မြက်နုကို တစ်ရက်ဥလိုက်လို့ ရာထူးကနေ ဖယ်ပေးလိုက်ရတဲ့ နည်းပြတူချယ်

ချဲလ်ဆီးနည်းပြရာထူးကနေ သောမတ်စ်တူချယ် အထုတ်မခံရသေးခင် အတောအတွင်း စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အဝတ်လဲခန်းအတွင်းမှာ လူပြောအများဆုံး အတင်းအဖျင်းစကားလုံးတွေကတော့ ဂျာမန်သားနည်းပြရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေဖြစ်ခဲ့ပါတယ်။

ဇနီးသည်နဲ့ ခွာပြဲပြီးတဲ့နောက်မှာ အသက်ငယ်ငယ် ကောင်မလေးတစ်ယောက်နဲ့တွဲနေတဲ့ တူချယ်ရဲ့သတင်းဟာ ချဲလ်ဆီးအဝတ်လဲခန်းအတွင်းမှာ မွှေးနေခဲ့ပါတယ်။ စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့ သူ့ရဲ့ စရိုက်ပုံစံမျိုးနဲ့ အလွဲလွဲအမှားမှား လုပ်ဆောင်ချက်တွေကြောင့်

ချဲလ်ဆီးအသင်း အဝတ်လဲခန်းအတွင်းမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်ပြီး အတင်းတုပ်ကြတဲ့အဆင့်အထိ ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ တူချယ်ဟာ ၁၃ နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့တဲ့ ဆစ်ဆီနဲ့ ကွာရှင်းပြတ်စဲတော့မယ်လို့

ပြီးခဲ့တဲ့ ဧပြီလမှာ ကြေညာခဲ့ပြီးတဲ့နောက် သူတို့နှစ်ယောက်လုံး ဇာတ်လမ်းဖြတ်လိုက်ပြီဖြစ်တယ်လို့ ရင်းနှီးတဲ့သူငယ်ချင်းတွေက ပြောဆိုခဲ့ကြပြီး ပြန်ပြီးတော့ ရင်ကြားစေ့ပေးနိုင်ဖို့လည်း လမ်းစရှာမရတော့ဘူးလို့ ရင်းနှီးတဲ့အသိုင်းအဝိုင်းက ပြောခဲ့ကြပါတယ်။

ဒါကြောင့် အဲဒီဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ မေလမှာတော့ လန်ဒန်တရားရုံးတော်မှာ တရားဝင် ကွာရှင်းပြတ်စဲခဲ့ကြတာပါ။ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ ဘရာဇီးသူလေး နာတာလီယာမက်စ်နဲ့ တူချယ်တို့ တွဲခုတ်ခဲ့ကြပြီး

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာတော့ ဇိမ်ခံအပျော်စီး လှေတစ်စင်းနဲ့အတူ သူတို့ အဆုံးစွန်အထိ ရွှက်လွှင့်ခဲ့ကြပြီး အပြန်ခရီးမှာလည်း တစ်ည တည်းခိုခ ပေါင် ၂၀၀၀၀ ပေးရတဲ့ သီးသန့်ဘန်ဂလိုတစ်ခုမှာ တစ်ညတာခရီးကို ဆက်ပြီး ရွှက်လွှင့်ခဲ့ကြပါတယ်။

ဒါကြောင့် အသက်ငယ်ငယ်စော်လေးနဲ့ တွဲနေတဲ့ တူချယ်ဟာ အသင်းရဲ့ အရေးပါတဲ့ ပရော်ဖက်ရှင်နယ်ကိစ္စတွေကို ဂရုမစိုက်နိုင်တော့ဘဲ အချစ်သစ်ရဲ့ ကျေးကျွန်တစ်ယောက်အဖြစ် အချိန်တိုင်းလိုလို အခစားဝင်နေလေတော့ ချဲလ်ဆီးကစားသမားတွေအားလုံး နောက်ကွယ်မှာ အတင်းတုပ်ခဲ့ကြပါတယ်။

နောက်ပြီး ဒီအချက်ကပဲ နည်းပြရာထူး ဆုံးရှုံးရတဲ့အထိကို ခရီးရောက်သွားစေခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မြက်နုနဲ့ တစ်ရက်ဥခဲ့တဲ့ တူချယ်တစ်ယောက် စတမ်းဖို့ဒ်ဘရစ်ချ်ကို ကျောခိုင်းခဲ့ရတာဖြစ်တယ်လို့ The Independent သတင်းစာက ရေးသား ဖော်ပြသွားခဲ့ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးနည္းျပရာထူးကေန ေသာမတ္စ္တူခ်ယ္ အထုတ္မခံရေသးခင္ အေတာအတြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ အဝတ္လဲခန္းအတြင္းမွာ လူေျပာအမ်ားဆုံး အတင္းအဖ်င္းစကားလုံးေတြကေတာ့ ဂ်ာမန္သားနည္းျပရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥေတြျဖစ္ခဲ့ပါတယ္။

