မြေခွေးတွေကို အမုန်းကြိတ်တဲ့ပွဲမှာ ၄ ဂိုးလုံးပတ်သက်ပေးခဲ့တဲ့ ဂျီဆပ်ကြောင့် အာဆင်နယ်ပရိသတ်တွေ ရူးခါကုန်ပြီ
အာဆင်နယ်ဟာ ဒီရာသီ ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ လက်စတာကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာတီတာရဲ့အသင်းအတွက် ဒီပွဲမှာ သူရဲကောင်းဖြစ်ခဲ့သူကတော့ တိုက်စစ်မှူးဂျီဆပ်ပါ။ ဘရာဇီးလ်သားဟာ
ပွဲချိန် ၂၂ မိနစ်မှာ လက်စတာဂိုးတိုင်အဝေးထောင့်ထဲ လှလှပပကန်ပြီး ဦးဆောင်ဂိုးသွင်းပေးခဲ့သလို ၁၀ မိနစ်ကျော်ကျော်လောက်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ဒုတိယဂိုးသွင်းပေးခဲ့တယ်။
ဒုတိယပိုင်းမှာ ဆာလီဘာရဲ့ OG ကြောင့် လက်စတာ တစ်ဂိုးရသွားပေမယ့် မြေခွေးတွေရဲ့အပျော်က ၂ မိနစ်သာခံခဲ့ပါတယ်။ အာဆင်နယ်ရဲ့ဖရီးကစ်ကို လက်စတာဂိုးသမားဝက်ဒ် ပေါ့ပေါ့ဆဆပုတ်ထုတ်ရာမှာ
ဂျီဆပ်နဲ့ငြိပြီး လွတ်ထွက်လာတာကို ရှာကာက ပိတ်သွင်းခဲ့တာပါ။ ၇၄ မိနစ်မှာ မက်ဒီဆင်ရဲ့ထောင့်ဖြတ်ကန်ချက်နဲ့ လက်စတာ ဒုတိယဂိုးရခဲ့ပေမယ့် အာဆင်နယ်ကပဲ အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို
တစ်မိနစ်အကြာမှာ ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဂျီဆပ်ဖန်တီးပေးတာကနေ မာတီနယ်လီက အဝေးကန်ချက်နဲ့ အနိမ့်ဘောသွင်းသွားခဲ့တာပါ။ ဒီပွဲမှာ ဂျီဆပ်ဟာ အာဆင်နယ်အတွက် ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ၂ ဂိုး
ဖန်တီးပေးနိုင်ခဲ့ပါတယ်။ တနည်းအားဖြင့် ဂန်းနားတွေအတွက် သွင်းဂိုးအားလုံးမှာ ပါဝင်ပတ်သက်ခဲ့တာပါ။ ဒါတောင် ဟက်ထရစ်ရခွင့်တွေကြုံခဲ့ပေမယ့် ကံခေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ပရိသတ်တွေဟာ
သူတို့ရဲ့တိုက်စစ်မှူးကို အလွန်အကျူးချီးမြှောက်မှုတွေ ဆိုရှယ်မီဒီယာပေါ်မှာ လုပ်လာခဲ့ကြပါတယ်။ ဂျီဆပ်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးပါ ဆိုတာမျိုးတွေ၊ ဘရာဇီးလ်ဂန္ထဝင်ရိုနယ်ဒိုနဲ့ နှိုင်းယှဉ်တာမျိုးတွေ၊ အာဆင်နယ်ရဲ့အရှင်သခင်ဆိုတာမျိုးတွေနဲ့ ချီးမွန်းခန်းဖွင့်နေကြတာပါ။
(zawgyi)