
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဒီရာသီမှာ
ပထမဆုံးဆုဖလားအောင်မြင်မှုအဖြစ် လိဂ်ဖလားချန်ပီယံဆုကို
ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်ကို
(၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် (၆)ကြိမ်မြောက်
လိဂ်ဖလားချန်ပီယံဆု ရယူခဲ့သလို နည်းပြဟောင်းမော်ရင်ဟိုနောက်ပိုင်း
(၆)နှစ်နီးပါး ဖလားလက်မဲ့ဖြစ်နေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့
ပါတယ်။
မော်ရင်ဟိုလက်ထက် ၂၀၁၇ ခုနှစ်မှာ ယူရိုပါလိဂ်ဖလား ရယူခဲ့ပြီးတဲ့နောက်
ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ ယူနိုက်တက်တို့ (၅)နှစ်၊ (၂၇၈)ရက်အကြာမှာတော့
ပထမဆုံးအဖြစ် လိဂ်ဖလားချန်ပီယံဆုရရှိခဲ့ပြီး ၁၉၇၇ ကနေ ၁၉၈၃ ခုနှစ်
အတွင်း ရင်ဆိုင်ခဲ့ရတဲ့ အဆိုးရွားဆုံး ဖလားလက်မဲ့မှတ်တမ်းဆိုးကို ရှောင်လွှဲ
နိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၁၉၇၇ ခုနှစ်မှာ FA ဖလားဆွတ်ခူးပြီးနောက်ပိုင်း
(၆)နှစ်နဲ့ (၅)ရက်ကြာအောင် ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှ FA ဖလား
ပြန်လည်ရရှိခဲ့ပါတယ်။ အဲရစ်တန်ဟက်ကျေးဇူးကြောင့် ယူနိုက်တက်အသင်း
နှစ်ပေါင်း(၄၀)အတွင်း အဆိုးရွားဆုံး ဖလားလက်မဲ့ဖြစ်ရမယ့် အခြေအနေ
ဆိုးကနေ လွတ်မြောက်ခဲ့သလို အဲရစ်တန်ဟက်ဟာ လိဂ်ဖလားချန်ပီယံဆု
ရရှိခဲ့တဲ့ ပထမဆုံးဒတ်ချ်လူမျိုးနည်းပြအဖြစ် စံချိန်ရေးထိုးခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသင်းသမိုင်းမှာ နည်းပြဘဝပထမဆုံးရာသီမှာပဲ
ဆုဖလားအောင်မြင်မှုရယူနိုင်တဲ့ ဒုတိယမြောက်နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့
ပါပြီ။ ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးတွေဖြစ်တဲ့ ဆာမတ်ဘက်စ်ဘီ၊
ဆာအဲလက်စ်ဖာဂူဆန်တို့တောင် သူတို့ရဲ့ ယူနိုက်တက်နည်းပြဘဝပထမဆုံး
ရာသီမှာ ဆုဖလားအောင်မြင်မှု မရယူနိုင်ခဲ့ကြပါဘူး။
ယူနိုက်တက်နည်းပြတွေထဲမှာ ပထမဆုံးရာသီမှာပဲ ဆုဖလားရယူနိုင်ခဲ့တာက
မော်ရင်ဟိုဖြစ်ပြီး ၂၀၁၆-၁၇ ရာသီတုန်းက လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ
ဆွတ်ခူးခဲ့ပါတယ်။ အခု အဲရစ်တန်ဟက်ဟာ မော်ရင်ဟိုနောက်ပိုင်း ယူနိုက်တက်
နည်းပြဘဝပွဲဦးထွက်ရာသီမှာ ဆုဖလားရယူနိုင်တဲ့ နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပြီး
လက်ကျန်ဆုဖလားတွေဖြစ်တဲ့ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ FA ဖလားတွေထဲက
ဘယ်ဖလားကို ရယူပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ . . .
