မဲလ်ဘုန်းကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ မန်ယူအတွက် ဘယ်သူအကောင်းဆုံးဖြစ်ခဲ့လဲ( Player Ratings )

နည်းပြသစ်တန်းဟတ်နဲ့ အနာဂတ်သစ်လျှောက်လမ်းမယ့် မန်ယူအသင်းဟာ ခြေစမ်းပွဲကာလမှာ တားမရဆီးမနိုင်လောက်အောင် ခြေစွမ်းတွေစွတ်ပြနေပါတယ်။

ပြီးခဲ့တဲ့ ဘန်ကောက်ခြေစမ်းပွဲမှာ ပြိုင်ဘက်ကြီးလီဗာပူးလ်ကို ၄-၀ ဂိုးနဲ့တီးခဲ့တဲ့ သရဲနီတွေဟာ သြစတြေးလျမှာလည်း အိမ်ရှင်မဲလ်ဘုန်းဗစ်ထရီကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြန်တာပါ။

တနည်းအားဖြင့် နည်းပြသစ်တန်းဟတ်လက်ထက်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေပါတယ်။ သာမန်ခြေစွမ်းလောက်သာရှိတဲ့ မဲလ်ဘုန်းဟာ ကွင်းလယ်ကစားကွက်မှာ

မန်ယူကို မယှဉ်နိုင်ပေမယ့် ပြိုင်ဘက်နောက်တန်းအားနည်းချက်ကနေ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။ ပထမပိုင်းမှာ မန်ယူ အပိုင်အခွင့်အရေးသိပ်မရပေမယ့် တွမ်မီနေးရဲ့ကန်ချက်

လူထိပြီးလမ်းကြောင်းပြောင်းသွားတာကြောင့် ချေပဂိုးရခဲ့ပါတယ်။ အဲဒီနောက် မာရှယ်က အီလန်ဂါဖန်တီးပေးတာကို အပိုင်ကန်ပြီး ပထမပိုင်းမှာ ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အသင်းလိုက်ကစားကွက် သိပ်အကောင်းကြီးမဟုတ်ပေမယ့် ဖန်တီးမှုကောင်းတာနဲ့ကံကောင်းမှုကြောင့် နောက်ထပ် ၂ ဂိုးရခဲ့ပါတယ်။

မဲလ်ဘုန်းကစားသမားတွေကြားကနေ ဘိုင်လီမျှောပေးလိုက်တဲ့ဘောလုံးက သေသပ်ခဲ့သလို ရက်ရှ်ဖို့ဒ် ကန်တာလည်း တည်ငြိမ်ခဲ့ပါတယ်။ နောက်ဆုံးဂိုးကတော့ တာဟစ်ချောင် ထိုးပေးလိုက်တာကို

ဖျက်ထုတ်ဖို့ကြိုးစားရင်း မဲလ်ဘုန်းနောက်ခံလူ လူပန်ကူ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။ ဒီပွဲမှာ မာရှယ်က ၈/၁၀ နဲ့ မန်ယူအတွက် Ratings အများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

သူ့နောက်မှာ ဆန်ချိုက ၇.၅/၁၀ နဲ့ရပ်တည်နိုင်ခဲ့ပြီး တွမ်မီနေးနဲ့ ဒါလော့က ၇/၁၀၊ အီလန်ဂါနဲ့ ဖာနန်ဒက်စ်က ၆.၅/၁၀၊ ဖရက်ဒ်၊ လုခ်ရှောနဲ့ တွမ်ဟက်တန်တို့က ၆/၁၀ ရှိခဲ့ကြပါတယ်။

Ratings အနည်းဆုံးပွဲထွက်ကစားသမားတွေကတော့ အသင်းခေါင်းဆောင်မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ဖြစ်ပြီး ၅/၁၀ သာရှိခဲ့တာပါ။

(zawgyi)

