





ဘာစီလိုနာအသင်းဟာ မနေ့ညက ဆီဗီလာနဲ့ ပွဲစဉ်မှာ ပက်ဒရီရဲ့ မှော်ဆန်တဲ့
ကန်ချက်နဲ့အတူ နိုင်ပွဲရယူနိုင်ခဲ့ပြီး နောက် လာလီဂါအမှတ်ပေးဇယား





အဆင့် ( ၂ ) နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ကတ်တလန်ကလပ်ဟာ
အမှတ်ပေးချန်ပီယံဆုအတွက် ရီးရဲမက်ဒရစ်ကို စိန်ခေါ်နိုင်မယ့်
လက်ကျန်အခွင့်အရေးလေးကို အကောင်းဆုံးအသုံးချနိုင်ဖို့ အဆင့် ( ၄ )





အတွင်းက ပြိုင်ဘက်ကို အသားစီးကစားသွားခဲ့ပါတယ်။
ဇာဗီရဲ့ အသင်းက နူးကမ့်မှာ ပထမပိုင်းအတွင်း အခွင့်အရေး





ဖန်တီးနိုင်မှုပိုင်း အားနည်းခဲ့ပြီး နောက်ဆုံးပေးပို့မှုတွေမှာ
လိုအပ်ချက်ရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့
ဘာစီလိုနာက အခွင့်အရေးတွေ ပိုမိုဖန်တီးလာနိုင်ပြီး ဂျာရတ် ပီကေးရဲ့





ခေါင်းတိုက်ချက် ဂိုးဘားတန်းထိမှန်ခဲ့လို့သာ စောစောစီးစီး
ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးဖို့ မိနစ် ( ၂၀ ) အလိုမှာတော့





ပက်ဒရီက ဆီဗီလာကစားသမားတွေများစွာကို မြက်ခင်းပေါ်လှဲကျသွားအောင်
ဟန်ပြလှည့်ကွက် ( ၂ ) ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဂိုးရဲ့ အောက်ခြေထောင့်ကို
လှလှပပ ကန်သွင်းကာ အဖိုးတန်အနိုင်ဂိုး ရယူပေးခဲ့ပါတယ်။





ဆီဗီလာရဲ့ အားကစားဒါရိုက်တာ မွန်ချီကတောင် “ ပက်ဒရီရဲ့ သွင်းဂိုးက
သမိုင်းတင်ကျန်ရစ်မလားဆိုတာ ကျွန်တော်မသိပါဘူး။





ဒါပေမယ့် ဒီဂိုးကို သမိုင်းဝင်မယ့် ကစားသမားတစ်ဦးက
သွင်းယူလိုက်တယ်ဆိုတာတော့ ကျွန်တော် သေချာသိပါတယ်။”လို့
ချီးကျူးပြောဆိုခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းက





( ၂၉ ) ပွဲကစားပြီးချိန် ရမှတ် ( ၅၇) မှတ်နဲ့ အမှတ်ပေးဇယားအဆင့်
( ၂ ) နေရာကို တက်လှမ်းနိုင်ခဲ့ပြီး တစ်ပွဲပိုကစားထားတဲ့ အဆင့် ( ၁ )





နေရာက ရီးရဲမက်ဒရစ်အောက် ( ၁၂ ) မှတ်လျော့နည်းလျက်ရှိပါတယ်။
ဒါပေမယ့် ရီးရဲမက်ဒရစ်က အက်သလက်တီကို မက်ဒရစ် ၊ ဆီဗီလာတို့နဲ့
ဆက်လက်ကစားဖို့ ရှိနေသေးတာကြောင့် ဘာစီလိုနာအနေနဲ့





ချန်ပီယံဆုအတွက် အနည်းငယ်မျှော်လင့်ချက်ရှိနေသေးတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဇာဗီက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ “ သင်္ချာနည်းနဲ့ ဖြစ်နိုင်သေးသရွေ့





ကျွန်တော်တို့က လာလီဂါချန်ပီယံဆုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။”လို့
ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
zawgyi





ေမွာ္ဆရာရဲ႕ သမိုင္းဝင္သြင္းဂိုး လာလီဂါခ်န္ပီယံဆုကို ဘာကာ စိန္ေခၚ
ဘာစီလိုနာအသင္းဟာ မေန႔ညက ဆီဗီလာနဲ႔ ပြဲစဥ္မွာ ပက္ဒရီရဲ႕ ေမွာ္ဆန္တဲ့