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ဒီရာသီမွာ
ပထမဆုံးဆုဖလားေအာင္ျမင္မႈအျဖစ္ လိဂ္ဖလားခ်န္ပီယံဆုကို
ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ လိဂ္ဖလားဗိုလ္လုပြဲမွာ နယူးကာဆယ္ကို
(၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ (၆)ႀကိမ္ေျမာက္
လိဂ္ဖလားခ်န္ပီယံဆု ရယူခဲ့သလို နည္းျပေဟာင္းေမာ္ရင္ဟိုေနာက္ပိုင္း
(၆)ႏွစ္နီးပါး ဖလားလက္မဲ့ျဖစ္ေနတဲ့ မွတ္တမ္းဆိုးကို အဆုံးသတ္ႏိုင္ခဲ့
ပါတယ္။
ေမာ္ရင္ဟိုလက္ထက္ ၂၀၁၇ ခုႏွစ္မွာ ယူ႐ိုပါလိဂ္ဖလား ရယူခဲ့ၿပီးတဲ့ေနာက္
ဖလားလက္မဲ့ျဖစ္ခဲ့ရတဲ့ ယူႏိုက္တက္တို႔ (၅)ႏွစ္၊ (၂၇၈)ရက္အၾကာမွာေတာ့
ပထမဆုံးအျဖစ္ လိဂ္ဖလားခ်န္ပီယံဆုရရွိခဲ့ၿပီး ၁၉၇၇ ကေန ၁၉၈၃ ခုႏွစ္
အတြင္း ရင္ဆိုင္ခဲ့ရတဲ့ အဆိုး႐ြားဆုံး ဖလားလက္မဲ့မွတ္တမ္းဆိုးကို ေရွာင္လႊဲ
ႏိုင္ခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ၁၉၇၇ ခုႏွစ္မွာ FA ဖလားဆြတ္ခူးၿပီးေနာက္ပိုင္း
(၆)ႏွစ္နဲ႔ (၅)ရက္ၾကာေအာင္ ဖလားလက္မဲ့ျဖစ္ခဲ့ၿပီး ၁၉၈၃ ခုႏွစ္မွ FA ဖလား
ျပန္လည္ရရွိခဲ့ပါတယ္။ အဲရစ္တန္ဟက္ေက်းဇူးေၾကာင့္ ယူႏိုက္တက္အသင္း
ႏွစ္ေပါင္း(၄၀)အတြင္း အဆိုး႐ြားဆုံး ဖလားလက္မဲ့ျဖစ္ရမယ့္ အေျခအေန
ဆိုးကေန လြတ္ေျမာက္ခဲ့သလို အဲရစ္တန္ဟက္ဟာ လိဂ္ဖလားခ်န္ပီယံဆု
ရရွိခဲ့တဲ့ ပထမဆုံးဒတ္ခ်္လူမ်ိဳးနည္းျပအျဖစ္ စံခ်ိန္ေရးထိုးခဲ့ပါတယ္။
ဒါ့အျပင္ ယူႏိုက္တက္အသင္းသမိုင္းမွာ နည္းျပဘဝပထမဆုံးရာသီမွာပဲ
ဆုဖလားေအာင္ျမင္မႈရယူႏိုင္တဲ့ ဒုတိယေျမာက္နည္းျပအျဖစ္ ရပ္တည္ႏိုင္ခဲ့
ပါၿပီ။ ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးေတြျဖစ္တဲ့ ဆာမတ္ဘက္စ္ဘီ၊
ဆာအဲလက္စ္ဖာဂူဆန္တို႔ေတာင္ သူတို႔ရဲ႕ ယူႏိုက္တက္နည္းျပဘဝပထမဆုံး
ရာသီမွာ ဆုဖလားေအာင္ျမင္မႈ မရယူႏိုင္ခဲ့ၾကပါဘူး။
ယူႏိုက္တက္နည္းျပေတြထဲမွာ ပထမဆုံးရာသီမွာပဲ ဆုဖလားရယူႏိုင္ခဲ့တာက
ေမာ္ရင္ဟိုျဖစ္ၿပီး ၂၀၁၆-၁၇ ရာသီတုန္းက လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြ
ဆြတ္ခူးခဲ့ပါတယ္။ အခု အဲရစ္တန္ဟက္ဟာ ေမာ္ရင္ဟိုေနာက္ပိုင္း ယူႏိုက္တက္
နည္းျပဘဝပြဲဦးထြက္ရာသီမွာ ဆုဖလားရယူႏိုင္တဲ့ နည္းျပအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး
လက္က်န္ဆုဖလားေတြျဖစ္တဲ့ ပရီးမီးယားလိဂ္၊ ယူ႐ိုပါလိဂ္၊ FA ဖလားေတြထဲက
ဘယ္ဖလားကို ရယူျပႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .