မော်ရိုကိုနဲ့ပွဲအပြီးမှာ ဝမ်းနည်းတကြီးငိုကြွေးပြီးတော့ ကွင်းထဲက ထွက်သွားခဲ့ရတဲ့ စီရော်နယ်လ်ဒို

ပေါ်တူဂီအသင်း ဝါရင့်ကစားသမားစီရော်နယ်လ်ဒိုဟာ မော်ရိုကိုနဲ့ပွဲမှာ ဂုဏ်ယူစရာကောင်းတဲ့

မှတ်တမ်းတစ်ခု ရယူနိုင်ခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ သူ့အသင်းက ကွာတားဖိုင်နယ်က
ထွက်ခဲ့ရတာကြောင့် စီရော်နယ်လ်ဒိုအတွက် ဝမ်းသာစရာမဖြစ်ခဲ့ပါဘူး။

စီရော်နယ်လ်ဒိုဟာ မော်ရိုကိုနဲ့ပွဲမှာလည်း ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ဒုတိယပိုင်း(၅၁)မိနစ်မှ
ရူဘင်နီးဗတ်စ်အစား လူစားဝင်ကစားခဲ့ပြီး ဒါက သူ့ရဲ့လက်ရွေးစင်ကစားသမား
ဘဝတစ်လျှောက် (၁၉၆)ပွဲမြောက်ဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ဖီဖာရဲ့ သတ်မှတ်ချက်အရ နိုင်ငံတကာပွဲအများဆုံးကစားသမားစာရင်းမှာ
အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ ကူဝိတ်ဝါရင့်တိုက်စစ်မှူးကြီးအယ်လ်မူတာဝါနဲ့အတူ
စီရော်နယ်လ်ဒိုက ပွဲအများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် အရေးပါတဲ့ ချေပဂိုးရအောင်
မစွမ်းဆောင်နိုင်တာကြောင့် (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။
ပွဲအပြီး၊ အဝတ်လဲခန်းထဲသွားတဲ့အချိန်မှာ စီရော်နယ်လ်ဒိုတစ်ယောက် ဘယ်လိုမှ

ဟန်မဆောင်နိုင်တော့ဘဲ ဝမ်းနည်းတကြီး ငိုကြွေးခဲ့ပြီး ဒီမြင်ကွင်းဟာ စီရော်နယ်လ်ကို
ချစ်တဲ့သူတွေရော၊ မုန်းတီးနေတဲ့ပရိသတ်တွေအတွက်ပါ ဝမ်းနည်းစရာကောင်းတဲ့

မြင်ကွင်းလည်း ဖြစ်ခဲ့ရပါတယ်။

ဒ့ါအပြင် စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ (၅)ကြိမ်အတွင်း တတိယနေရာလုပွဲအပါအဝင်

ရှုံးထွက်အဆင့်ပွဲပေါင်း (၈)ပွဲ၊ မိနစ်ပေါင်း (၅၇၀)မိနစ်အထိကစားပြီး ဂိုးပေါက်ကန်သွင်းချက်
(၂၇)ကြိမ်အထိရှိခဲ့ပေမယ့် တစ်ဂိုးမှ မသွင်းနိုင်တာကြောင့် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲတွေမှာ
ဂိုးမသွင်းနိုင်တဲ့မှတ်တမ်းဆိုးနဲ့ အဆုံးသတ်ခဲ့ရပါပြီဖြစ်ပါတယ်။

[Zawgyi]

ေပၚတူဂီအသင္း ဝါရင့္ကစားသမားစီေရာ္နယ္လ္ဒိုဟာ ေမာ္႐ိုကိုနဲ႔ပြဲမွာ ဂုဏ္ယူစရာေကာင္းတဲ့
မွတ္တမ္းတစ္ခု ရယူႏိုင္ခဲ့ေပမယ့္ စိတ္မေကာင္းစြာနဲ႔ပဲ သူ႔အသင္းက ကြာတားဖိုင္နယ္က
ထြက္ခဲ့ရတာေၾကာင့္ စီေရာ္နယ္လ္ဒိုအတြက္ ဝမ္းသာစရာမျဖစ္ခဲ့ပါဘူး။

စီေရာ္နယ္လ္ဒိုဟာ ေမာ္႐ိုကိုနဲ႔ပြဲမွာလည္း ပြဲထြက္ကစားခြင့္မရခဲ့ဘဲ ဒုတိယပိုင္း(၅၁)မိနစ္မွ
႐ူဘင္နီးဗတ္စ္အစား လူစားဝင္ကစားခဲ့ၿပီး ဒါက သူ႔ရဲ႕လက္ေ႐ြးစင္ကစားသမား
ဘဝတစ္ေလွ်ာက္ (၁၉၆)ပြဲေျမာက္ျဖစ္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ဖီဖာရဲ႕ သတ္မွတ္ခ်က္အရ ႏိုင္ငံတကာပြဲအမ်ားဆုံးကစားသမားစာရင္းမွာ
အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကူဝိတ္ဝါရင့္တိုက္စစ္မႉးႀကီးအယ္လ္မူတာဝါနဲ႔အတူ

စီေရာ္နယ္လ္ဒိုက ပြဲအမ်ားဆုံးကစားသမားအျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးရေအာင္

မစြမ္းေဆာင္ႏိုင္တာေၾကာင့္ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ၿပီး ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရၿပီျဖစ္ပါတယ္။
ပြဲအၿပီး၊ အဝတ္လဲခန္းထဲသြားတဲ့အခ်ိန္မွာ စီေရာ္နယ္လ္ဒိုတစ္ေယာက္ ဘယ္လိုမွ

ဟန္မေဆာင္ႏိုင္ေတာ့ဘဲ ဝမ္းနည္းတႀကီး ငိုေႂကြးခဲ့ၿပီး ဒီျမင္ကြင္းဟာ စီေရာ္နယ္လ္ကို
ခ်စ္တဲ့သူေတြေရာ၊ မုန္းတီးေနတဲ့ပရိသတ္ေတြအတြက္ပါ ဝမ္းနည္းစရာေကာင္းတဲ့
ျမင္ကြင္းလည္း ျဖစ္ခဲ့ရပါတယ္။

ဒ့ါအျပင္ စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ (၅)ႀကိမ္အတြင္း တတိယေနရာလုပြဲအပါအဝင္
ရႈံးထြက္အဆင့္ပြဲေပါင္း (၈)ပြဲ၊ မိနစ္ေပါင္း (၅၇၀)မိနစ္အထိကစားၿပီး ဂိုးေပါက္ကန္သြင္းခ်က္
(၂၇)ႀကိမ္အထိရွိခဲ့ေပမယ့္ တစ္ဂိုးမွ မသြင္းႏိုင္တာေၾကာင့္ ကမာၻ႔ဖလားရႈံးထြက္အဆင့္ပြဲေတြမွာ
ဂိုးမသြင္းႏိုင္တဲ့မွတ္တမ္းဆိုးနဲ႔ အဆုံးသတ္ခဲ့ရပါၿပီျဖစ္ပါတယ္။