မော်ရင်ညိုရဲ့အကြီးစားပရိသတ် ဂရေဟမ်ပေါ်တာက မော်ရင်ညိုလက်ကွက်တွေ စတင်ခင်းကျင်းလာ

ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာဟာ မော်ရင်ညိုကိုလေးစားအားကျတဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်း Mirror သတင်းစာက ဖေါ်ပြလာပါတယ်။ ရီးရဲလ်ကို စပါယ်ရှယ်ဝမ်း တာဝန်ယူစဉ်တုန်းက ပေါ်တူဂီသားရဲ့စီမံခန့်ခွဲမှုတွေကို

လေ့လာခွင့်ရခဲ့သလို လက်ရှိရိုးမားနည်းပြအပေါ် လေးစားအားကျသူလို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဘရိုက်တန်နည်းပြဟောင်းဟာ မော်ရင်ညိုလိုပဲ အသင်းအပေါ်ထဲထဲဝင်ဝင် သြဇာလွှမ်းမိုးနိုင်လိမ့်မယ်လို့လည်း ဖေါ်ပြထားပါတယ်။

ပထမဆုံး ဦးဆောင်လာတာက ဒါရိုက်တာရှာဖွေရေးပါ။ ဂရေဟမ်ပေါ်တာဟာ ချဲလ်ဆီးရဲ့နည်းပြချုပ်အဖြစ် ခန့်အပ်ခံရတဲ့နောက် အသင်းအတွက် အားကစားဒါရိုက်တာတစ်ဦး ဦးဆောင်ရှာဖွေတော့မယ်လို့ သိရပါတယ်။

တကယ်တော့ ဒီနေရာအတွက် အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ကတည်းက ချဲလ်ဆီးကြိုးစားနေတာပါ။ ပိုင်ရှင်သစ်တော့ဒ်ဘိုလေက အရည်အသွေးမြင့်မားသူတစ်ယောက် လိုချင်နေပြီး အကောင်အထည် မဖေါ်နိုင်သေးတာဖြစ်ပါတယ်။

ဒါပေမဲ့ ပေါ်တာရောက်လာတာကြောင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်ခဏမနားခင် ဖြည့်ဆီးနိုင်ဖွယ်ရှိနေပါတယ်။ ပေါ်တာဟာ ဘရိုက်တန်မှာတုန်းကလည်း အလားတူကဏ္ဍမျိုးကို တာဝန်ယူခဲ့ရပြီး ဘယ်သူ့ကိုခန့်အပ်မယ်ဆိုတဲ့အကြောင်း

ထုတ်ပြောလိမ့်မယ်လို့ ရေးသားထားပါတယ်။ တစ်ချို့ကတော့ တူချယ်ကို ထုတ်ပယ်ပြီး ၂၄ နာရီကျော်ရုံလေးမှာတင် ပေါ်တာကို နည်းပြသစ်ခန့်အပ်ခဲ့တာဟာ တော့ဒ်ဘိုလီနဲ့ ဘရိုက်တန်နည်းပြဟောင်းကြားမှာ အစောပိုင်းကတည်းက အဆက်အသွယ်ရှိခဲ့တာကြောင့်လို့ သုံးသပ်နေကြပါတယ်။

(zawgyi)

ခ်ဲလ္ဆီးနည္းျပသစ္ ဂေရဟမ္ေပၚတာဟာ ေမာ္ရင္ညိဳကိုေလးစားအားက်တဲ့ အမာခံပရိသတ္တစ္ဦးျဖစ္ေၾကာင္း Mirror သတင္းစာက ေဖၚျပလာပါတယ္။ ရီးရဲလ္ကို စပါယ္ရွယ္ဝမ္း တာဝန္ယူစဥ္တုန္းက

ေပၚတူဂီသားရဲ႕စီမံခန႔္ခြဲမႈေတြကို ေလ့လာခြင့္ရခဲ့သလို လက္ရွိ႐ိုးမားနည္းျပအေပၚ ေလးစားအားက်သူလို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ ဘ႐ိုက္တန္နည္းျပေဟာင္းဟာ ေမာ္ရင္ညိဳလိုပဲ

အသင္းအေပၚထဲထဲဝင္ဝင္ ၾသဇာလႊမ္းမိုးႏိုင္လိမ့္မယ္လို႔လည္း ေဖၚျပထားပါတယ္။ ပထမဆုံး ဦးေဆာင္လာတာက ဒါ႐ိုက္တာရွာေဖြေရးပါ။ ဂေရဟမ္ေပၚတာဟာ ခ်ဲလ္ဆီးရဲ႕နည္းျပခ်ဳပ္အျဖစ္ ခန႔္အပ္ခံရတဲ့ေနာက္

အသင္းအတြက္ အားကစားဒါ႐ိုက္တာတစ္ဦး ဦးေဆာင္ရွာေဖြေတာ့မယ္လို႔ သိရပါတယ္။ တကယ္ေတာ့ ဒီေနရာအတြက္ အသင္းပိုင္ရွင္ အေျပာင္းအလဲျဖစ္ကတည္းက ခ်ဲလ္ဆီးႀကိဳးစားေနတာပါ။

ပိုင္ရွင္သစ္ေတာ့ဒ္ဘိုေလက အရည္အေသြးျမင့္မားသူတစ္ေယာက္ လိုခ်င္ေနၿပီး အေကာင္အထည္ မေဖၚႏိုင္ေသးတာျဖစ္ပါတယ္။ ဒါေပမဲ့ ေပၚတာေရာက္လာတာေၾကာင့္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္

ပရီးမီးယားလိဂ္ခဏမနားခင္ ျဖည့္ဆီးႏိုင္ဖြယ္ရွိေနပါတယ္။ ေပၚတာဟာ ဘ႐ိုက္တန္မွာတုန္းကလည္း အလားတူက႑မ်ိဳးကို တာဝန္ယူခဲ့ရၿပီး ဘယ္သူ႔ကိုခန႔္အပ္မယ္ဆိုတဲ့အေၾကာင္း ထုတ္ေျပာလိမ့္မယ္လို႔ ေရးသားထားပါတယ္။

တစ္ခ်ိဳ႕ကေတာ့ တူခ်ယ္ကို ထုတ္ပယ္ၿပီး ၂၄ နာရီေက်ာ္႐ုံေလးမွာတင္ ေပၚတာကို နည္းျပသစ္ခန႔္အပ္ခဲ့တာဟာ ေတာ့ဒ္ဘိုလီနဲ႔ ဘ႐ိုက္တန္နည္းျပေဟာင္းၾကားမွာ အေစာပိုင္းကတည္းက အဆက္အသြယ္ရွိခဲ့တာေၾကာင့္လို႔ သုံးသပ္ေနၾကပါတယ္။