ့ရဲ့တတိယမြောက်ဇနီး ဇူကိုဗာနဲ့ 2018 ခုနှစ်မှာ

လမ်းခွဲခဲ့ပြီးနောက်ပိုင်း ရုရှားဘဲလေးကချေသည် ဗစ်နီဗာနဲ့

ချစ်ကြိုက်ခဲ့သေးပေမယ့် ဗစ်နီဗာက သူ့အသဲကိုခွဲခဲ့လို့ မိုဗစ်ဟာ

အထီးကျန်ဘဝနဲ့ဖြတ်သန်းခဲ့ရတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ သူဟာ ယူကရိန်းသူလေးနဲ့ တွေ့ဆုံခဲ့ရတယ်။

ရုရှားရုပ်သံဇာတ်လမ်းတွဲမှာ အောင်မြင်ခဲ့တဲ့ ကိုရန်ယွတ်ဟာ

တေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားသူပါ။

အသက် 55 နှစ်အရွယ် မိုဗစ်အနေနဲ့ သူ့ထက် အသက် 30 နှစ်ငယ်တဲ့

မိန်းမချောလေးနဲ့ ချစ်သူဖြစ်ခွင့်ရလို့ ပျော်ရွှင်နေချိန်မှာပဲ ရုရှားရဲ့

ကျူးကျော်စစ်ပွဲကြောင့် အသဲကွဲရမလိုဖြစ်နေပါတယ်။

သူတို့ကြားက ဆက်ဆံရေးဟာ အခုချိန်ထိကောင်းနေတယ်ဆိုပေမယ့်လည်း

ယူကရိန်းမိသားစုကပေါက်ဖွားလာတဲ့ ယူကရိန်းသူလေးကို ရုရှားနိုင်ငံသားမိုဗစ်

နှလုံးသားထဲမှာ ထာဝရထိန်းသိမ်းနိုင်ပါ့မလားတွေးပူနေရတယ်။

အခုအချိန်မှာတောင်တစ်နေရာစီဝေးပြီး လေလှိုင်းပေါ်ကပဲ အလွမ်း‌တွေကို

ဖြေသိမ့်နေရတယ်။ စစ်ပွဲတွေကြားမှာ မိုဗစ်ရဲ့ အလွမ်းနေ့ရက်တွေက

ရှည်ကြာနေဦးမှာပါပဲ။ လွမ်းရက်ရှည်တဲ့ အသဲကွဲဝေဒနာကိုခံစားရင်း

မိုဗစ်ရဲ့ အချစ်ရေးက ကြေကွဲစရာတွေလည်း သမိုင်းတွင်နေမလားဆိုတာ စောင့်ကြည့်ရမှာပါ။

zawgyi

ယမ္းေမြ႕ေတြၾကားက အလြမ္းရက္ရွည္

စစ္နဲ႔ အခ်စ္က မတူညီတဲ့ အက်ိဳးဆက္ေတြနဲ႔ ဆက္စပ္ေနၾကတယ္။

သမိုင္းစာမ်က္ႏွာေတြက အခ်စ္ဇာတ္လမ္းတခ်ိဳ႕ဟာ စစ္ပြဲေတြေၾကာင့္

ေၾကကြဲစရာေတြ ျဖစ္ခဲ့ရဖူးတယ္။ မတူညီတဲ့ ႏိုင္ငံ ႏွစ္ခုက လူသားႏွစ္ေယာက္ခ်စ္သူျဖစ္ၿပီး

အေနေဝးလို႔ လြမ္းေနရတာဟာ ေျဖသိမ့္လို႔ရေပမယ့္ စစ္ေရးေၾကာင့္

လြမ္းရတာကေတာ့ ရင္နာစရာပါပဲ။ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ျဖစ္တဲ့

႐ုရွားသူေဌးေအဘရာမိုဗစ္ဟာ ႐ုရွားသမၼတပူတင္ရဲ႕ အားကိုးရတဲ့

ခ႐ိုနီသူေဌးတစ္ေယာက္ပါ။ သူ႔ကို ကရင္မ္လင္ရဲ႕ Mr.A လို႔ေတာင္ တင္စားၾကတယ္။

ၿပီးခဲ့တဲ့လက ပူတင္ဟာ ယူကရိန္းကို က်ဴးေက်ာ္စစ္စတင္ဆင္ႏႊဲခဲ့တာ အခုခ်ိန္ထိပါပဲ။

ဒီက်ဴးေက်ာ္စစ္ကို ကမာၻ႔ျပည္သူေတြက ကန႔္ကြက္ေနၾကေပမယ့္

ယူကရိန္းျပည္သူေတြ ေသဆုံးမႈက တစ္ေန႔ထက္တစ္ေန႔ပိုမ်ားလာခဲ့တယ္။

မိုဗစ္ကိုလည္း ပူတင္ရဲ႕ ခ႐ိုနီသူေဌးျဖစ္လို႔ ၿဗိတိန္က စီးပြားေရးပိတ္ဆို႔အေရးယူခဲ့တယ္။

