မြူးနစ်ဖြစ်ရပ်ဆိုးအပေါ် စော်ကားတာလားလို့ အီလွန်မက်စ်ကို သရဲနီပရိသတ်တွေ ပေါက်ကွဲနေကြ

ယူနိုက်တက်ပရိသတ်တွေဟာ သူတို့အသင်းကိုဝယ်မယ်ဆိုပြီး ကမ္ဘာသိနောက်ပြောင်သွားတဲ့ အီလွန်မက်စ်ကို မကျေမနပ်ဖြစ်နေကြသလို Tesla နဲ့ Space X ပိုင်ရှင် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးရဲ့ အသုံးအနှုန်းတွေကြောင့်လည်း

ဒေါသထွက်နေကြပါတယ်။ အကြောင်းကတော့ သူတို့အသင်းကို မန်ယူလို့ သုံးသွားလို့ပါ။ ယူနိုက်တက်ကိုဝယ်မယ်ဆိုတာ နောက်ပြောင်မှုတစ်ခုသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းပြီးချိန်မှာ အီလွန်မက်စ်က

“ တစ်ကယ်လို့ တစ်သင်းသင်းကိုဝယ်မယ်ဆိုရင်တော့ မန်ယူပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော် ငယ်ငယ်ကတည်းက အနှစ်သက်ဆုံးအသင်းဖြစ်လို့ပါ ” လို့ ဆက်လက်တွစ်သွားခဲ့ပါတယ်။ တကယ်တော့ ဒါဟာ သူများသွားတာသိလို့

သရဲနီတွေရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးလိုက်တာဖြစ်နိုင်သလို တကယ်နှစ်သက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ခက်တာက အစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်လို့ တွစ်နေရာကနေ နောက်ပိုင်းမှာ မန်ယူလို့ သုံးနှုန်းသွားခဲ့တာပါ။

ဒါဟာ သူတို့အသင်းကို စော်ကားရာရောက်တယ်လို့ ယူနိုက်တက်ပရိသတ်တွေက ယူဆနေကြပါတယ်။ ယူနိုက်တက်ရဲ့နာမည်ကျော် မြူးနစ်လေယာဉ်ပျက်ကျမှု ဖြစ်ရပ်ဆိုးနဲ့ ဆက်စပ်နေတာကြောင့်ပါ။

ပြိုင်ဘက်ကြီး လီဗာပူးလ်နဲ့ လိဒ်ယူနိုက်တက်ပရိသတ်တွေဟာ ဒီဖြစ်ရပ်ကိုရည်ညွှန်းပြီး “ Man U Never Intended Coming Home ” လို့ နောက်ပြောင်ခဲ့ကြဖူးပါတယ်။ ဒီစာမှာ အရှေ့ဆုံးစာလုံးတွေပေါင်းလိုက်ရင် MUNICH ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

သရဲနီပရိသတ်တွေဟာ မြူးနစ်လေယာဉ်ပျက်ကျမှုမှာ အသက်သေဆုံးသွားခဲ့ကြသူတွေအတွက် ဝမ်းနည်းတဲ့အမှတ်တရအနေနဲ့ သူတို့အသင်းကို အတိုကောက်ခေါ်ရင် ယူနိုက်တက်၊ သရဲနီ၊ မန်ယူနိုက်တက် စတဲ့ အသုံးအနှုန်းတွေသာ အသုံးပြုလေ့ရှိပါတယ်။

(zawgyi)

ယူႏိုက္တက္ပရိသတ္ေတြဟာ သူတို႔အသင္းကိုဝယ္မယ္ဆိုၿပီး ကမာၻသိေနာက္ေျပာင္သြားတဲ့ အီလြန္မက္စ္ကို မေက်မနပ္ျဖစ္ေနၾကသလို Tesla နဲ႔ Space X ပိုင္ရွင္ ကမာၻ႔အခ်မ္းသာဆုံးသူေဌးႀကီးရဲ႕ အသုံးအႏႈန္းေတြေၾကာင့္လည္း

ေဒါသထြက္ေနၾကပါတယ္။ အေၾကာင္းကေတာ့ သူတို႔အသင္းကို မန္ယူလို႔ သုံးသြားလို႔ပါ။ ယူႏိုက္တက္ကိုဝယ္မယ္ဆိုတာ ေနာက္ေျပာင္မႈတစ္ခုသာျဖစ္ေၾကာင္း ျပန္လည္ေျဖရွင္းၿပီးခ်ိန္မွာ အီလြန္မက္စ္က

“ တစ္ကယ္လို႔ တစ္သင္းသင္းကိုဝယ္မယ္ဆိုရင္ေတာ့ မန္ယူပဲျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္ ငယ္ငယ္ကတည္းက အႏွစ္သက္ဆုံးအသင္းျဖစ္လို႔ပါ ” လို႔ ဆက္လက္တြစ္သြားခဲ့ပါတယ္။ တကယ္ေတာ့ ဒါဟာ သူမ်ားသြားတာသိလို႔ သရဲနီေတြရဲ႕ဂုဏ္သိကၡာကို

ျပန္ဆယ္ေပးလိုက္တာျဖစ္ႏိုင္သလို တကယ္ႏွစ္သက္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ ခက္တာက အေစာပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္လို႔ တြစ္ေနရာကေန ေနာက္ပိုင္းမွာ မန္ယူလို႔ သုံးႏႈန္းသြားခဲ့တာပါ။ ဒါဟာ သူတို႔အသင္းကို

ေစာ္ကားရာေရာက္တယ္လို႔ ယူႏိုက္တက္ပရိသတ္ေတြက ယူဆေနၾကပါတယ္။ ယူႏိုက္တက္ရဲ႕နာမည္ေက်ာ္ ျမဴးနစ္ေလယာဥ္ပ်က္က်မႈ ျဖစ္ရပ္ဆိုးနဲ႔ ဆက္စပ္ေနတာေၾကာင့္ပါ။ ၿပိဳင္ဘက္ႀကီး လီဗာပူးလ္နဲ႔ လိဒ္ယူႏိုက္တက္ပရိသတ္ေတြဟာ

ဒီျဖစ္ရပ္ကိုရည္ၫႊန္းၿပီး “ Man U Never Intended Coming Home ” လို႔ ေနာက္ေျပာင္ခဲ့ၾကဖူးပါတယ္။ ဒီစာမွာ အေရွ႕ဆုံးစာလုံးေတြေပါင္းလိုက္ရင္ MUNICH ျဖစ္ေနတာ ေတြ႕ရပါလိမ့္မယ္။ သရဲနီပရိသတ္ေတြဟာ

ျမဴးနစ္ေလယာဥ္ပ်က္က်မႈမွာ အသက္ေသဆုံးသြားခဲ့ၾကသူေတြအတြက္ ဝမ္းနည္းတဲ့အမွတ္တရအေနနဲ႔ သူတို႔အသင္းကို အတိုေကာက္ေခၚရင္ ယူႏိုက္တက္၊ သရဲနီ၊ မန္ယူႏိုက္တက္ စတဲ့ အသုံးအႏႈန္းေတြသာ အသုံးျပဳေလ့ရွိပါတယ္။