မြောက်လန်ဒန်ဒါဘီပွဲအပြီးမှာ ရမ်စ်ဒေးလ်ကို စပါးပရိသတ်တစ်ဦး ခြေထောက်နဲ့ကန်ခဲ့လို့ ပြဿနာတက်ခဲ့ကြ

ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတဲ့ စပါးနဲ့ အာဆင်နယ်တို့ရဲ့ မြောက်လန်ဒန်

ဒါဘီပွဲမှာ ပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်လေ့ရှိတဲ့ ထုံးစံအတိုင်း
ပွဲအပြီးမှာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ကို စပါးပရိသတ်တစ်ဦး
ခြေထောက်နဲ့လှမ်းကန်ခဲ့လို့ ပြဿနာတက်ခဲ့ကြပါတယ်။

အာဆင်နယ်အသင်းက လိုရစ်ရဲ့ OG ၊ အော်ဒီဂွါတို့ရဲ့ ဂိုးတွေကြောင့်
စပါးအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး ပွဲအပြီးမှာ ရမ်စ်ဒေးလ်နဲ့
စပါးအသင်းတိုက်စစ်ကစားသမား ရစ်ချာလီဆင်တို့ အပြန်အလှန်
စကားများခဲ့သလို ရစ်ချာလီဆင်က ရမ်စ်ဒေးလ်ရဲ့ ခေါင်းကို လက်နဲ့

လှမ်းပုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ရမ်စ်ဒေးလ်ဟာ ဘာမှ မတုံ့ပြန်ဘဲ ဂိုးနောက်မှာရှိတဲ့ သူ့ရေဘူးကို

သွားယူချိန်မှာ လူငယ်အရွယ်လောက်သာရှိမယ့် စပါးအသင်းပရိသတ်
တစ်ဦးက ကြော်ငြာ Billboard ပေါ် တက်ပြီးတော့ ရမ်စ်ဒေးလ်ကို
ခြေထောက်နဲ့လှမ်းကန်ခဲ့တာဖြစ်ပြီး ကွင်းလုံခြုံရေးတွေက ဝင်တားခဲ့ရပါတယ်။

အဲဒီနောက် နှစ်ဖက်ကစားသမားတချို့ စကားများခဲ့ကြတာကြောင့်
အာဆင်နယ်နည်းပြအာတီတာဟာ ကွင်းထဲပြေးဝင်ပြီး ချာကာအပါအဝင်
သူ့ကစားသမားတွေကို ဝင်ရောက်ထိန်းသိမ်းခဲ့ပါတယ်။

စပါးပရိသတ်ရဲ့ လုပ်ရပ်အပေါ် တခြားပရိသတ်တွေက ရှုတ်ချခဲ့ပြီး
‘ဒီလို စော်ကားခဲ့တဲ့အပြုအမူအတွက် ဒီကောင့်ကို တစ်သက်လုံး
ဘောလုံးပွဲကြည့်ခွင့်ပိတ်သင့်ပါတယ်။ တခြားသူတွေအတွက်လည်း

နမူနာယူစရာဖြစ်သွားတာပေါ့’၊ ‘ရှက်စရာကောင်းလိုက်တဲ့ ကလပ်ပဲကွာ’၊
‘သူရဲဘောကြောင်တဲ့ကောင်’ဆိုပြီးတော့ အွန်လိုင်းပေါ်မှာ ဝေဖန်ပြစ်တင်ခဲ့
ကြပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ပွဲအပြီး အင်တာဗျူးမှာ ရမ်စ်ဒေးလ်က
“ပရိသတ်တစ်ဦးဟာ ကျွန်တော့်နောက်ကျောကို ခြေထောက်နဲခုန်ကန်ခဲ့ပါတယ်။
ဘောလုံးပွဲတစ်ပွဲမှာ ဒီလိုအပြုအမူက တော်တော်လေး ရှက်စရာ
ကောင်းပါတယ်။ ကံကောင်းလို့ ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ခဲ့တာပါ”ဆိုပြီး

ဖြေကြားခဲ့ပါတယ်။

[Zawgyi]

