မော်ရိုကိုနဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်မသုံးခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ဖာနန်ဒိုဆန်းတို့စ် တုံ့ပြန်

ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်က မော်ရိုကိုနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ

အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့
ဆုံးဖြတ်ချက်အပေါ် နောင်တ မရဘူးလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ပွဲထွက်
လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဒါက ယူရို-၂၀၀၈ နောက်ပိုင်း အဓိကပြိုင်ပွဲတစ်ခုရဲ့
ပွဲစဉ်တစ်ပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

မော်ရိုကိုနဲ့ပွဲမှာလည်း ဖာနန်ဒိုဆန်းတို့စ်က စီရော်နယ်လ်ဒိုကို ပွဲထွက်မသုံးဘဲ လူငယ်
တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ဦးစားပေးအသုံးပြုခဲ့ပြီး ဒုတိယပိုင်း(၅၁)မိနစ်မှ လူစားဝင်
ကစားစေခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ မော်ရိုကိုတိုက်စစ်မှူး အန်နက်စရီရဲ့ ခေါင်းတိုက်ဂိုးကြောင့်
(၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်က ထွက်ခဲ့ရသလို ပရိသတ်တွေက စီရော်နယ်လ်ဒိုကို

ပွဲထွက်မသုံးခဲ့တဲ့ ဖာနန်ဒိုဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်နေကြပါတယ်။

ဒါပေမဲ့လည်း ဖာနန်ဒိုဆန်းတို့စ်ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ကာကွယ်ခဲ့ပြီး စီရော်နယ်လ်ဒိုကို

ပွဲထွက်မသုံးခဲ့တဲ့အတွက် နောင်တရနေမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ မော်ရိုကိုနဲ့ပွဲအပြီး
သတင်းစာရှင်းပွဲမှာ ဖာနန်ဒိုဆန်းတို့စ်က “စီရော်နယ်လ်ဒိုကို အရန်ခုံမှာထားခဲ့တဲ့အတွက်
ကျွန်တော် နောင်တရနေမှာ မဟုတ်ပါဘူး။ အခုအချိန်မှ နောင်တရနေလို့လည်း ဘာမှပြောင်းလဲသွားမှာ
မဟုတ်ပါဘူး။

အသင်းအတွက် ဦးစားပေးစဉ်းစားတဲ့နေရာမှာ ကျွန်တော့် နှလုံးသားခံစားချက်ကို ရှေ့တန်းတင်လို့
မဖြစ်ပါဘူး။ ဆွစ်ဇာလန်နဲ့ပွဲတုန်းက ဒီလူစာရင်းနဲ့ ခြေစွမ်းပြကစားခဲ့တာကြောင့် မော်ရိုကိုနဲ့ပွဲမှာ
ကစားသမား အပြောင်းအလဲလုပ်ဖို့ ခက်ပါတယ်။ နည်းဗျူဟာအပေါ် မူတည်ပြီး ပွဲထွက်ကစားသမား

ရွေးချယ်ရတာဖြစ်လို့ ကျွန်တော် ခက်ခဲတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီအသင္းနည္းျပဖာနန္ဒိုဆန္းတို႔စ္က ေမာ္႐ိုကိုနဲ႔ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲမွာ

အသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခဲ့တဲ့
ဆုံးျဖတ္ခ်က္အေပၚ ေနာင္တ မရဘူးလို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ဆြစ္ဇာလန္နဲ႔ကစားခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ပြဲထြက္
လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီး ဒါက ယူ႐ို-၂၀၀၈ ေနာက္ပိုင္း အဓိကၿပိဳင္ပြဲတစ္ခုရဲ႕
ပြဲစဥ္တစ္ပြဲမွာ ပထမဆုံးအႀကိမ္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။

ေမာ္႐ိုကိုနဲ႔ပြဲမွာလည္း ဖာနန္ဒိုဆန္းတို႔စ္က စီေရာ္နယ္လ္ဒိုကို ပြဲထြက္မသုံးဘဲ လူငယ္
တိုက္စစ္မႉး ဂြန္ကာလိုရာမို႔စ္ကို ဦးစားေပးအသုံးျပဳခဲ့ၿပီး ဒုတိယပိုင္း(၅၁)မိနစ္မွ လူစားဝင္
ကစားေစခဲ့ပါတယ္။ ေပၚတူဂီအသင္းဟာ ေမာ္႐ိုကိုတိုက္စစ္မႉး အန္နက္စရီရဲ႕ ေခါင္းတိုက္ဂိုးေၾကာင့္
(၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ၿပီး ကြာတားဖိုင္နယ္က ထြက္ခဲ့ရသလို ပရိသတ္ေတြက စီေရာ္နယ္လ္ဒိုကို

ပြဲထြက္မသုံးခဲ့တဲ့ ဖာနန္ဒိုဆန္းတို႔စ္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ေဝဖန္ေနၾကပါတယ္။

ဒါေပမဲ့လည္း ဖာနန္ဒိုဆန္းတို႔စ္ကေတာ့ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ကာကြယ္ခဲ့ၿပီး စီေရာ္နယ္လ္ဒိုကို

ပြဲထြက္မသုံးခဲ့တဲ့အတြက္ ေနာင္တရေနမွာ မဟုတ္ဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။ ေမာ္႐ိုကိုနဲ႔ပြဲအၿပီး
သတင္းစာရွင္းပြဲမွာ ဖာနန္ဒိုဆန္းတို႔စ္က “စီေရာ္နယ္လ္ဒိုကို အရန္ခုံမွာထားခဲ့တဲ့အတြက္
ကြၽန္ေတာ္ ေနာင္တရေနမွာ မဟုတ္ပါဘူး။ အခုအခ်ိန္မွ ေနာင္တရေနလို႔လည္း ဘာမွေျပာင္းလဲသြားမွာ
မဟုတ္ပါဘူး။

အသင္းအတြက္ ဦးစားေပးစဥ္းစားတဲ့ေနရာမွာ ကြၽန္ေတာ့္ ႏွလုံးသားခံစားခ်က္ကို ေရွ႕တန္းတင္လို႔
မျဖစ္ပါဘူး။ ဆြစ္ဇာလန္နဲ႔ပြဲတုန္းက ဒီလူစာရင္းနဲ႔ ေျခစြမ္းျပကစားခဲ့တာေၾကာင့္ ေမာ္႐ိုကိုနဲ႔ပြဲမွာ
ကစားသမား အေျပာင္းအလဲလုပ္ဖို႔ ခက္ပါတယ္။ နည္းဗ်ဴဟာအေပၚ မူတည္ၿပီး ပြဲထြက္ကစားသမား

ေ႐ြးခ်ယ္ရတာျဖစ္လို႔ ကြၽန္ေတာ္ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ရတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။