နည္းျပသစ္တန္းဟတ္နဲ႔ အနာဂတ္သစ္ေလွ်ာက္လမ္းမယ့္ မန္ယူအသင္းဟာ ေျခစမ္းပြဲကာလမွာ တားမရဆီးမႏိုင္ေလာက္ေအာင္ ေျခစြမ္းေတြစြတ္ျပေနပါတယ္။ ၿပီးခဲ့တဲ့ ဘန္ေကာက္ေျခစမ္းပြဲမွာ ၿပိဳင္ဘက္ႀကီးလီဗာပူးလ္ကို ၄-၀ ဂိုးနဲ႔တီးခဲ့တဲ့

သရဲနီေတြဟာ ၾသစေၾတးလ်မွာလည္း အိမ္ရွင္မဲလ္ဘုန္းဗစ္ထရီကို ၄-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ျပန္တာပါ။ တနည္းအားျဖင့္ နည္းျပသစ္တန္းဟတ္လက္ထက္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ေနပါတယ္။

သာမန္ေျခစြမ္းေလာက္သာရွိတဲ့ မဲလ္ဘုန္းဟာ ကြင္းလယ္ကစားကြက္မွာ မန္ယူကို မယွဥ္ႏိုင္ေပမယ့္ ၿပိဳင္ဘက္ေနာက္တန္းအားနည္းခ်က္ကေန ဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ပါေသးတယ္။ ပထမပိုင္းမွာ မန္ယူ အပိုင္အခြင့္အေရးသိပ္မရေပမယ့္

တြမ္မီေနးရဲ႕ကန္ခ်က္ လူထိၿပီးလမ္းေၾကာင္းေျပာင္းသြားတာေၾကာင့္ ေခ်ပဂိုးရခဲ့ပါတယ္။ အဲဒီေနာက္ မာရွယ္က အီလန္ဂါဖန္တီးေပးတာကို အပိုင္ကန္ၿပီး ပထမပိုင္းမွာ ၂-၁ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အသင္းလိုက္ကစားကြက္ သိပ္အေကာင္းႀကီးမဟုတ္ေပမယ့္ ဖန္တီးမႈေကာင္းတာနဲ႔ကံေကာင္းမႈေၾကာင့္ ေနာက္ထပ္ ၂ ဂိုးရခဲ့ပါတယ္။ မဲလ္ဘုန္းကစားသမားေတြၾကားကေန ဘိုင္လီေမွ်ာေပးလိုက္တဲ့ေဘာလုံးက

ေသသပ္ခဲ့သလို ရက္ရွ္ဖို႔ဒ္ ကန္တာလည္း တည္ၿငိမ္ခဲ့ပါတယ္။ ေနာက္ဆုံးဂိုးကေတာ့ တာဟစ္ေခ်ာင္ ထိုးေပးလိုက္တာကို ဖ်က္ထုတ္ဖို႔ႀကိဳးစားရင္း မဲလ္ဘုန္းေနာက္ခံလူ လူပန္ကူ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာပါ။

ဒီပြဲမွာ မာရွယ္က ၈/၁၀ နဲ႔ မန္ယူအတြက္ Ratings အမ်ားဆုံးကစားသမား ျဖစ္ခဲ့ပါတယ္။ သူ႔ေနာက္မွာ ဆန္ခ်ိဳက ၇.၅/၁၀ နဲ႔ရပ္တည္ႏိုင္ခဲ့ၿပီး တြမ္မီေနးနဲ႔ ဒါေလာ့က ၇/၁၀၊ အီလန္ဂါနဲ႔

ဖာနန္ဒက္စ္က ၆.၅/၁၀၊ ဖရက္ဒ္၊ လုခ္ေရွာနဲ႔ တြမ္ဟက္တန္တို႔က ၆/၁၀ ရွိခဲ့ၾကပါတယ္။ Ratings အနည္းဆုံးပြဲထြက္ကစားသမားေတြကေတာ့ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္ျဖစ္ၿပီး ၅/၁၀ သာရွိခဲ့တာပါ။