ခ်ယ္လ္ဆီးအသင္းနဲ႔ ၿဗိတိန္မွာရွိတဲ့ မိုဗစ္ရဲ႕ ပိုင္ဆိုင္မႈေတြကို

ေရာင္းခ်လို႔မရေအာင္ ၿဗိတိန္အစိုးရကထိန္းခ်ဳပ္ခဲ့တယ္။

မိုဗစ္အေနနဲ႔ ဒီလိုပိတ္ဆို႔ခံရေပမယ့္ သူ႔အတြက္ သိပ္ၿပီးခံစားေနပုံမေပၚပါဘူး။

ဒါေပမယ့္ ႐ုရွားရဲ႕ ယူကရိန္းအေပၚက်ဴးေက်ာ္စစ္ေၾကာင့္ သူအသဲကြဲေနခဲ့ရတယ္။

ဘာျဖစ္လို႔လည္းဆိုေတာ့ သူ႔ရဲ႕တိတ္တခိုးခ်စ္သူေလးဟာ ႐ုရွား႐ုပ္သံေလာကမွာ

နာမည္ေက်ာ္ေနတဲ့ ယူကရိန္းမင္းသမီးေလးျဖစ္ေနလို႔ပါပဲ။

အသက္ 25 ႏွစ္အ႐ြယ္ မင္းသမီးေလးအလက္ဇႏၵားကိုရန္ယြတ္ဟာ

ၿပီးခဲ့တဲ့ေအာက္တိုဘာလကမွ မိုဗစ္နဲ႔ ခ်စ္သူေတြျဖစ္လာတာပါ။

မိုဗစ္ဟာ သူ႔ရဲ႕တတိယေျမာက္ဇနီး ဇူကိုဗာနဲ႔ 2018 ခုႏွစ္မွာ

လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း ႐ုရွားဘဲေလးကေခ်သည္ ဗစ္နီဗာနဲ႔

ခ်စ္ႀကိဳက္ခဲ့ေသးေပမယ့္ ဗစ္နီဗာက သူ႔အသဲကိုခြဲခဲ့လို႔ မိုဗစ္ဟာ

အထီးက်န္ဘဝနဲ႔ျဖတ္သန္းခဲ့ရတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ကုန္ခါနီးမွာ သူဟာ ယူကရိန္းသူေလးနဲ႔ ေတြ႕ဆုံခဲ့ရတယ္။

႐ုရွား႐ုပ္သံဇာတ္လမ္းတြဲမွာ ေအာင္ျမင္ခဲ့တဲ့ ကိုရန္ယြတ္ဟာ

ေတးထုတ္လုပ္ေရးကုမၸဏီတစ္ခုကို ပိုင္ဆိုင္ထားသူပါ။

အသက္ 55 ႏွစ္အ႐ြယ္ မိုဗစ္အေနနဲ႔ သူ႔ထက္ အသက္ 30 ႏွစ္ငယ္တဲ့

မိန္းမေခ်ာေလးနဲ႔ ခ်စ္သူျဖစ္ခြင့္ရလို႔ ေပ်ာ္႐ႊင္ေနခ်ိန္မွာပဲ ႐ုရွားရဲ႕

က်ဴးေက်ာ္စစ္ပြဲေၾကာင့္ အသဲကြဲရမလိုျဖစ္ေနပါတယ္။

သူတို႔ၾကားက ဆက္ဆံေရးဟာ အခုခ်ိန္ထိေကာင္းေနတယ္ဆိုေပမယ့္လည္း

ယူကရိန္းမိသားစုကေပါက္ဖြားလာတဲ့ ယူကရိန္းသူေလးကို ႐ုရွားႏိုင္ငံသားမိုဗစ္

ႏွလုံးသားထဲမွာ ထာဝရထိန္းသိမ္းႏိုင္ပါ့မလားေတြးပူေနရတယ္။

အခုအခ်ိန္မွာေတာင္တစ္ေနရာစီေဝးၿပီး ေလလႈိင္းေပၚကပဲ အလြမ္း‌ေတြကို

ေျဖသိမ့္ေနရတယ္။ စစ္ပြဲေတြၾကားမွာ မိုဗစ္ရဲ႕ အလြမ္းေန႔ရက္ေတြက

ရွည္ၾကာေနဦးမွာပါပဲ။ လြမ္းရက္ရွည္တဲ့ အသဲကြဲေဝဒနာကိုခံစားရင္း

မိုဗစ္ရဲ႕ အခ်စ္ေရးက ေၾကကြဲစရာေတြလည္း သမိုင္းတြင္ေနမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။