မှားယွင်းပြီးအထင်လွဲစေမယ့် မှတ်ချက်တွေပေးခဲ့သူလို့ ဆရာဟောင်းရော်ဂျာကို ဖိုဖာနာ ကျေးဇူးကန်း

ချဲလ်ဆီးကိုရောက်ပြီး မကြာခင်မှာပဲ ဆိုရှယ်မီဒီယာမှာတင်လိုက်တဲ့ ဖိုဖာနာရဲ့စာရှည်ကြီးကြောင့် အားလုံးအံ့အားသင့်သွားခဲ့ကြရပါတယ်။ ပြင်သစ်နောက်ခံလူဟာ ပြောင်းရွှေ့ကြေး ပေါင် ၆၉.၅ သန်းနဲ့

လန်ဒန်ကလပ်ကိုရောက်ရှိသွားခဲ့တာဖြစ်ပြီး ၇ နှစ်စာချုပ်မယ်လို့ သိရပါတယ်။ တနည်းအားဖြင့် ဒီနွေဈေးကွက်မှာ အဓိကပစ်မှတ်တစ်ခုကို ချဲလ်ဆီးမှန်အောင်ပစ်နိုင်ခဲ့တာပါ။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဖိုဖာနာဟာ

ဒီနွေမှာ ချဲလ်ဆီးခေါ်ယူလိုက်တဲ့ ၇ ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်စတာပရိသတ်တွေကို လူမှုကွန်ယက်ကနေ နှုတ်ဆက်ချိန်မှာတော့ ပြင်သစ်နောက်ခံလူဟာ

သူ့ရင်ထဲက အစိုင်အခဲတွေကို ပေါက်ကွဲပြလာခဲ့ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးနဲ့သတင်းထွက်နေချိန်မှာ သူ့ရဲ့အသင်းအပေါ်ထားတဲ့ ကတိ၊ အာရုံစိုက်မှုနဲ့ အပြုအမူကို လက်စတာနည်းပြဘရန်ဒန်ရော်ဂျာက

မေးခွန်းထုတ်ဝေဖန်ခဲ့သလို စီနီယာအသင်းကနေခွဲထုတ်ပြီး ယူ-၂၁ အသင်းနဲ့လေ့ကျင့်စေခဲ့တာကို အစာမကျေဖြစ်နေတာပါ။ လက်စတာပရိသတ်တွေကို နှုတ်ဆက်စကားဆိုပြီးတဲ့နောက် ဖိုဖာနာက

“ မှားယွင်းပြီး အထင်အမြင်လွဲစေမယ့်မှတ်ချက်တွေ အသင်းထဲကနေလာတာတောင်မှ ကျွန်တော် မျိုသိပ်ထားခဲ့ပါတယ်။ ကျွန်တော် နားလည်ပေးခဲ့သလို ဒါကနေလည်း သင်ယူခဲ့ပါတယ်။ ကျွန်တော့်ကို နားလည်ပေးခဲ့ကြတဲ့

အသင်းဥက္ကဌနဲ့ မန်နေဂျာတွေကို ကျေးဇူးတင်ပါတယ်။ နည်းပြကိုလည်း ကျေးဇူးပါ။ ကျွန်တော့်ကို အမြဲတမ်း လူသိရှင်ကြား ရွေးချယ်အပြစ်ဖို့ခဲ့ပေမယ့်ပေါ့။ ကျွန်တော် အဲဒီလိုနည်းပြမျိုး ရခဲ့တာပါ ” လို့ ရေးသားထားပါတယ်။

(zawgyi)

ခ်ဲလ္ဆီးကိုေရာက္ၿပီး မၾကာခင္မွာပဲ ဆိုရွယ္မီဒီယာမွာတင္လိုက္တဲ့ ဖိုဖာနာရဲ႕စာရွည္ႀကီးေၾကာင့္ အားလုံးအံ့အားသင့္သြားခဲ့ၾကရပါတယ္။ ျပင္သစ္ေနာက္ခံလူဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၉.၅ သန္းနဲ႔

လန္ဒန္ကလပ္ကိုေရာက္ရွိသြားခဲ့တာျဖစ္ၿပီး ၇ ႏွစ္စာခ်ဳပ္မယ္လို႔ သိရပါတယ္။ တနည္းအားျဖင့္ ဒီေႏြေဈးကြက္မွာ အဓိကပစ္မွတ္တစ္ခုကို ခ်ဲလ္ဆီးမွန္ေအာင္ပစ္ႏိုင္ခဲ့တာပါ။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ဖိုဖာနာဟာ

ဒီေႏြမွာ ခ်ဲလ္ဆီးေခၚယူလိုက္တဲ့ ၇ ေယာက္ေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ လက္စတာပရိသတ္ေတြကို လူမႈကြန္ယက္ကေန ႏႈတ္ဆက္ခ်ိန္မွာေတာ့ ျပင္သစ္ေနာက္ခံလူဟာ သူ႔ရင္ထဲက အစိုင္အခဲေတြကို

ေပါက္ကြဲျပလာခဲ့ပါတယ္။ အထူးသျဖင့္ ခ်ဲလ္ဆီးနဲ႔သတင္းထြက္ေနခ်ိန္မွာ သူ႔ရဲ႕အသင္းအေပၚထားတဲ့ ကတိ၊ အာ႐ုံစိုက္မႈနဲ႔ အျပဳအမူကို လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာက ေမးခြန္းထုတ္ေဝဖန္ခဲ့သလို

စီနီယာအသင္းကေနခြဲထုတ္ၿပီး ယူ-၂၁ အသင္းနဲ႔ေလ့က်င့္ေစခဲ့တာကို အစာမေက်ျဖစ္ေနတာပါ။ လက္စတာပရိသတ္ေတြကို ႏႈတ္ဆက္စကားဆိုၿပီးတဲ့ေနာက္ ဖိုဖာနာက “ မွားယြင္းၿပီး

အထင္အျမင္လြဲေစမယ့္မွတ္ခ်က္ေတြ အသင္းထဲကေနလာတာေတာင္မွ ကြၽန္ေတာ္ မ်ိဳသိပ္ထားခဲ့ပါတယ္။ ကြၽန္ေတာ္ နားလည္ေပးခဲ့သလို ဒါကေနလည္း သင္ယူခဲ့ပါတယ္။ ကြၽန္ေတာ့္ကို နားလည္ေပးခဲ့ၾကတဲ့

အသင္းဥကၠဌနဲ႔ မန္ေနဂ်ာေတြကို ေက်းဇူးတင္ပါတယ္။ နည္းျပကိုလည္း ေက်းဇူးပါ။ ကြၽန္ေတာ့္ကို အၿမဲတမ္း လူသိရွင္ၾကား ေ႐ြးခ်ယ္အျပစ္ဖို႔ခဲ့ေပမယ့္ေပါ့။ ကြၽန္ေတာ္ အဲဒီလိုနည္းျပမ်ိဳး ရခဲ့တာပါ ” လို႔ ေရးသားထားပါတယ္။