မော်ရိုကိုအသင်းကို ယုံယုံကြည်ကြည်နဲ့ ပုံအောခဲ့လို့ သန်းကြွယ်သူဌေးဘဝရောက်သွားတဲ့ မူလတန်းကျောင်းဆရာ

အမေရိကန်နိုင်ငံ ကျောင်းဆရာတစ်ဦးဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲကို

မော်ရိုကိုအသင်း တက်ရောက်ခွင့်ရရှိမယ်လို့ လောင်းကြေးထပ်ခဲ့ပြီးတဲ့နောက်
နေ့ချင်းညချင်းဆိုသလို ချက်ချင်းပဲ သန်းကြွယ်သူဌေးဘဝကို ရောက်သွားပါတယ်။

ပြီးခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ကမ္ဘာ့ဖလားချန်ပီယံဟောင်း စပိန်နဲ့ အာဖရိကမှာ
သာမန်အလယ်အလတ်အဆင့်သာရှိတဲ့ မော်ရိုကိုတို့ ဆုံတွေ့ခဲ့ပြီး မော်ရိုကိုအသင်းဟာ
ပယ်နယ်တီအဆုံးအဖြတ်နဲ့ မထင်မှတ်ဘဲအနိုင်ရခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက်
ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

အဲဒီပွဲမှာ စပိန်အသင်းပဲ နောက်တစ်ဆင့်တက်နိုင်မယ်လို့ တစ်ကမ္ဘာလုံးက ပရိတ်တွေ
အားလုံးနီးပါး ကြိုတင်ခန့်မှန်းကြပေမယ့် အမေရိကန်က ကျောင်းဆရာတစ်ဦးကတော့
မော်ရိုကိုဘက်ကနေ လောင်းကြေးထပ်ခဲ့တာဖြစ်ပါတယ်။

အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Action Network က နယူးယော့ခ်မြို့မှာရှိတဲ့
အသက်(၂၀)ကျော် ကျောင်းဆရာတစ်ဦးဟာ မော်ရိုကိုအသင်း ကွာတားဖိုင်နယ်

တက်မယ်ဆိုပြီး အမေရိကန်ဒေါ်လာ (၉၀,၈၁၈) လောင်းကြေးထပ်ခဲ့တယ်လို့
ဖော်ပြခဲ့ပါတယ်။

အဲဒီကျောင်းဆရာဟာ မူလတန်းကျောင်းမှာ ကလေးတွေကို ဘော်လီဘောအားကစားနည်း
သင်ကြားနေတဲ့ ကာယဆရာဖြစ်ပြီး အခု မော်ရိုကိုအသင်း အနိုင်ရသွားတာကြောင့်
လောင်းကြေးအဖြစ် အမေရိကန်ဒေါ်လာ(၁)သန်းကျော်အထိရရှိခဲ့တာဖြစ်ပါတယ်။

[Zawgyi]

အေမရိကန္ႏိုင္ငံ ေက်ာင္းဆရာတစ္ဦးဟာ ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲကို
ေမာ္႐ိုကိုအသင္း တက္ေရာက္ခြင့္ရရွိမယ္လို႔ ေလာင္းေၾကးထပ္ခဲ့ၿပီးတဲ့ေနာက္
ေန႔ခ်င္းညခ်င္းဆိုသလို ခ်က္ခ်င္းပဲ သန္းႂကြယ္သူေဌးဘဝကို ေရာက္သြားပါတယ္။

ၿပီးခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္မွာ ကမာၻ႔ဖလားခ်န္ပီယံေဟာင္း စပိန္နဲ႔ အာဖရိကမွာ
သာမန္အလယ္အလတ္အဆင့္သာရွိတဲ့ ေမာ္႐ိုကိုတို႔ ဆုံေတြ႕ခဲ့ၿပီး ေမာ္႐ိုကိုအသင္းဟာ
ပယ္နယ္တီအဆုံးအျဖတ္နဲ႔ မထင္မွတ္ဘဲအႏိုင္ရခဲ့တာေၾကာင့္ အသင္းသမိုင္းတစ္ေလွ်ာက္

ကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။

အဲဒီပြဲမွာ စပိန္အသင္းပဲ ေနာက္တစ္ဆင့္တက္ႏိုင္မယ္လို႔ တစ္ကမာၻလုံးက ပရိတ္ေတြ

အားလုံးနီးပါး ႀကိဳတင္ခန႔္မွန္းၾကေပမယ့္ အေမရိကန္က ေက်ာင္းဆရာတစ္ဦးကေတာ့
ေမာ္႐ိုကိုဘက္ကေန ေလာင္းေၾကးထပ္ခဲ့တာျဖစ္ပါတယ္။

အားကစားမီဒီယာတစ္ခုျဖစ္တဲ့ Action Network က နယူးေယာ့ခ္ၿမိဳ႕မွာရွိတဲ့
အသက္(၂၀)ေက်ာ္ ေက်ာင္းဆရာတစ္ဦးဟာ ေမာ္႐ိုကိုအသင္း ကြာတားဖိုင္နယ္
တက္မယ္ဆိုၿပီး အေမရိကန္ေဒၚလာ (၉၀,၈၁၈) ေလာင္းေၾကးထပ္ခဲ့တယ္လို႔
ေဖာ္ျပခဲ့ပါတယ္။

အဲဒီေက်ာင္းဆရာဟာ မူလတန္းေက်ာင္းမွာ ကေလးေတြကို ေဘာ္လီေဘာအားကစားနည္း
သင္ၾကားေနတဲ့ ကာယဆရာျဖစ္ၿပီး အခု ေမာ္႐ိုကိုအသင္း အႏိုင္ရသြားတာေၾကာင့္
ေလာင္းေၾကးအျဖစ္ အေမရိကန္ေဒၚလာ(၁)သန္းေက်ာ္အထိရရွိခဲ့တာျဖစ္ပါတယ္။