မော်ရင်ဟိုနဲ့ ဆိုးလ်ရှားလက်ထက်မှာ လိုသုံးဖြစ်ပြီး ချောင်ထိုးခံခဲ့ရတယ်လို့ မာရှယ် ဖွင့်ဟလာ

နည်းပြဟောင်းတွေဖြစ်ကြတဲ့ မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့ မန်ယူမှာ ရှိစဉ်အခါ တုန်းက သူ့ကို ချောင်ထိုးထားခဲ့တဲ့အကြောင်းတွေကို တိုက်စစ်မှူး မာရှယ်က ဖွင့်ချလိုက်ပြီဖြစ်ပါတယ်။ ပေါ်တူဂီသားနည်းပြ မန်ယူကို ကိုင်တွယ်တဲ့အချိန် တုန်းက အသင်းကို

အီဘရာဟီမိုဗစ်ချ်ရောက်လာတော့ မာရှယ်ဝတ်နေတဲ့ ဂျာစီနံပါတ်အကို အတင်းတောင်းယူပြီး ဝတ်ဆင်ခဲ့လို့ မပျော်ခဲ့ရတဲ့အကြောင်း မာရှယ်က ဖွင့်ဟပါတယ်။ ‘’ဂျာစီကိစ္စကနေပြီး အစပြုတယ်ပဲ ဆိုပါတော့။ အားလပ်ရက်အပန်းဖြေခရီးမှာ

မော်ရင်ဟိုက ကျွန်တော့်ဆီကို မက်ဆေ့ချ် လှမ်းပို့ပါတယ်။ နံပါတ် ၁၁ ကို ပြောင်းချင်လားပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီနံပါတ်က မန်ယူရဲ့ ဂန္ထဝင် ကစားသမား ရိုင်ယန်ဂစ် ဝတ်ဆင်ကစားသွားခဲ့တဲ့ နံပါတ်ဖြစ်လို့တဲ့လေ။ ကျွန်တော်ဟာ ဂစ်လို ကစားသမားကြီးကို

အရမ်း လေးစားမှုရှိတဲ့အကြောင်း သူ့ကို ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် နံပါတ် ၉ ကိုပဲ ဝတ်ပြီးကစားပါရစေလို့ ပြန်ပြောခဲ့တာပါ။ ကျွန်တော် အသင်းကို ပြန်ရောက်လာတော့ ကျွန်တော့်နံပါတ်က ၁၁ ဖြစ်နေတာ မြင်လိုက်ရတယ်။

ဒီပုံပြင်ရဲ့ အဆုံးသတ်က မကောင်းခဲ့ပါဘူး။ မော်ရင်ဟိုဟာ ကျွန်တော့်ကို လေးစားမှု မရှိခဲ့ပါဘူး’’ လို့ မာရှယ်က ပြင်သစ်သတင်းဟာ Metro နဲ့ အင်တာဗျူး တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ ဆိုးလ်ရှားက အမြဲတမ်း နည်းပြဖြစ်လာပြန်တော့လည်း

သူ့အပေါ် ဂရုမစိုက်တဲ့အကြောင်း မာရှယ်က ဆက်ပြီး ပြောပါတယ်။ ‘’ကျွန်တော်က အမြဲတမ်းလိုလို ဒဏ်ရာရနေခဲ့တာပါ။ လူတွေက အဲဒါကို မသိကြဘူး။ ကိုဗစ်ကပ်ရောဂါဖြစ်ပြီး လေးလလောက်ကြတဲ့နောက် ပိုင်းမှာ ကျွန်တော် အားစိုက်ပြီး မကစားနိုင်ခဲ့ဘူး။

ကျွန်တော့်ကို လိုနေပြီလို နည်းပြကလည်း ပြောခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်ကစားခဲ့ရတယ်။ ကျွန်တော့်ကို ကစားခွင့်ပေးပေမယ့် ကျွန်တော်မှ အားမစိုက်နိုင်ခဲ့တာ။ အဲဒါက ပိုပြီးတော့ ရှုပ်ထွေးလာစေခဲ့တာပေါ့။ ကျွန်တော် မီဒီယာတွေကို ပြောပြဖို့အတွက် နည်းပြက

ဘယ်တုန်းကမှ မပူပန်ခဲ့ဘူး။ ကျွန်တော် ဒဏ်ရာပြဿနာတွေကင်းစင်ပြီး ပြန်ကောင်းလာချိန်မှာတော့ ကျွန်တော် မကစားရတော့ဘူး။ တော်တော်ကို ဆိုးခဲ့တာပါ။ မျှတမှု မရှိခဲ့ဘူး လို့ကို ကျွန်တော်ထင်တယ်။

အသင်းအတွက် ကိုယ့်ကိုယ်ကိုယ် စတေးပေးဖို့ ကျတော့ တောင်းဆိုခံရတယ်။ ဒါပေမဲ့ နောက်ကွယ်မှာကျတော့ ပစ်ထားတယ်။ အဲဒါတွေကို ကျွန်တော်မုန်းတာဗျ’’ လို့ မာရှယ်က ပြောဆိုသွားခဲ့ပါ တယ်။

(zawgyi)

