မော်ရင်ဟိုဟာ နိုင်ပွဲရဖို့ဆိုရင် ဘာမဆိုလုပ်တတ်တဲ့ ‘ချီးထုပ်’နည်းပြလို့ ဟာရဲရား နောက်ပြောင်

မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကွင်းလယ်လူဟောင်းဟာရဲရားက အသင်းမှာ

လက်တွဲခဲ့ဖူးတဲ့ နည်းပြ(၃)ဦးနဲ့ပတ်သက်ပြီး သူ့အမြင်ကို ဖွင့်ဟပြောဆိုခဲ့သလို
ဗန်ဟားလ်က ဆရာတစ်ဦးနဲ့တူတဲ့နည်းပြ၊ ဆိုးလ်ရှားက ဂန္ထဝင်၊ မော်ရင်ဟိုကိုတော့
နိုင်ပွဲရဖို့ဆိုရင် ဘာမဆိုလုပ်တတ်တဲ့ ‘ချီးထုပ်’နည်းပြဖြစ်တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဟာရဲရားဟာ ၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်ကို
ပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်ကစားသမားဘ၀ (၅)နှစ်တာကာလအတွင်း ဗန်ဟားလ်၊
မော်ရင်ဟို၊ ဆိုးလ်ရှားတို့နဲ့ လက်တွဲခဲ့ပါတယ်။

ဟာရဲရားဟာ ယူနိုက်တက်အသင်းနဲ့အတူ FA ဖလား၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း၊
ယူရိုပါလိဂ်ဖလားတွေ ရယူခဲ့ပြီး နိုင်လိုစိတ်အပြည့်နဲ့ကစားဟန်ကြောင့် ပရိသတ်
အချစ်တော်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့အပြင် ၂၀၁၆-၁၇ ရာသီမှာ ယူနိုက်တက်

(၁)နှစ်တာအကောင်းဆုံးကစားသမား (Sir Matt Busby Player of the Year)ဆုကို
ဆွတ်ခူးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်နဲ့ပြုလုပ်ခဲ့တဲ့ podcast အင်တာဗျူးအစီအစဉ်မှာ
ဟာရဲရားက နည်းပြဟောင်း(၃)ဦးနဲ့ပတ်သက်ပြီး သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း
ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဟာရဲရားက “ဒီနည်းပြ(၃)ဦးဟာ ပုံစံချင်းမတူညီကြပါဘူး။
ကျွန်တော့်အမြင်အရ ဗန်ဟားလ်ဟာ positional game ကစားဟန်ကို ကြိုက်နှစ်သက်တဲ့
နည်းပြဖြစ်ပြီး သူက လူငယ်ကစားသမားတွေအတွက် ဆရာသမားကောင်းတစ်ဦးအဖြစ်

သတ်မှတ်ရမှာဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ သမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြစာရင်းမှာ တစ်ဦးအပါအဝင်

ဖြစ်သလို သူ့လက်ထက်မှာ ကျွန်တော်ဟာ ခံစစ်ကို ဦးစားပေးကစားခဲ့ရပါတယ်။ သူ့ရဲ့
ပထမဆုံးရာသီမှာ ကျွန်တော်တို့အသင်း ကွန်မြူနတီဒိုင်း၊ ယူရိုပါလိဂ်၊ လိဂ်ဖလားစတဲ့
ဆုဖလား(၃)ခုရယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်းရယူနိုင်တာကြောင့် အောင်မြင်တဲ့ရာသီ
တစ်ခုဖြစ်ခဲ့ပါတယ်။

မော်ရင်ဟိုက ကျွန်တော့်လိုပဲ နိုင်ပွဲရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ ‘ချီးထုပ်’အကျင့်
စရိုက်တော့ရှိပါတယ်(ရယ်လျက်) . .ဆိုးလ်ရှားကိုတော့ ယူနိုက်တက်ရဲ့ ဂန္ထဝင်လို့ သတ်မှတ်
ရမှာဖြစ်ပါတယ်။ သူက ဖာဂူဆန်ရဲ့ philosophy တွေကို ယုံကြည်မှုအပြည့်ရှိပြီး ဖာဂူဆန်လို

ပုံစံမျိုး ပြန်ဖြစ်အောင်ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် သိပ်မလွယ်ကူခဲ့ပါဘူး။

