မော်ရင်ညိုရဲ့ နည်းပြဘဝတစ်လျှောက်မှာ စိတ်ဖိစီးမှုအပေးနိုင်ဆုံးပြိုင်ဘက်က ဘယ်သူမှ မထင်တဲ့အသင်းဖြစ်နေ

ကမ္ဘာ့အကောင်းဆုံးနည်းပြစာရင်းဝင် မော်ရင်ညိုဟာ ဥရောပဘောလုံးလောကမှာ အောင်မြင်မှုတွေအလီလီရခဲ့ပြီးပါပြီ။ သူ့ရဲ့နည်းပြဘဝတစ်လျှောက် အဓိကဆုဖလား ၂၆ လုံးရရှိထားပြီး လက်နဲ့ထိတိုင်း ရွှေဖြစ်တဲ့ခေတ်ကို ပိုင်ဆိုင်နိုင်ခဲ့ဖူးပါတယ်။

စပါယ်ရှယ်ဝမ်းရဲ့နည်းပြဘဝမှာ ဥရောပထိပ်သီးအသင်း အတော်များများနဲ့ ရင်ဆိုင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူ့ကို စိတ်ဖိစီးမှုအပေးနိုင်ဆုံးပြိုင်ဘက်ကို ပေါ်တူဂီသားထုတ်ဖော်ဖွင့်ဟချိန်မှာတော့ အားလုံးအံ့အားသင့်ခဲ့ကြရပါတယ်။

အဲဒီအသင်းက မာတင်အိုနေးလ်ရဲ့ဆဲလ်တစ်ပါ။ ၂၀၀၃ ခုနှစ် ယူအီးအက်ဖ်အေဖလားဗိုလ်လုပွဲမှာ မော်ရင်ညိုရဲ့ပေါ်တိုဟာ ဆဲလ်တစ်နဲ့ရင်ဆိုင်ရခဲ့ပါတယ်။ ဆီဗီးလ်မှာကျင်းပတဲ့ အဲဒီဗိုလ်လုပွဲမှာ ဘရာဇီးလ်တိုက်စစ်မှူးဒါလီရဲ့ ၁၁၅ မိနစ်သွင်းဂိုးကြောင့်

ပေါ်တို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဥရောပဘောလုံးလောကမှာ ၁၆ နှစ်ကြာ ခေါင်းမထူနိုင်ခဲ့တဲ့ အသင်းရဲ့ဖိအားတွေဟာ သူ့အပေါ်စုပြုံကျရောက်နေတာကြောင့် အခက်ခဲဆုံးနဲ့စိတ်လှုပ်ရှားရဆုံးပွဲဖြစ်ခဲ့တယ်လို့ မော်ရင်ညိုကဆိုပါတယ်။

“ ဆဲလ်တစ်နဲ့ဗိုလ်လုပွဲက အကြီးမားဆုံးနိုင်ပွဲ မဟုတ်ပါဘူး။ ပျော်စရာအကောင်းဆုံးပွဲလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ပြင်းထန်မှုကတော့ ကျွန်တော့်ဘဝမှာ အကြီးမားဆုံးပါပဲ။ ပွဲပြီးသွားတော့ အားလုံးပြီးပြီပဲ ကျွန်တော်ထင်ခဲ့တာ။

ဒီပွဲက ကျွန်တော့်ဘဝမှာ အတင်းမာဆုံးပွဲ ဖြစ်နေဆဲပဲ။ ကျွန်တော် ဥရောပဗိုလ်လုပွဲ ၃ ကြိမ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ကြိမ် ရင်ဆိုင်ပြီးပြီ။ ဆုဖလားတွေအများကြီး ရပြီးပြီ။ မယုံနိုင်စရာပွဲတွေလည်း တွေ့ကြုံခဲ့ပြီးပြီ။

ဒါပေမဲ့ တင်းမာမှု၊ ပြင်းထန်မှုနဲ့ စိတ်ခံစားမှုအကန့်အသတ်တွေကြားမှာ နေထိုင်ခဲ့ရတဲ့ ဆဲလ်တစ်နဲ့ပွဲကတော့ မမေ့နိုင်စရာအကောင်းပါပဲ ” လို့ Daily Record နဲ့အင်တာဗျူးမှာ မော်ရင်ညိုက ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