ၿပိဳင္ဆိုင္မႈျပင္းထန္ေလ့ရွိတဲ့ စပါးနဲ႔ အာဆင္နယ္တို႔ရဲ႕ ေျမာက္လန္ဒန္

ဒါဘီပြဲမွာ ျပႆနာတစ္ခုမဟုတ္တစ္ခုျဖစ္ေလ့ရွိတဲ့ ထုံးစံအတိုင္း
ပြဲအၿပီးမွာ အာဆင္နယ္ဂိုးသမား ရမ္စ္ေဒးလ္ကို စပါးပရိသတ္တစ္ဦး
ေျခေထာက္နဲ႔လွမ္းကန္ခဲ့လို႔ ျပႆနာတက္ခဲ့ၾကပါတယ္။

အာဆင္နယ္အသင္းက လိုရစ္ရဲ႕ OG ၊ ေအာ္ဒီဂြါတို႔ရဲ႕ ဂိုးေတြေၾကာင့္
စပါးအသင္းကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ပြဲအၿပီးမွာ ရမ္စ္ေဒးလ္နဲ႔
စပါးအသင္းတိုက္စစ္ကစားသမား ရစ္ခ်ာလီဆင္တို႔ အျပန္အလွန္
စကားမ်ားခဲ့သလို ရစ္ခ်ာလီဆင္က ရမ္စ္ေဒးလ္ရဲ႕ ေခါင္းကို လက္နဲ႔

လွမ္းပုတ္ခဲ့ပါတယ္။

ဒါေပမဲ့ ရမ္စ္ေဒးလ္ဟာ ဘာမွ မတုံ႔ျပန္ဘဲ ဂိုးေနာက္မွာရွိတဲ့ သူ႔ေရဘူးကို

သြားယူခ်ိန္မွာ လူငယ္အ႐ြယ္ေလာက္သာရွိမယ့္ စပါးအသင္းပရိသတ္
တစ္ဦးက ေၾကာ္ျငာ Billboard ေပၚ တက္ၿပီးေတာ့ ရမ္စ္ေဒးလ္ကို
ေျခေထာက္နဲ႔လွမ္းကန္ခဲ့တာျဖစ္ၿပီး ကြင္းလုံၿခဳံေရးေတြက ဝင္တားခဲ့ရပါတယ္။

အဲဒီေနာက္ ႏွစ္ဖက္ကစားသမားတခ်ိဳ႕ စကားမ်ားခဲ့ၾကတာေၾကာင့္
အာဆင္နယ္နည္းျပအာတီတာဟာ ကြင္းထဲေျပးဝင္ၿပီး ခ်ာကာအပါအဝင္
သူ႔ကစားသမားေတြကို ဝင္ေရာက္ထိန္းသိမ္းခဲ့ပါတယ္။

စပါးပရိသတ္ရဲ႕ လုပ္ရပ္အေပၚ တျခားပရိသတ္ေတြက ရႈတ္ခ်ခဲ့ၿပီး
‘ဒီလို ေစာ္ကားခဲ့တဲ့အျပဳအမူအတြက္ ဒီေကာင့္ကို တစ္သက္လုံး
ေဘာလုံးပြဲၾကည့္ခြင့္ပိတ္သင့္ပါတယ္။ တျခားသူေတြအတြက္လည္း

နမူနာယူစရာျဖစ္သြားတာေပါ့’၊ ‘ရွက္စရာေကာင္းလိုက္တဲ့ ကလပ္ပဲကြာ’၊
‘သူရဲေဘာေၾကာင္တဲ့ေကာင္’ဆိုၿပီးေတာ့ အြန္လိုင္းေပၚမွာ ေဝဖန္ျပစ္တင္ခဲ့
ၾကပါတယ္။

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ ပြဲအၿပီး အင္တာဗ်ဴးမွာ ရမ္စ္ေဒးလ္က
“ပရိသတ္တစ္ဦးဟာ ကြၽန္ေတာ့္ေနာက္ေက်ာကို ေျခေထာက္နဲခုန္ကန္ခဲ့ပါတယ္။
ေဘာလုံးပြဲတစ္ပြဲမွာ ဒီလိုအျပဳအမူက ေတာ္ေတာ္ေလး ရွက္စရာ
ေကာင္းပါတယ္။ ကံေကာင္းလို႔ ဘာမွ ဆိုးဆိုး႐ြား႐ြား မျဖစ္ခဲ့တာပါ”ဆိုၿပီး

ေျဖၾကားခဲ့ပါတယ္။