ကန္ခ်က္နဲ႔အတူ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး ေနာက္ လာလီဂါအမွတ္ေပးဇယား
အဆင့္ ( ၂ ) ေနရာကို ေရာက္ရွိလာခဲ့ပါတယ္။ ကတ္တလန္ကလပ္ဟာ
အမွတ္ေပးခ်န္ပီယံဆုအတြက္ ရီးရဲမက္ဒရစ္ကို စိန္ေခၚႏိုင္မယ့္





လက္က်န္အခြင့္အေရးေလးကို အေကာင္းဆုံးအသုံးခ်ႏိုင္ဖို႔ အဆင့္ ( ၄ )
အတြင္းက ၿပိဳင္ဘက္ကို အသားစီးကစားသြားခဲ့ပါတယ္။





ဇာဗီရဲ႕ အသင္းက ႏူးကမ့္မွာ ပထမပိုင္းအတြင္း အခြင့္အေရး
ဖန္တီးႏိုင္မႈပိုင္း အားနည္းခဲ့ၿပီး ေနာက္ဆုံးေပးပို႔မႈေတြမွာ
လိုအပ္ခ်က္ရွိခဲ့တာေတြ႕ရပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့





ဘာစီလိုနာက အခြင့္အေရးေတြ ပိုမိုဖန္တီးလာႏိုင္ၿပီး ဂ်ာရတ္ ပီေကးရဲ႕
ေခါင္းတိုက္ခ်က္ ဂိုးဘားတန္းထိမွန္ခဲ့လို႔သာ ေစာေစာစီးစီး





ဂိုးမရခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ပြဲၿပီးဆုံးဖို႔ မိနစ္ ( ၂၀ ) အလိုမွာေတာ့
ပက္ဒရီက ဆီဗီလာကစားသမားေတြမ်ားစြာကို ျမက္ခင္းေပၚလွဲက်သြားေအာင္
ဟန္ျပလွည့္ကြက္ ( ၂ ) ႀကိမ္ ျပဳလုပ္ခဲ့ၿပီးေနာက္ ဂိုးရဲ႕ ေအာက္ေျခေထာင့္ကို





လွလွပပ ကန္သြင္းကာ အဖိုးတန္အႏိုင္ဂိုး ရယူေပးခဲ့ပါတယ္။
ဆီဗီလာရဲ႕ အားကစားဒါ႐ိုက္တာ မြန္ခ်ီကေတာင္ “ ပက္ဒရီရဲ႕ သြင္းဂိုးက





သမိုင္းတင္က်န္ရစ္မလားဆိုတာ ကြၽန္ေတာ္မသိပါဘူး။
ဒါေပမယ့္ ဒီဂိုးကို သမိုင္းဝင္မယ့္ ကစားသမားတစ္ဦးက
သြင္းယူလိုက္တယ္ဆိုတာေတာ့ ကြၽန္ေတာ္ ေသခ်ာသိပါတယ္။”လို႔





ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ ယခုႏိုင္ပြဲေၾကာင့္ ဘာစီလိုနာအသင္းက
( ၂၉ ) ပြဲကစားၿပီးခ်ိန္ ရမွတ္ ( ၅၇) မွတ္နဲ႔ အမွတ္ေပးဇယားအဆင့္





( ၂ ) ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီး တစ္ပြဲပိုကစားထားတဲ့ အဆင့္ ( ၁ )
ေနရာက ရီးရဲမက္ဒရစ္ေအာက္ ( ၁၂ ) မွတ္ေလ်ာ့နည္းလ်က္ရွိပါတယ္။
ဒါေပမယ့္ ရီးရဲမက္ဒရစ္က အက္သလက္တီကို မက္ဒရစ္ ၊ ဆီဗီလာတို႔နဲ႔





ဆက္လက္ကစားဖို႔ ရွိေနေသးတာေၾကာင့္ ဘာစီလိုနာအေနနဲ႔
ခ်န္ပီယံဆုအတြက္ အနည္းငယ္ေမွ်ာ္လင့္ခ်က္ရွိေနေသးတာျဖစ္ပါတယ္။





ဒါေၾကာင့္လည္း ဇာဗီက ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ “ သခ်ၤာနည္းနဲ႔ ျဖစ္ႏိုင္ေသးသေ႐ြ႕
ကြၽန္ေတာ္တို႔က လာလီဂါခ်န္ပီယံဆုအတြက္ ဆက္လက္တိုက္ပြဲဝင္သြားမွာပါ။”လို႔
ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။





Leave a Reply