
အာဂျင်တီးနားဝါရင့်တိုက်စစ်မှူးဟောင်းအဂွဲရိုးဟာ ဘောလုံးလောကထဲကို
အံ့အားသင့်စရာကောင်းလောက်အောင် ပြန်လည်ဝင်ရောက်လာမယ့်
အနေအထားရှိနေပြီး သူ့ကို ကလပ်အသင်းတစ်သင်းက ဆက်သွယ်
ထားတယ်လို့ဖွင့်ဟပြောခဲ့ပါတယ်။ အဂွဲရိုးဟာ နှလုံးရောဂါပြဿနာကြောင့်
ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ဘောလုံးသမားဘဝကို အသက်(၃၃)နှစ်အရွယ်မှာပဲ
ရုတ်တရက်အဆုံးသတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးအသင်းနဲ့
လမ်းခွဲပြီး ဘာစီလိုနာကိုအလွတ်နဲ့ပြောင်းရွှေ့ခဲ့တဲ့အဂွဲရိုးဟာ ပြီးခဲ့တဲ့နှစ်၊
အောက်တိုဘာလအတွင်း အလာဗတ်စ်နဲ့ကစားခဲ့တဲ့ပွဲမှာ အသက်ရှူရခက်ခဲ့တဲ့
ပြဿနာနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် ဆေးရုံမှာ စမ်းသပ်စစ်ဆေးမှုတွေ
ပြုလုပ်ခဲ့ပြီးတဲ့နောက် နှလုံးခုန်နှုန်းပုံမှန်မဟုတ်တဲ့ဝေဒနာခံစားနေရတယ်လို့
အဖြေထွက်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ အဂွဲရိုးဟာ ဘောလုံးသမားဘဝကနေ
အနားယူဖို့ဆုံးဖြတ်လိုက်ပြီဆိုတာကို နူးကမ့်ကွင်းမှာ သတင်းစာ
ရှင်းလင်းပွဲပြုလုပ်ပြီးတော့ အတည်ပြုခဲ့ပေမယ့် အခု(၄)လနီးပါးအကြာမှာ
အဂွဲရိုးတစ်ယောက် ဘောလုံးလောကထဲပြန်ဝင်လာဖို့ရှိနေတာဖြစ်ပါတယ်။
TYC Sports မီဒီယာနဲ့အင်တာဗျူးမှာ အဂွဲရိုးက “ဘောလုံးပြန်ကစားဖို့ကိစ္စနဲ့
ပတ်သက်လို့ ကျွန်တော်စဉ်းစားနေပြီဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ်
အင်တာမီယာမီအသင်းက ကျွန်တော့်ကို ဆက်သွယ်ခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။
လာမယ့်(၂)နှစ်အတွင်းမှာတော့ ဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပါ။
ဆရာဝန်တွေက (၅)လ၊ (၆)လလောက် အရမ်းလှုပ်လှုပ်ရှားရှားမနေဖို့
အသိပေးထားပေမယ့် လေ့ကျင့်ခန်းပြန်ဆင်းဖို့ ကျွန်တော်ဆန္ဒရှိနေပါတယ်”လို့
ပြောကြားခဲ့ပါတယ်။ နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်
ပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး
ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီအပါအဝင် ဆွာရက်ဇ်၊ အယ်လ်ဘာနဲ့
ဘူးစကွက်စ်တို့ကိုလည်းခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
zawgyi
ျမက္ခင္းစိမ္းေပၚ တစ္ေက်ာ့ျပန္ ေျခခ်ဖို႔ အစီအစဥ္ရွိေနတဲ့ အဂြဲ႐ိုး
အာဂ်င္တီးနားဝါရင့္တိုက္စစ္မႉးေဟာင္းအဂြဲ႐ိုးဟာ ေဘာလုံးေလာကထဲကို
အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ျပန္လည္ဝင္ေရာက္လာမယ့္
အေနအထားရွိေနၿပီး သူ႔ကို ကလပ္အသင္းတစ္သင္းက ဆက္သြယ္
ထားတယ္လို႔ဖြင့္ဟေျပာခဲ့ပါတယ္။ အဂြဲ႐ိုးဟာ ႏွလုံးေရာဂါျပႆနာေၾကာင့္
ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းက ေဘာလုံးသမားဘဝကို အသက္(၃၃)ႏွစ္အ႐ြယ္မွာပဲ
႐ုတ္တရက္အဆုံးသတ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက မန္စီးတီးအသင္းနဲ႔
လမ္းခြဲၿပီး ဘာစီလိုနာကိုအလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့တဲ့အဂြဲ႐ိုးဟာ ၿပီးခဲ့တဲ့ႏွစ္၊
ေအာက္တိုဘာလအတြင္း အလာဗတ္စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ အသက္ရႉရခက္ခဲ့တဲ့
ျပႆနာနဲ႔ရင္ဆိုင္ခဲ့ရတဲ့အတြက္ ေဆး႐ုံမွာ စမ္းသပ္စစ္ေဆးမႈေတြ
ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ ႏွလုံးခုန္ႏႈန္းပုံမွန္မဟုတ္တဲ့ေဝဒနာခံစားေနရတယ္လို႔
အေျဖထြက္ခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ အဂြဲ႐ိုးဟာ ေဘာလုံးသမားဘဝကေန
အနားယူဖို႔ဆုံးျဖတ္လိုက္ၿပီဆိုတာကို ႏူးကမ့္ကြင္းမွာ သတင္းစာ
ရွင္းလင္းပြဲျပဳလုပ္ၿပီးေတာ့ အတည္ျပဳခဲ့ေပမယ့္ အခု(၄)လနီးပါးအၾကာမွာ
အဂြဲ႐ိုးတစ္ေယာက္ ေဘာလုံးေလာကထဲျပန္ဝင္လာဖို႔ရွိေနတာျဖစ္ပါတယ္။
TYC Sports မီဒီယာနဲ႔အင္တာဗ်ဴးမွာ အဂြဲ႐ိုးက “ေဘာလုံးျပန္ကစားဖို႔ကိစၥနဲ႔
ပတ္သက္လို႔ ကြၽန္ေတာ္စဥ္းစားေနၿပီျဖစ္ပါတယ္။ ေမဂ်ာလိဂ္ကလပ္
အင္တာမီယာမီအသင္းက ကြၽန္ေတာ့္ကို ဆက္သြယ္ခဲ့ေပမယ့္ ျငင္းဆန္ခဲ့ပါတယ္။
လာမယ့္(၂)ႏွစ္အတြင္းမွာေတာ့ ဘယ္လိုျဖစ္မလဲဆိုတာေစာင့္ၾကည့္ရမွာပါ။
ဆရာဝန္ေတြက (၅)လ၊ (၆)လေလာက္ အရမ္းလႈပ္လႈပ္ရွားရွားမေနဖို႔
အသိေပးထားေပမယ့္ ေလ့က်င့္ခန္းျပန္ဆင္းဖို႔ ကြၽန္ေတာ္ဆႏၵရွိေနပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္း ေဒးဗစ္ဘက္ခမ္
ပိုင္ဆိုင္တဲ့ အင္တာမီယာမီအသင္းဟာ လက္ရွိကမာၻ႔အေကာင္းဆုံး
ကစားသမားတစ္ဦးျဖစ္တဲ့ မက္ဆီအပါအဝင္ ဆြာရက္ဇ္၊ အယ္လ္ဘာနဲ႔
ဘူးစကြက္စ္တို႔ကိုလည္းေခၚယူဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။
Leave a Reply