ခေတ်ကာလချင်း၊ဘောလုံးကဏ္ဍပိုင်းမှာ ကွာခြားသွားသလို ကစားသမားတွေဟာလည်း

မတူညီတော့တဲ့အတွက် ဆိုးလ်ရှား အခက်အခဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်”လို့
ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ နာမည္ေက်ာ္ကြင္းလယ္လူေဟာင္းဟာရဲရားက အသင္းမွာ
လက္တြဲခဲ့ဖူးတဲ့ နည္းျပ(၃)ဦးနဲ႔ပတ္သက္ၿပီး သူ႔အျမင္ကို ဖြင့္ဟေျပာဆိုခဲ့သလို
ဗန္ဟားလ္က ဆရာတစ္ဦးနဲ႔တူတဲ့နည္းျပ၊ ဆိုးလ္ရွားက ဂႏၴဝင္၊ ေမာ္ရင္ဟိုကိုေတာ့
ႏိုင္ပြဲရဖို႔ဆိုရင္ ဘာမဆိုလုပ္တတ္တဲ့ ‘ခ်ီးထုပ္’နည္းျပျဖစ္တယ္လို႔ ေနာက္ေျပာင္ခဲ့ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟာရဲရားဟာ ၂၀၁၄ ခုႏွစ္မွာ ယူႏိုက္တက္ကို
ေျပာင္းေ႐ႊ႕ခဲ့ၿပီး ယူႏိုက္တက္ကစားသမားဘ၀ (၅)ႏွစ္တာကာလအတြင္း ဗန္ဟားလ္၊
ေမာ္ရင္ဟို၊ ဆိုးလ္ရွားတို႔နဲ႔ လက္တြဲခဲ့ပါတယ္။

ဟာရဲရားဟာ ယူႏိုက္တက္အသင္းနဲ႔အတူ FA ဖလား၊ လိဂ္ဖလား၊ ကြန္ျမဴနတီဒိုင္း၊
ယူ႐ိုပါလိဂ္ဖလားေတြ ရယူခဲ့ၿပီး ႏိုင္လိုစိတ္အျပည့္နဲ႔ကစားဟန္ေၾကာင့္ ပရိသတ္

အခ်စ္ေတာ္ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့အျပင္ ၂၀၁၆-၁၇ ရာသီမွာ ယူႏိုက္တက္
(၁)ႏွစ္တာအေကာင္းဆုံးကစားသမား (Sir Matt Busby Player of the Year)ဆုကို
ဆြတ္ခူးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ယူႏိုက္တက္နဲ႔ျပဳလုပ္ခဲ့တဲ့ podcast အင္တာဗ်ဴးအစီအစဥ္မွာ
ဟာရဲရားက နည္းျပေဟာင္း(၃)ဦးနဲ႔ပတ္သက္ၿပီး သူ႔အျမင္ကို ပြင့္ပြင့္လင္းလင္း
ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဟာရဲရားက “ဒီနည္းျပ(၃)ဦးဟာ ပုံစံခ်င္းမတူညီၾကပါဘူး။
ကြၽန္ေတာ့္အျမင္အရ ဗန္ဟားလ္ဟာ positional game ကစားဟန္ကို ႀကိဳက္ႏွစ္သက္တဲ့

နည္းျပျဖစ္ၿပီး သူက လူငယ္ကစားသမားေတြအတြက္ ဆရာသမားေကာင္းတစ္ဦးအျဖစ္
သတ္မွတ္ရမွာျဖစ္ပါတယ္။

ေမာ္ရင္ဟိုကေတာ့ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးနည္းျပစာရင္းမွာ တစ္ဦးအပါအဝင္
ျဖစ္သလို သူ႔လက္ထက္မွာ ကြၽန္ေတာ္ဟာ ခံစစ္ကို ဦးစားေပးကစားခဲ့ရပါတယ္။ သူ႔ရဲ႕
ပထမဆုံးရာသီမွာ ကြၽန္ေတာ္တို႔အသင္း ကြန္ျမဴနတီဒိုင္း၊ ယူ႐ိုပါလိဂ္၊ လိဂ္ဖလားစတဲ့
ဆုဖလား(၃)ခုရယူခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္လည္းရယူႏိုင္တာေၾကာင့္ ေအာင္ျမင္တဲ့ရာသီ
တစ္ခုျဖစ္ခဲ့ပါတယ္။

ေမာ္ရင္ဟိုက ကြၽန္ေတာ့္လိုပဲ ႏိုင္ပြဲရမယ္ဆိုရင္ ဘာပဲလုပ္ရလုပ္ရဆိုတဲ့ ‘ခ်ီးထုပ္’အက်င့္
စ႐ိုက္ေတာ့ရွိပါတယ္(ရယ္လ်က္) . .ဆိုးလ္ရွားကိုေတာ့ ယူႏိုက္တက္ရဲ႕ ဂႏၴဝင္လို႔ သတ္မွတ္

ရမွာျဖစ္ပါတယ္။ သူက ဖာဂူဆန္ရဲ႕ philosophy ေတြကို ယုံၾကည္မႈအျပည့္ရွိၿပီး ဖာဂူဆန္လို
ပုံစံမ်ိဳး ျပန္ျဖစ္ေအာင္ႀကိဳးစားေဆာင္႐ြက္ခဲ့ေပမယ့္ သိပ္မလြယ္ကူခဲ့ပါဘူး။

ေခတ္ကာလခ်င္း၊ေဘာလုံးက႑ပိုင္းမွာ ကြာျခားသြားသလို ကစားသမားေတြဟာလည္း
မတူညီေတာ့တဲ့အတြက္ ဆိုးလ္ရွား အခက္အခဲနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။