
အာဆင်နယ်အသင်း လူငယ်ကြယ်ပွင့် ဆာကာဟာ အဲဗာတန်နဲ့
ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကွင်းလယ်လူ ဂေးယီရဲ့ လက်ချက်ကြောင့်
မျက်လုံးမှာ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပထမပိုင်း(၁၇)မိနစ်မှာ ဆာကာနဲ့ ဂေးယီတို့ ဘောလုံးယှဉ်လုဖို့
ကြိုးစားရင်းကနေ ဂေးယီရဲ့လက်သန်းဟာ ဆာကာရဲ့ မျက်လုံးထဲကို
ထိုးမိခဲ့တာဖြစ်ပါတယ်။ အရင်ဆုံးမြင်ရတဲ့ မြင်ကွင်းအရ ဒါက
သာမန်ဖြစ်ရပ်လို့ ထင်ရပေမယ့် ရုပ်သံအနှေးပြကွက်တွေအရတော့
တော်တော်လေး ဆိုးရွားတာကို မြင်တွေ့ရမှာပါ။
ဂေးယီရဲ့ လက်ချက်ကြောင့် ဆာကာဟာ မိနစ်အနည်းငယ်ကြာ
ဆေးကုသမှုခံယူခဲ့ရပြီး အရမ်းကြီး မပြင်းထန်တဲ့အတွက်
ပွဲပြီးတဲ့အထိ ဆက်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဗာတန်
ပရိသတ်တွေကတော့ ဆာကာဟာ လိုတာထက် ပိုပြီးဟန်ဆောင်ခဲ့တာလို့
ယူဆတဲ့အတွက် ပွဲချိန်အတွင်းမှာ ဆာကာ ဘောလုံးထိတိုင်း
လှောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။
ဆာကာအနေနဲ့ ကြီးကြီးမားမား ထိခိုက်မှုမရှိဘဲ ပွဲဆက်လက်
ကစားနိုင်ပေမယ့် အာဆင်နယ်တို့ နိုင်ပွဲမရယူနိုင်ဘဲ နောက်ခံလူ
တာကောစကီးရဲ့ ဂိုးကြောင့် အဲဗာတန်အသင်းကို (၁-ဝ)ဂိုးနဲ့
ရှုံးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ စက်တင်ဘာလတုန်းက မန်ချက်စတာ
ယူနိုက်တက်ကို ရှုံးနိမ့်အပြီး (၄)လအကြာမှာ ပရီးမီးယားလိဂ်
ဒုတိယမြောက်ရှုံးပွဲတွေ့ခဲ့တာဖြစ်သလို ဒီနေ့ကစားမယ့်
စပါး-မန်စီးတီးပွဲမှာ မန်စီးတီးအနိုင်ရင်မယ်ဆိုရင် ဒီနှစ်သင်းကြား
အမှတ်ကွာဟမှုက (၂)မှတ်သာရှိတော့မှာပါ။
[Zawgyi]
အာဆင္နယ္အသင္း လူငယ္ၾကယ္ပြင့္ ဆာကာဟာ အဲဗာတန္နဲ႔
ကစားခဲ့တဲ့ပြဲမွာ ၿပိဳင္ဘက္ကြင္းလယ္လူ ေဂးယီရဲ႕ လက္ခ်က္ေၾကာင့္
မ်က္လုံးမွာ ဆိုးဆိုး႐ြား႐ြား ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။
ပထမပိုင္း(၁၇)မိနစ္မွာ ဆာကာနဲ႔ ေဂးယီတို႔ ေဘာလုံးယွဥ္လုဖို႔
ႀကိဳးစားရင္းကေန ေဂးယီရဲ႕လက္သန္းဟာ ဆာကာရဲ႕ မ်က္လုံးထဲကို
ထိုးမိခဲ့တာျဖစ္ပါတယ္။ အရင္ဆုံးျမင္ရတဲ့ ျမင္ကြင္းအရ ဒါက
သာမန္ျဖစ္ရပ္လို႔ ထင္ရေပမယ့္ ႐ုပ္သံအေႏွးျပကြက္ေတြအရေတာ့
ေတာ္ေတာ္ေလး ဆိုး႐ြားတာကို ျမင္ေတြ႕ရမွာပါ။
ေဂးယီရဲ႕ လက္ခ်က္ေၾကာင့္ ဆာကာဟာ မိနစ္အနည္းငယ္ၾကာ
ေဆးကုသမႈခံယူခဲ့ရၿပီး အရမ္းႀကီး မျပင္းထန္တဲ့အတြက္
ပြဲၿပီးတဲ့အထိ ဆက္ကစားႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲဗာတန္
ပရိသတ္ေတြကေတာ့ ဆာကာဟာ လိုတာထက္ ပိုၿပီးဟန္ေဆာင္ခဲ့တာလို႔
ယူဆတဲ့အတြက္ ပြဲခ်ိန္အတြင္းမွာ ဆာကာ ေဘာလုံးထိတိုင္း
ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့ၾကပါတယ္။
ဆာကာအေနနဲ႔ ႀကီးႀကီးမားမား ထိခိုက္မႈမရွိဘဲ ပြဲဆက္လက္
ကစားႏိုင္ေပမယ့္ အာဆင္နယ္တို႔ ႏိုင္ပြဲမရယူႏိုင္ဘဲ ေနာက္ခံလူ
တာေကာစကီးရဲ႕ ဂိုးေၾကာင့္ အဲဗာတန္အသင္းကို (၁-ဝ)ဂိုးနဲ႔
ရႈံးနိမ့္ခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ စက္တင္ဘာလတုန္းက မန္ခ်က္စတာ
ယူႏိုက္တက္ကို ရႈံးနိမ့္အၿပီး (၄)လအၾကာမွာ ပရီးမီးယားလိဂ္
ဒုတိယေျမာက္ရႈံးပြဲေတြ႕ခဲ့တာျဖစ္သလို ဒီေန႔ကစားမယ့္
စပါး-မန္စီးတီးပြဲမွာ မန္စီးတီးအႏိုင္ရင္မယ္ဆိုရင္ ဒီႏွစ္သင္းၾကား
အမွတ္ကြာဟမႈက (၂)မွတ္သာရွိေတာ့မွာပါ။