ကမာၻ႔အေကာင္းဆုံးနည္းျပစာရင္းဝင္ ေမာ္ရင္ညိဳဟာ ဥေရာပေဘာလုံးေလာကမွာ ေအာင္ျမင္မႈေတြအလီလီရခဲ့ၿပီးပါၿပီ။ သူ႔ရဲ႕နည္းျပဘဝတစ္ေလွ်ာက္ အဓိကဆုဖလား ၂၆ လုံးရရွိထားၿပီး လက္နဲ႔ထိတိုင္း ေ႐ႊျဖစ္တဲ့ေခတ္ကို ပိုင္ဆိုင္ႏိုင္ခဲ့ဖူးပါတယ္။

စပါယ္ရွယ္ဝမ္းရဲ႕နည္းျပဘဝမွာ ဥေရာပထိပ္သီးအသင္း အေတာ္မ်ားမ်ားနဲ႔ ရင္ဆိုင္ခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ သူ႔ကို စိတ္ဖိစီးမႈအေပးႏိုင္ဆုံးၿပိဳင္ဘက္ကို ေပၚတူဂီသားထုတ္ေဖာ္ဖြင့္ဟခ်ိန္မွာေတာ့ အားလုံးအံ့အားသင့္ခဲ့ၾကရပါတယ္။

အဲဒီအသင္းက မာတင္အိုေနးလ္ရဲ႕ဆဲလ္တစ္ပါ။ ၂၀၀၃ ခုႏွစ္ ယူအီးအက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ေမာ္ရင္ညိဳရဲ႕ေပၚတိုဟာ ဆဲလ္တစ္နဲ႔ရင္ဆိုင္ရခဲ့ပါတယ္။ ဆီဗီးလ္မွာက်င္းပတဲ့ အဲဒီဗိုလ္လုပြဲမွာ ဘရာဇီးလ္တိုက္စစ္မႉးဒါလီရဲ႕ ၁၁၅ မိနစ္သြင္းဂိုးေၾကာင့္

ေပၚတို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ဥေရာပေဘာလုံးေလာကမွာ ၁၆ ႏွစ္ၾကာ ေခါင္းမထူႏိုင္ခဲ့တဲ့ အသင္းရဲ႕ဖိအားေတြဟာ သူ႔အေပၚစုၿပဳံက်ေရာက္ေနတာေၾကာင့္ အခက္ခဲဆုံးနဲ႔စိတ္လႈပ္ရွားရဆုံးပြဲျဖစ္ခဲ့တယ္လို႔ ေမာ္ရင္ညိဳကဆိုပါတယ္။

“ ဆဲလ္တစ္နဲ႔ဗိုလ္လုပြဲက အႀကီးမားဆုံးႏိုင္ပြဲ မဟုတ္ပါဘူး။ ေပ်ာ္စရာအေကာင္းဆုံးပြဲလည္း မဟုတ္ခဲ့ပါဘူး။ ဒါေပမဲ့ ျပင္းထန္မႈကေတာ့ ကြၽန္ေတာ့္ဘဝမွာ အႀကီးမားဆုံးပါပဲ။ ပြဲၿပီးသြားေတာ့ အားလုံးၿပီးၿပီပဲ ကြၽန္ေတာ္ထင္ခဲ့တာ။

ဒီပြဲက ကြၽန္ေတာ့္ဘဝမွာ အတင္းမာဆုံးပြဲ ျဖစ္ေနဆဲပဲ။ ကြၽန္ေတာ္ ဥေရာပဗိုလ္လုပြဲ ၃ ႀကိမ္၊ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၂ ႀကိမ္ ရင္ဆိုင္ၿပီးၿပီ။ ဆုဖလားေတြအမ်ားႀကီး ရၿပီးၿပီ။ မယုံႏိုင္စရာပြဲေတြလည္း ေတြ႕ႀကဳံခဲ့ၿပီးၿပီ။

ဒါေပမဲ့ တင္းမာမႈ၊ ျပင္းထန္မႈနဲ႔ စိတ္ခံစားမႈအကန႔္အသတ္ေတြၾကားမွာ ေနထိုင္ခဲ့ရတဲ့ ဆဲလ္တစ္နဲ႔ပြဲကေတာ့ မေမ့ႏိုင္စရာအေကာင္းပါပဲ ” လို႔ Daily Record နဲ႔အင္တာဗ်ဴးမွာ ေမာ္ရင္ညိဳက ဖြင့္ဟသြားခဲ့ပါတယ္။