ဇနီးသည္နဲ႔ ခြာၿပဲၿပီးတဲ့ေနာက္မွာ အသက္ငယ္ငယ္ ေကာင္မေလးတစ္ေယာက္နဲ႔တြဲေနတဲ့ တူခ်ယ္ရဲ႕သတင္းဟာ ခ်ဲလ္ဆီးအဝတ္လဲခန္းအတြင္းမွာ ေမႊးေနခဲ့ပါတယ္။ စိတ္နဲ႔ကိုယ္နဲ႔ မကပ္တဲ့ သူ႔ရဲ႕ စ႐ိုက္ပုံစံမ်ိဳးနဲ႔ အလြဲလြဲအမွားမွား လုပ္ေဆာင္ခ်က္ေတြေၾကာင့္

ခ်ဲလ္ဆီးအသင္း အဝတ္လဲခန္းအတြင္းမွာ သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာကိစၥေတြနဲ႔ပတ္သက္ၿပီး အတင္းတုပ္ၾကတဲ့အဆင့္အထိ ေရာက္လာခဲ့တာပဲျဖစ္ပါတယ္။ တူခ်ယ္ဟာ ၁၃ ႏွစ္ၾကာ လက္ထပ္ေပါင္းသင္းခဲ့တဲ့ ဆစ္ဆီနဲ႔ ကြာရွင္းျပတ္စဲေတာ့မယ္လို႔ ၿပီးခဲ့တဲ့ ဧၿပီလမွာ

ေၾကညာခဲ့ၿပီးတဲ့ေနာက္ သူတို႔ႏွစ္ေယာက္လုံး ဇာတ္လမ္းျဖတ္လိုက္ၿပီျဖစ္တယ္လို႔ ရင္းႏွီးတဲ့သူငယ္ခ်င္းေတြက ေျပာဆိုခဲ့ၾကၿပီး ျပန္ၿပီးေတာ့ ရင္ၾကားေစ့ေပးႏိုင္ဖို႔လည္း လမ္းစရွာမရေတာ့ဘူးလို႔ ရင္းႏွီးတဲ့အသိုင္းအဝိုင္းက ေျပာခဲ့ၾကပါတယ္။

ဒါေၾကာင့္ အဲဒီဇနီးေမာင္ႏွံဟာ ၿပီးခဲ့တဲ့ ေမလမွာေတာ့ လန္ဒန္တရား႐ုံးေတာ္မွာ တရားဝင္ ကြာရွင္းျပတ္စဲခဲ့ၾကတာပါ။ ဒါေပမဲ့ သိပ္မၾကာလိုက္ပါဘူး။ ဘရာဇီးသူေလး နာတာလီယာမက္စ္နဲ႔ တူခ်ယ္တို႔ တြဲခုတ္ခဲ့ၾကၿပီး

ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၈ ရက္ေန႔မွာေတာ့ ဇိမ္ခံအေပ်ာ္စီး ေလွတစ္စင္းနဲ႔အတူ သူတို႔ အဆုံးစြန္အထိ ႐ႊက္လႊင့္ခဲ့ၾကၿပီး အျပန္ခရီးမွာလည္း တစ္ည တည္းခိုခ ေပါင္ ၂၀၀၀၀ ေပးရတဲ့ သီးသန႔္ဘန္ဂလိုတစ္ခုမွာ တစ္ညတာခရီးကို ဆက္ၿပီး ႐ႊက္လႊင့္ခဲ့ၾကပါတယ္။

ဒါေၾကာင့္ အသက္ငယ္ငယ္ေစာ္ေလးနဲ႔ တြဲေနတဲ့ တူခ်ယ္ဟာ အသင္းရဲ႕ အေရးပါတဲ့ ပေရာ္ဖက္ရွင္နယ္ကိစၥေတြကို ဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ အခ်စ္သစ္ရဲ႕ ေက်းကြၽန္တစ္ေယာက္အျဖစ္ အခ်ိန္တိုင္းလိုလို အခစားဝင္ေနေလေတာ့ ခ်ဲလ္ဆီးကစားသမားေတြအားလုံး ေနာက္ကြယ္မွာ အတင္းတုပ္ခဲ့ၾကပါတယ္။

ေနာက္ၿပီး ဒီအခ်က္ကပဲ နည္းျပရာထူး ဆုံးရႈံးရတဲ့အထိကို ခရီးေရာက္သြားေစခဲ့တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ျမက္ႏုနဲ႔ တစ္ရက္ဥခဲ့တဲ့ တူခ်ယ္တစ္ေယာက္ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေက်ာခိုင္းခဲ့ရတာျဖစ္တယ္လို႔ The Independent သတင္းစာက ေရးသား ေဖာ္ျပသြားခဲ့ပါတယ္။