မော်ရင်ညိုပြောပြတဲ့ သူ့ရဲ့တက်တူးအကြောင်း ..

ဟိုဆေးမော်ရင်ညိုဟာ သူ့ရဲ့အောင်မြင်မှုတွေအကြောင်း ကမ္ဘာကိုအသိပေးဖို့ အမြဲတမ်းစိတ်ထက်သန်လေ့ရှိပါတယ်။ ဥရောပဖလား ၅ ဆုရှင်ဆိုတော့လည်း ဘယ်သူက

သူ့ကို အပြစ်တင်နိုင်မှာလဲ။ စပါယ်ရှယ်ဝမ်းရဲ့နောက်ဆုံးအောင်မြင်မှုက ရိုးမားကို ယူရိုပါကွန်ဖရင့်လိဂ်ဖလား ရယူပေးခဲ့တာပါ။ တနည်းအားဖြင့် သူ့ရဲ့ဆုဖလားမှတ်တမ်းထဲကို

ယူရိုပါလိဂ်၊ချန်ပီယံလိဂ်ဖလားတို့နဲ့အတူ ပေါင်းထည့်နိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ ပေါ်တို၊ မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန်တို့နဲ့အတူ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ဖလားတွေ ရရှိခဲ့တာပါ။

ဒီအောင်မြင်မှုတွေကို တက်တူးအဖြစ် ညာဘက်လက်မောင်းမှာ သူပုံဖော်ခဲ့သလို ပရိသတ်တွေကိုလည်း အင်စတာဂရမ်ကနေ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် “ ဒါက ကျွန်တော့်ရဲ့တက်တူးပါပဲ။

ရောမတွေရဲ့ပျော်ရွှင်မှုက ကျွန်တော့်ကို ဒီလိုလုပ်ဖို့တွန်းအားပေးခဲ့ပါတယ်။ အဲဒီနောက် ထူးထူးခြားခြားတစ်ခုကို ကျွန်တော်တွေးမိတယ်။

အဲဒါက ဥရောပပြိုင်ပွဲတွေမှာ ကျွန်တော်နဲ့အတူအောင်မြင်ခဲ့တဲ့ အသင်းအားလုံးကိုဂုဏ်ပြုဖို့ပါပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ဟာ ထူးခြားတဲ့တက်တူးတစ်ခုလိုချင်ခဲ့တယ်။

အခုထိတော့ ကျွန်တော်ဟာ ဒီလိုတက်တူးကိုပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသူပေါ့။ ဒါက ကျွန်တော့်တက်တူးပါ ” လို့လည်း ရှင်းပြထားပါတယ်။ မော်ရင်ညိုဟာ ပေါ်တိုနဲ့အတူ ၂၀၀၃ မှာ ယူရိုပါလိဂ်၊

၂၀၀၄ မှာ ချန်ပီယံလိဂ်ဖလားရခဲ့ပြီး ၂၀၁၀ မှာ အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ်ဖလားထပ်ရခဲ့ပါတယ်။ ၂၀၁၇ မှာတော့ မန်ယူနဲ့အတူ ယူရိုပါလိဂ်ဖလားထပ်ရခဲ့ပြီး

၂၀၂၂ မှာ ရိုးမားနဲ့အောင်မြင်မှုကြောင့် ယူအီးအက်ဖ်အေရဲ့ပြိုင်ပွဲ ၃ ရပ်လုံးမှာဗိုလ်စွဲတဲ့ တစ်ဦတည်းသောနည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

(zawgyi)

ဟိုေဆးေမာ္ရင္ညိဳဟာ သူ႔ရဲ႕ေအာင္ျမင္မႈေတြအေၾကာင္း ကမာၻကိုအသိေပးဖို႔ အၿမဲတမ္းစိတ္ထက္သန္ေလ့ရွိပါတယ္။ ဥေရာပဖလား ၅ ဆုရွင္ဆိုေတာ့လည္း ဘယ္သူက သူ႔ကို အျပစ္တင္ႏိုင္မွာလဲ။

စပါယ္ရွယ္ဝမ္းရဲ႕ေနာက္ဆုံးေအာင္ျမင္မႈက ႐ိုးမားကို ယူ႐ိုပါကြန္ဖရင့္လိဂ္ဖလား ရယူေပးခဲ့တာပါ။ တနည္းအားျဖင့္ သူ႔ရဲ႕ဆုဖလားမွတ္တမ္းထဲကို ယူ႐ိုပါလိဂ္၊ခ်န္ပီယံလိဂ္ဖလားတို႔နဲ႔အတူ ေပါင္းထည့္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီသားဟာ ေပၚတို၊ မန္ခ်က္စတာယူႏိုက္တက္၊ အင္တာမီလန္တို႔နဲ႔အတူ ခ်န္ပီယံလိဂ္နဲ႔ယူ႐ိုပါလိဂ္ဖလားေတြ ရရွိခဲ့တာပါ။ ဒီေအာင္ျမင္မႈေတြကို တက္တူးအျဖစ္ ညာဘက္လက္ေမာင္းမွာ သူပုံေဖာ္ခဲ့သလို

ပရိသတ္ေတြကိုလည္း အင္စတာဂရမ္ကေန အသိေပးခဲ့ပါတယ္။ ဒါ့အျပင္ “ ဒါက ကြၽန္ေတာ့္ရဲ႕တက္တူးပါပဲ။ ေရာမေတြရဲ႕ေပ်ာ္႐ႊင္မႈက ကြၽန္ေတာ့္ကို ဒီလိုလုပ္ဖို႔တြန္းအားေပးခဲ့ပါတယ္။

အဲဒီေနာက္ ထူးထူးျခားျခားတစ္ခုကို ကြၽန္ေတာ္ေတြးမိတယ္။ အဲဒါက ဥေရာပၿပိဳင္ပြဲေတြမွာ ကြၽန္ေတာ္နဲ႔အတူေအာင္ျမင္ခဲ့တဲ့ အသင္းအားလုံးကိုဂုဏ္ျပဳဖို႔ပါပဲ။ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္ဟာ

ထူးျခားတဲ့တက္တူးတစ္ခုလိုခ်င္ခဲ့တယ္။ အခုထိေတာ့ ကြၽန္ေတာ္ဟာ ဒီလိုတက္တူးကိုပိုင္ဆိုင္တဲ့ တစ္ဦးတည္းေသာသူေပါ့။ ဒါက ကြၽန္ေတာ့္တက္တူးပါ ” လို႔လည္း ရွင္းျပထားပါတယ္။

ေမာ္ရင္ညိဳဟာ ေပၚတိုနဲ႔အတူ ၂၀၀၃ မွာ ယူ႐ိုပါလိဂ္၊ ၂၀၀၄ မွာ ခ်န္ပီယံလိဂ္ဖလားရခဲ့ၿပီး ၂၀၁၀ မွာ အင္တာမီလန္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားထပ္ရခဲ့ပါတယ္။ ၂၀၁၇ မွာေတာ့ မန္ယူနဲ႔အတူ

ယူ႐ိုပါလိဂ္ဖလားထပ္ရခဲ့ၿပီး ၂၀၂၂ မွာ ႐ိုးမားနဲ႔ေအာင္ျမင္မႈေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ၿပိဳင္ပြဲ ၃ ရပ္လုံးမွာဗိုလ္စြဲတဲ့ တစ္ဦတည္းေသာနည္းျပအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာပါ။