မှော်ဆရာမက်ဆီနဲ့ မာရသွန်အမ်ဘာပီတို့ ဖန်တီးနိုင်ခဲ့တဲ့ လီဂူးသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး

ပီအက်စ်ဂျီဟာ လိုင်လီကို အဝေးကွင်းမှာ ၇-၁ ဂိုးနဲ့အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်မှုမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ နည်းပြသစ်ဂယ်လ်တီယာနဲ့ ရာသီသစ်စတင်နေတဲ့ ပါရီကလပ်ဟာ

ရာသီအဖွင့် ၃ ပွဲလုံးအနိုင်ရပြီး လီဂူးအမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတာပါ။ ၁၇ ဂိုးသွင်းနိုင်ခဲ့တဲ့ ဂိုးသွင်းနှုန်းကလည်း ဥရောပထိပ်သီးလိဂ် ၅ ခုမှာ အမြင့်ဆုံးဖြစ်နေပါတယ်။ သူတို့ကို ၁၅ ဂိုးနဲ့ဖိအားပေးနိုင်တာဆိုလို့

ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်တစ်သင်းပဲရှိပါတယ်။ လိုင်လီနဲ့ပွဲမှာ အမ်ဘာပီက ဟက်ထရစ်ရခဲ့သလို မက်ဆီရော နေမာပါ ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။ နေမာက ၂ ဂိုး မက်ဆီက တစ်ဂိုး သွင်းနိုင်ခဲ့ကြတာပါ။

ထူးခြားတာက ဘရာဇီးလ်သားနဲ့ အာဂျင်တီးနားကြယ်ပွင့်တို့ရဲ့ ဖန်တီးမှုတွေပါပဲ။ နေမာဟာ ဟာကီမီအတွက် တစ်ဂိုး၊ အမ်ဘာပီအတွက် ၂ ဂိုးဖန်တီးပေးခဲ့ပြီး ဂိုးဖန်တီးမှု ဟက်ထရစ်ရခဲ့ပါတယ်။

မက်ဆီကတော့ ပြင်သစ်တိုက်စစ်မှူးအတွက် အဖွင့်ဂိုးကို ဆရာကျကျ ဖန်တီးပေးခဲ့တာပါ။ ကွင်းလယ်သာသာလောက်ကနေ သူလှမ်းမပေးလိုက်တဲ့ဘောလုံးက အမ်ဘာပီရဲ့ပြေးလမ်းထဲ အတိအကျရောက်ခဲ့သလို

ပြင်သစ်သားကလည်း လိုင်လီဂိုးသမားအပေါ်ကို ကျော်မပြီး လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီဂိုးရဖို့ ပီအက်စ်ဂျီဟာ ဘောလုံး ၅ ချက်သာထိခဲ့ရပြီး ၈ စက္ကန့်သာ အချိန်ယူခဲ့ရတာပါ။ တနည်းအားဖြင့် ပြင်သစ် လီဂူး-၁ သမိုင်းတစ်လျှောက်

အမြန်ဆုံးဂိုးဖြစ်ခဲ့ပါတယ်။ အမ်ဘာပီကြောင့် အဝတ်လဲခန်းအတွင်း ပြဿနာရှိနေတယ်လို့ သတင်းတွေထွက်နေပေမယ့် ဒီပွဲမှာ ဂိုးဖန်တီးပေးခဲ့ကြတဲ့ သူ့ရဲ့စီနီယာတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အောင်ပွဲခံခဲ့တဲ့ ပြင်သစ်သားကြောင့် ပီအက်စ်ဂျီပရိသတ်တွေလည်း ကျေနပ်နေကြပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီဟာ လိုင္လီကို အေဝးကြင္းမွာ ၇-၁ ဂိုးနဲ႔အႏိုင္ယူၿပီး ရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈမွတ္တမ္းကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။ နည္းျပသစ္ဂယ္လ္တီယာနဲ႔ ရာသီသစ္စတင္ေနတဲ့ ပါရီကလပ္ဟာ ရာသီအဖြင့္ ၃ ပြဲလုံးအႏိုင္ရၿပီး

လီဂူးအမွတ္ေပးဇယားထိပ္မွာ ဦးေဆာင္ေနတာပါ။ ၁၇ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဂိုးသြင္းႏႈန္းကလည္း ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ အျမင့္ဆုံးျဖစ္ေနပါတယ္။ သူတို႔ကို ၁၅ ဂိုးနဲ႔ဖိအားေပးႏိုင္တာဆိုလို႔ ဘြန္ဒက္စ္လီဂါကလပ္

ဘိုင္ယန္ျမဴးနစ္တစ္သင္းပဲရွိပါတယ္။ လိုင္လီနဲ႔ပြဲမွာ အမ္ဘာပီက ဟက္ထရစ္ရခဲ့သလို မက္ဆီေရာ ေနမာပါ ဂိုးသြင္းႏိုင္ခဲ့ၾကပါတယ္။ ေနမာက ၂ ဂိုး မက္ဆီက တစ္ဂိုး သြင္းႏိုင္ခဲ့ၾကတာပါ။ ထူးျခားတာက ဘရာဇီးလ္သားနဲ႔

အာဂ်င္တီးနားၾကယ္ပြင့္တို႔ရဲ႕ ဖန္တီးမႈေတြပါပဲ။ ေနမာဟာ ဟာကီမီအတြက္ တစ္ဂိုး၊ အမ္ဘာပီအတြက္ ၂ ဂိုးဖန္တီးေပးခဲ့ၿပီး ဂိုးဖန္တီးမႈ ဟက္ထရစ္ရခဲ့ပါတယ္။ မက္ဆီကေတာ့ ျပင္သစ္တိုက္စစ္မႉးအတြက္ အဖြင့္ဂိုးကို ဆရာက်က် ဖန္တီးေပးခဲ့တာပါ။

ကြင္းလယ္သာသာေလာက္ကေန သူလွမ္းမေပးလိုက္တဲ့ေဘာလုံးက အမ္ဘာပီရဲ႕ေျပးလမ္းထဲ အတိအက်ေရာက္ခဲ့သလို ျပင္သစ္သားကလည္း လိုင္လီဂိုးသမားအေပၚကို ေက်ာ္မၿပီး လွလွပပ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ဒီဂိုးရဖို႔ ပီအက္စ္ဂ်ီဟာ ေဘာလုံး ၅ ခ်က္သာထိခဲ့ရၿပီး ၈ စကၠန႔္သာ အခ်ိန္ယူခဲ့ရတာပါ။ တနည္းအားျဖင့္ ျပင္သစ္ လီဂူး-၁ သမိုင္းတစ္ေလွ်ာက္ အျမန္ဆုံးဂိုးျဖစ္ခဲ့ပါတယ္။ အမ္ဘာပီေၾကာင့္ အဝတ္လဲခန္းအတြင္း ျပႆနာရွိေနတယ္လို႔

သတင္းေတြထြက္ေနေပမယ့္ ဒီပြဲမွာ ဂိုးဖန္တီးေပးခဲ့ၾကတဲ့ သူ႔ရဲ႕စီနီယာေတြနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေအာင္ပြဲခံခဲ့တဲ့ ျပင္သစ္သားေၾကာင့္ ပီအက္စ္ဂ်ီပရိသတ္ေတြလည္း ေက်နပ္ေနၾကပါတယ္။