နည္းျပေဟာင္းေတြျဖစ္ၾကတဲ့ ေမာ္ရင္ဟိုနဲ႔ ဆိုးလ္ရွားတို႔ မန္ယူမွာ ရွိစဥ္အခါ တုန္းက သူ႔ကို ေခ်ာင္ထိုးထားခဲ့တဲ့အေၾကာင္းေတြကို တိုက္စစ္မႉး မာရွယ္က ဖြင့္ခ်လိုက္ၿပီျဖစ္ပါတယ္။ ေပၚတူဂီသားနည္းျပ မန္ယူကို ကိုင္တြယ္တဲ့အခ်ိန္ တုန္းက အသင္းကို အီဘရာဟီမိုဗစ္ခ်္ေရာက္လာေတာ့ မာရွယ္ဝတ္ေနတဲ့

ဂ်ာစီနံပါတ္အကို အတင္းေတာင္းယူၿပီး ဝတ္ဆင္ခဲ့လို႔ မေပ်ာ္ခဲ့ရတဲ့အေၾကာင္း မာရွယ္က ဖြင့္ဟပါတယ္။ ‘’ဂ်ာစီကိစၥကေနၿပီး အစျပဳတယ္ပဲ ဆိုပါေတာ့။ အားလပ္ရက္အပန္းေျဖခရီးမွာ ေမာ္ရင္ဟိုက ကြၽန္ေတာ့္ဆီကို မက္ေဆ့ခ်္ လွမ္းပို႔ပါတယ္။ နံပါတ္ ၁၁ ကို ေျပာင္းခ်င္လားေပါ့။ ဘာေၾကာင့္လဲဆိုေတာ့

အဲဒီနံပါတ္က မန္ယူရဲ႕ ဂႏၴဝင္ ကစားသမား ႐ိုင္ယန္ဂစ္ ဝတ္ဆင္ကစားသြားခဲ့တဲ့ နံပါတ္ျဖစ္လို႔တဲ့ေလ။ ကြၽန္ေတာ္ဟာ ဂစ္လို ကစားသမားႀကီးကို အရမ္း ေလးစားမႈရွိတဲ့အေၾကာင္း သူ႔ကို ျပန္ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ နံပါတ္ ၉ ကိုပဲ ဝတ္ၿပီးကစားပါရေစလို႔ ျပန္ေျပာခဲ့တာပါ။ ကြၽန္ေတာ္

အသင္းကို ျပန္ေရာက္လာေတာ့ ကြၽန္ေတာ့္နံပါတ္က ၁၁ ျဖစ္ေနတာ ျမင္လိုက္ရတယ္။ ဒီပုံျပင္ရဲ႕ အဆုံးသတ္က မေကာင္းခဲ့ပါဘူး။ ေမာ္ရင္ဟိုဟာ ကြၽန္ေတာ့္ကို ေလးစားမႈ မရွိခဲ့ပါဘူး’’ လို႔ မာရွယ္က ျပင္သစ္သတင္းဟာ Metro နဲ႔ အင္တာဗ်ဴး တစ္ခုမွာ ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၉ ခုႏွစ္မွာ ဆိုးလ္ရွားက

အၿမဲတမ္း နည္းျပျဖစ္လာျပန္ေတာ့လည္း သူ႔အေပၚ ဂ႐ုမစိုက္တဲ့အေၾကာင္း မာရွယ္က ဆက္ၿပီး ေျပာပါတယ္။ ‘’ကြၽန္ေတာ္က အၿမဲတမ္းလိုလို ဒဏ္ရာရေနခဲ့တာပါ။ လူေတြက အဲဒါကို မသိၾကဘူး။ ကိုဗစ္ကပ္ေရာဂါျဖစ္ၿပီး ေလးလေလာက္ၾကတဲ့ေနာက္ ပိုင္းမွာ ကြၽန္ေတာ္ အားစိုက္ၿပီး

မကစားႏိုင္ခဲ့ဘူး။ ကြၽန္ေတာ့္ကို လိုေနၿပီလို နည္းျပကလည္း ေျပာခဲ့တယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္ကစားခဲ့ရတယ္။ ကြၽန္ေတာ့္ကို ကစားခြင့္ေပးေပမယ့္ ကြၽန္ေတာ္မွ အားမစိုက္ႏိုင္ခဲ့တာ။ အဲဒါက ပိုၿပီးေတာ့ ရႈပ္ေထြးလာေစခဲ့တာေပါ့။ ကြၽန္ေတာ္ မီဒီယာေတြကို

ေျပာျပဖို႔အတြက္ နည္းျပက ဘယ္တုန္းကမွ မပူပန္ခဲ့ဘူး။ ကြၽန္ေတာ္ ဒဏ္ရာျပႆနာေတြကင္းစင္ၿပီး ျပန္ေကာင္းလာခ်ိန္မွာေတာ့ ကြၽန္ေတာ္ မကစားရေတာ့ဘူး။ ေတာ္ေတာ္ကို ဆိုးခဲ့တာပါ။ မွ်တမႈ မရွိခဲ့ဘူး လို႔ကို ကြၽန္ေတာ္ထင္တယ္။

အသင္းအတြက္ ကိုယ့္ကိုယ္ကိုယ္ စေတးေပးဖို႔ က်ေတာ့ ေတာင္းဆိုခံရတယ္။ ဒါေပမဲ့ ေနာက္ကြယ္မွာက်ေတာ့ ပစ္ထားတယ္။ အဲဒါေတြကို ကြၽန္ေတာ္မုန္းတာဗ်’’ လို႔ မာရွယ္က ေျပာဆိုသြားခဲ့ပါ တယ္။